Header Ads

အင်တာနက်မှာ နာမည်ကြီးနေတဲ့ ဖိလစ်ပိုင် မင်းသမီးစုံတွဲ


★ ★ ★ ★ ★ ★ ★ ★
အင်တာနက်မှာ လူတွေရဲ့ အာရုံစိုက် ခံနေရတဲ့ ဖိလစ်ပိုင် မင်းသမီး Mahal ကတော့ ချစ်သူ အသစ်ရခဲ့ပီး ဝေဖန်မှုတွေကို သူတို့ နှစ်ယောက်လုံး လစ်လျူ ရှုခဲ့ပါတယ်…

 Mahal (Noemi Tesorero) ဟာ ဖိလစ်ပိုင် မင်းသမီး တစ်ယောက် ဖြစ်ကာ 1991 ခုနှစ်မှာ ( Anak ni Janice) အဖြစ်၊ 1997 ခုနှစ်မှာ (Kokey)အဖြစ်နဲ့ 2012 ခုနှစ်မှာ Id’Nal (Mapusok) အဖြစ် သူမကို လူသိများ လာခဲ့ပါတယ်။

သူမရဲ့ အရပ်က ၃ပေသာ ရှိပေမယ်လည်း သူမရဲ့ အချစ်ရေးကတော့ အဆင်ပြေ နေပါတယ်။ သူမကို မွေးဖွားစဉ်ကတည်းက ခန္ဓာကိုယ် ချို့ယွင်းမှု ရှိခဲ့ပေမယ့် မိသားစုဝင်နဲ့ သူငယ်ချင်းတွေ အားလုံးက သူမကို ချစ်ခင်ကြပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူမနဲ့ သူမရဲ့ ချစ်သူကောင်လေး ဆိုပြီး အင်တာနက်မှာ ပလူပျံနေတဲ့ ဓာတ်ပုံတွေဟာ လူအားလုံးရဲ့ စိတ်ဝင်စားစရာ သတင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ သူတို့ အတူတကွ ရှိနေတဲ့ ဗီဒီယိုတွေကိုလည်း တင်ခဲ့တယ်လို့ သိရှိရပါတယ်။

ကောင်လေးကတော့ သူမရဲ့ ပထမဆုံး အချစ်ဦး မဟုတ်ပါဘူး။ အရင်တုန်းကလည်း သူမ ရည်စား တစ်ယောက် ထားခဲ့တုန်းက နာမည်ကြီး ခဲ့ပါသေးတယ်။ အခု အသက်၂၅ နှစ် ရှိပီဖြစ်တဲ့ Jobbie Palmones Hebrio နဲ့ Quezon ခန်းမမှာ လက်ထပ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

သူမရဲ့ အိမ်ထောင်ရေး လမ်းကြောင်းက အလွန် သာယာနေခဲ့ပါတယ်။ ဘေးက မနာလိုတဲ့ ကြားစကားတွေ ရှိခဲ့ပေမယ့်လည်း သူမကတော့ ဘာခံစားချက်မှ မရှိပါဘူးတဲ့။

သူမရဲ့ ချို့ယွင်းချက်ရှိတဲ့ ဘဝမှာ ဘယ်သူ့အပေါ်မှ အမုန်းမပွားဘဲ စိတ်ချမ်းသာစွာပဲ နေသွားမယ်လို့ သူမကဆိုပါတယ်။


source:boompanot
@Loveshortnotes

No comments

Powered by Blogger.