ရွှေထူးရဲ့ မလှပခဲ့သော ဘဝစာမျက်နှာများ
★ ★ ★ ★ ★ ★ ★ ★
အောင်မြင်မှု နောက်ကွယ်က လူတွေ မသိသေးတဲ့ ရွှေထူးရဲ့ မလှပတဲ့ ဘဝစာမျက်နှာများ…
သီချင်းဆိုတာက 2007/ 2008 ခုလောက်တည်းက စပီး ဆိုခဲ့တယ်။ အဲ့ဒီတုန်းက ကလေးဘဝ ဆိုတော့ သီချင်းနဲ့ ပတ်သက်ပြီး ဘာမှလည်း မသိသေးဘူး။ ကိုယ် ဖြစ်ချင်တာပဲ သိတယ်။
ကိုယ်က ဒါကို ဝါသနာ ပါလာပြီ။ အသိုင်းဝိုင်းလည်း မရှိဘူး။ လက်တွဲခေါ်မယ့် သူလည်း မရှိဘူး။ ပိုက်ဆံလည်း မရှိဘူး။ ဒါပေမယ့် ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။
Studio တခါ သွားဖို့အရေး မုန့်ဖိုး လှည့်ပတ် တောင်းတယ်။ အဓိပတိ အနီစီးလိုက် အဝါစီးလိုက် လှိုင်သာယာ ရိုးကြီးရိုးလေး သွားတဲ့ ဒိုင်နာကအစ ကျွန်တော် တွယ်စီးဖူးတယ်။ ဘတ်စ်ကားက အစ ကျွန်တော် စီးဖူးတယ်။
ကျတော် တွေ့ကြုံခဲ့ရတဲ့ ဘဝတွေက အများကြီး။ ဘတ်စ်ကား မစီးနိုင်လို့ လမ်းလျှောက်ရတဲ့ နေ့တွေလည်း ရှိခဲ့တယ်။ လှည်းတန်းကနေ 8 မိုင်ထိ လမ်းလျှောက်ပြီး သီချင်း သွားလုပ်ရတဲ့ နေ့တွေလည်းရှိတယ်။
ပြည်လမ်းတလျှောက်ကို လမ်းလျှောက်ပြီးတော့ ကျွန်တော် သီချင်း လုပ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိတယ်ပေါ့။ အဆိုတော် ဖြစ်ဖို့ ဆိုတာက အိမ်မက်ပဲလေ။
1000 မှာ တစ်ယောက် မဖြစ်နိုင်ဘူး။10000 မှာ တစ်ယောက် မဖြစ်နိုင်ဘူး။ အဲ့တော့ အိမ်မက်တခု အပေါ်မှာ လမ်းလျှောက်ရတဲ့ ကိစ္စက အရမ်းကို ခက်ခဲပါတယ်။
ကျနော် ခုချိန်ထိ ကျနော့်ကိုယ်ကျနော် သတ်မှတ်ထားတဲ့ စကားစုလေး တစ်ခုရှိတယ်။ ကျနော် အောင်မြင်ဖို့ မကြိုးစားဘူး။ ဘောင်ဝင်ဖို့ပဲ ကြိုးစားတယ်။ ကျနော့်ကိုယ် ကျနော် ဘောင်လေးပဲ ဝင်ချင်တယ်။
အောင်မြင်အောင် ကြိုက်တဲ့ပုံစံနဲ့ လုပ်လို့ရတယ်။ ဥပမာ- ငွေနဲ့ပဲဖြစ်ဖြစ် အကန့်တွေနဲ့ လုပ်လို့ရတယ်။ အများကြီးနဲ့ လုပ်လို့ရတယ်။ ဒါပေမယ့် အားလုံးက သတ်မှတ်ထားတဲ့ ဘောင်ထဲက လူတစ်ယောက် ဖြစ်ဖို့ကတော့ အရမ်းခက်ခဲတယ်။
အဲ့တော့ ကျနော်က အောင်မြင်ဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူး။ ဝါသနာပါတဲ့ဟာကို တစိုက်မတ်မတ် လုပ်လာခဲ့တယ်။ ကြားထဲမှာ အတိုက်အခိုက်တွေ အခက်အခဲတွေ အများကြီးကြုံတယ်။ အဓိက ကျနော့်ကို နှိမ်ကျတာကတော့ ကျနော့်ပညာရေး ဆယ်တန်း မအောင်ဘူး။ ကျနော့် ဦးလေးက ကျနော့်ကို ဆုံးမဖူးတယ်။
ဆယ်တန်းလေးတော့ ပြန်ဖြေလိုက်။ နောင်တဆိုတာ နောင်မှရတာ ငါ့တူတဲ့။ အဲ့ချိန် ကျနော်က ဆယ်တန်း မအောင်လည်း ဘာမှမဖြစ်ဘူး။ အေးဆေးပဲ ဆိုတဲ့ ပုံစံမျိုး စိတ်ကဝင်တယ်။
