👧 ယောက်ျားလေးများ ယူသင့်တဲ့ မိန်းမ (10) မျိုး
✿✿✿✿✿✿✿✿✿✿✿✿✿✿
(1). အနာရောဂါ ကင်းရှင်းပြီး အနေအထိုင် သိမ်မွေ့သန့်ရှင်းသော မိန်းမ
(2). မိဘကို ပြုစုလုပ်ကျွေးလိုစိတ်ရှိပြီး ကိုယ့်ထက် အသက်အရွယ် ကြီးသူများအား လေးစားစွာ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အငယ်များအား အရာရာ နားလည် ထိန်းကျောင်းပေးတတ်သော မိန်းမ
(3). ပုံမှန် အားဖြင့် ယောင်္ကျားဆို စိတ်မ၀င်စားပဲ.. ကိုယ်နဲ့တွေ့မှ အိမ်ထောင်ပြု ခြင်း လက်ထပ်ခြင်း အမှုကို စဉ်းစားဖြစ်သောမိန်းမ
(4). အရာရာကို လွယ်လွယ်မယုံ ဥာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ် လုပ်ကိုင်တတ်သော မိန်းမ ထိုအသိဥာဏ် အတွေ့အကြုံ လောကအမြင်များကိုလည်း သားသမီးများကို သွန်သင် လမ်းညွှန်ပြနိုင်သော မိန်းမ
(5). အောက်ဆုံး အဆင့်ကနေ ..ဟိုးအမြင့်ဆုံး အထိ .. ယောင်္ကျားဖြစ်သူရဲ့ အလုပ်အကိုင် အဆင့်အတန်း ရာထူး ဂုဏ်ရှိန်ဂုဏ်ဝါနဲ့အညီ လိုက်လျောညီစွာ နေထိုင် ပြုမူတတ်ပြီး .. ဘယ်ဘ၀ပဲ ရောက်ရောက် ပေါင်းသင်းမယ့်မိန်းမ
(6). မာန်မာန မရှိ.. ကြွားဝါးလိုခြင်း အလျဉ်းမရှိ.. ရိုးသားဖြူစင်စွာ နေတတ်သောမိန်းမ
(7). အချက်အပြုတ် အိမ်သန့်ရှင်းရေး .. မိသားစု ငွေကြေးကို စီမံခန့်ခွဲနိုင်မှု သားသမီးများအား ကြင်နာယူစွာ အုပ်ထိန်းနိုင်မှု .. စသဖြင့် အခြေခံ မယားဝတ်တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်သော မိန်းမ
(8). ဘုရား တရား သံဃာ ဘာသာတရား ကိုင်းရှိုင်းသော မိန်းမ
(9). အကျိုးမရှိသော စိတ်ပျော်ရွှင်မှုသက်သက် .. အိမ်အလည် အပတ်များခြင်း အင်တာနက်တွင် အလေလိုက်ခြင်း .. အချစ်ဝတ္ထုတွေ ဖတ်ခြင်း ..ရုပ်ရှင်ကားတွေ ထိုင်ကြည့်ခြင်း… စသည်တို့တွင် လိုတာထက် ပို၍ စိတ်ပါဝင်စားမှု မရှိသောမိန်းမ
(10). ကိုယ်တစ်ဦးတည်းကိုသာ အရမ်းချစ်သောမိန်းမ
ရှိတော့ရှိတယ် ရှားပါးတယ်။ ရှားတဲ့အထဲမှာ မိမိ ပါဝင်ပါစေ.. ရတနာရှိရာ ရတနာလာပါတယ်။
━━━━━━━━━━━━━━━━━━━━
🗿🗿 (#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
#ဆရာကြယ်
Post a Comment