Header Ads

💔သင့်ကို ထားသွားခြင်း ခံရတဲ့ အခါ 💔


သတိရ တယ် ဆိုပြီး ...
တောင်တွေး မြောက်တွေး ကြေကွဲ မနေပါနဲ့ ...
ကိုယ့်ဆီမှာ မနေချင်လို့ ပြေးထွက် သွားတဲ့ သူက ကိုယ့် အကြောင်းကို တွေးနေမှာ မဟုတ်ဘူး ...

သစ္စာရှိ လှချည်ရဲ့ ဆိုပြီး ...
မျှော်တော်ယောင် လုပ်မနေ ပါနဲ့ ...
သင် နဲ့ ပတ်သတ်ခဲ့ တာတွေတောင်
သူ နောင်တ ရနေပါ ဦးမယ် ....

အမှတ်တရ ဆိုတာ . . .
မေ့ဖျောက်နိုင်တဲ့ သူအတွက် အမှတ်တမဲ့ ပါပဲ

သင်က မနေ့ တစ်နေ့က လို ခံစား နေရ ပေမယ့်...
သူက ဘယ်တုန်း ကမှ မဖြစ်ခဲ့ဘူး သလို နေမယ်

သံယောဇဉ် မှ မရှိတော့ရင် ...
အရေး တယူ နေရာ မပေးဘူး ဆိုတာ
သင် သိထားပါ ...

မေ့ပစ် လိုက်တာ အကောင်းဆုံးလို့ ပြောရင် တစ်မျိုး မမြင် ပါနဲ့ ...
အချိန်တန် ရင် သင်နဲ့ ထိုက်တန် တဲ့
ကြယ်ပွင့်လေး က သင့် ဘဝထဲကို
ကြွေကျ လာတဲ့အခါ အခု ကျနေတဲ့ မျက်ရည် တွေကို
သင် နှမျော နေဦးမှာပါ

💚💚💚
©® Ma Swee

No comments

Powered by Blogger.