ပြီးတော့ ကျတော်က ဆိုးလည်း ဆိုးတော့ ခုချိန်မှ ကျနော်သိတာ နောင်တဆိုတာ နောင်မှရတာ။ ကျနော့်ဘဝမှာ အနှိမ်ခံခဲ့ရတာ အဓိကကတော့ ပညာရေး ဆယ်တန်းမအောင်တဲ့ ကိစ္စကတော့ လူတိုင်း နှိမ်စရာ ကိစ္စတခုလို ဖြစ်နေတယ်။
ဒါပေမယ့် ကျနော် နိုးပါ။ ကျနော် ဂရုမစိုက်ဘူး။ ခုချိန်မှာ ကျနော် ကျေနပ်တာ တစ်ခုက အနုပညာ အလုပ်နဲ့ ကျနော် ဝါသနာပါတဲ့ အလုပ်နဲ့ ဆန္ဒနဲ့ဘဝ ထပ်တူ ကျတာပေါ့နော်။ ဝါသနာပါတဲ့ အလုပ်နဲ့ ကျနော့်အမေကို ကျနော် ရှာကျွေးနိုင်တယ်။
ကျနော့် ညီမကို ကျောင်းထားပေးနိုင်တယ်။ ကျနော့် ညီကို ကျောင်းထား ပေးနိုင်တယ်။ ကျနော့် သူငယ်ချင်းတွေနဲ့ ပျော်ပါးနိုင်တယ်။ ကျနော့်ကိုယ် ကျနော် လုံလုံလောက်လောက် ပိုက်ဆံရှာဖွေ သုံးနိုင်တယ်။ ကျနော် မဟုတ်တမ်းတရား အလုပ်တွေနဲ့ ပိုက်ဆံရှာနေတာ မဟုတ်တဲ့အတွက် လိပ်ပြာသန့်တယ်။ ဂုဏ်ယူတယ်။
လူငယ်တွေ တော်တော်များများမှာ ရှိတာက အမေတွေက နင်ဆရာဝန်ကြီး လုပ်ရမယ်။ စစ်ဗိုလ်ကြီး လုပ်ရမယ် ဆိုတဲ့ဟာမျိုးပေါ့နော်။ အမြဲတမ်း ကျတော်တို့ လူငယ်တွေမှာ အမြဲတမ်းခံရတယ်။
မိဘတွေ ဘက်ကိုလည်း ကျနော်နားလည်တယ်။ မိဘတွေကတော့ ကိုယ့် သားသမီးတွေကို ပညာတတ် ဖြစ်စေချင်တယ်။ သူတို့ နောင်ရေးအတွက် လေယာဉ်မောင်ကြီးတွေ ဖြစ်စေချင်တာ စစ်တပ်က ဗိုလ်မှူးကြီးတွေ ဖြစ်စေချင်တာ သင်္ဘောသားကြီးတွေ ဖြစ်စေချင်ကြတာပဲ။
ကိုယ်ကိုတိုင်မှ ဒါမျိုးတွေ ဝါသနာမပါတာ ကိုယ် ဒါလုပ်နေရရင် ပျော်မလား။ မပျော်ဖူးလေ။ ကျတော် သီချင်းဆိုရတာ ပျော်တဲ့အတွက် လမ်းဘေးမှာ တောင်းစားနေရမယ် ဆိုရင်တောင် ကျနော် လုပ်ချင်တာ လုပ်နေရတဲ့ အတွက် ပျော်တယ်။
ကျနော် ငယ်ငယ်လေးတည်းက ကျနော် လုပ်ချင်တာကို လုပ်လိုက်ရပြီဆို ကျတော့်ကို ကြိုက်သလောက်ပြော ကျေနပ်တယ်။ ကျတော့်ကို ရိုက်လည်း ကျေနပ်တယ်။ ကျနော်က ငယ်ငယ်လေးတည်းက အဲ့လိုကောင် ဒါပေမယ့် ကျနော်လုပ်တာက မဟုတ်တာ လုပ်တာမဟုတ်ဘူး။
ကျနော် ဝါသနာပါရာ စိတ်ပါတဲ့ အရာကို ကျနော်လုပ်တာ ကျနော် ငယ်ငယ်လေးတည်းက အဲ့လိုစိတ်နဲ့ လုပ်လာလို့ ကျတော့်ကို ခုချိန်မှာ 100 မှာ 30 လောက် လက်ခံလာတယ်လို့ မြင်ပါတယ်။ ခုထိ အဲ့လောက်ပဲ မြင်သေးတယ်။
ကျတော့်ကိုကျတော် 50 လက်ခံတယ် လို့တောင် မမြင်သေးဘူး။ နောက် 70 လက်ခံလာဖို့က ဆယ်စုနှစ်တခုကြာ ရပ်တည်ခဲ့တဲ့ ကိုစိုင်းလိုမျိုးမှ ရလာလိမ့်မယ်လို့ ထင်တယ်ဗျ ။
credit original
Post a Comment