ဇနီးသည်ရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာကို မြင်တွေ့ပြီး ဟန်းနီးမွန်းအပြန်မှာ ခင်ပွန်းဖြစ်သူက ကွာရှင်းခွင့်တောင်း
အာဖရိကန် အမျိုးသား တစ်ဦးဟာ ဇနီးသည် အမျိုးသမီးကို လက်ထပ် ပြီးနောက် ဟန်းနီးမွန်း ခရီးစဉ် အပြန်မှာပဲ ကွာရှင်းခွင့် တောင်းခံခဲ့တယ် လို့ သိရပါတယ်။
အကြောင်းအရင်း ကတော့ ဇနီးသည် ဖြစ်လာခဲ့တဲ့ အမျိုးသမီးကို မိတ်ကပ်မပါပဲ သဘာဝ မျက်နှာကို အတိုင်းသား မြင်တွေ့ သွားခဲ့ရလို့ ပါတဲ့။ ပုံပန်း သဏ္ဍာန် ဆိုးရွားလွန်းတဲ့ ရုပ်ရည်ကြောင့် ဇနီးလောင်းကို ဆက်လက် ပေါင်းသင်း ချင်တဲ့ စိတ် မရှိတော့ဘူး လို့လည်း ပြောထားပါတယ်။
အသက် ၄၀ နှစ် အရွယ်ရှိတဲ့ အမျိုးသားက အသက် ၃၅ နှစ် အရွယ် ဇနီးသည်ကို ကွာရှင်းခွင့် တောင်းခံခဲ့ပြီးတော့ သူမဟာ အလှကုန် ပစ္စည်းတွေ အများအပြားကို အသုံးပြု ထားပြီး မျက်နှာ အလှအပ ဖန်တီး ပြင်ဆင် ထားခဲ့တာကြောင့် မူလ ဆိုးရွား လွန်းတဲ့ ရုပ်ရည်ကို ဖုံးကွယ်ကာ လိမ်လည် လက်ထပ်ခဲ့တာ ဖြစ်ကြောင်း ထွက်ဆို ထားပါတယ်။
သူတို့ နှစ်ဦးဟာ လူမှု ကွန်ရက် စာမျက်နှာ ပေါ်ကနေ တဆင့် တွေ့ဆုံ ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပြီးတော့ သုံးလလောက် အကြာမှာ လက်ထပ် ထိမ်းမြား ခဲ့ကြတာ ဖြစ်တယ် လို့ သိရပါတယ်။
သူတို့ နှစ်ဦးသား တွေ့ဆုံချိန်နဲ့ လက်ထပ်ချိန်တွေ တုန်းက ဇနီးသည် ဖြစ်သူမှာ အလှကုန် ပစ္စည်းတွေ အလွန်အကျွံ သုံးစွဲထားကာ မူလ ရုပ်ရည်ကို ဖုံးကွယ်ပြီး အလှပဆုံး ပြင်ဆင် ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အိမ်ထောင် ရက်သား ကျပြီး ချိန်မှာတော့ ဇနီးသည်ရဲ့ မိတ်ကပ် မပြင် မဆင်ပဲ သာမန် ရုပ်ရည်မှာ လက်ခံဖို့ ခက်ခဲတဲ့ အကြောင်းအရင်း ဖြစ်နေခဲ့တာ ဖြစ်တယ်လို့ ကွာရှင်းခွင့် တောင်းခံတဲ့ ခင်ပွန်းသည် အမျိုးသားက ထွက်ဆို ထားပါတယ်။
ဒီ အတွက်ကြောင့် ကွာရှင်း ခံခဲ့ရတဲ့ အမျိုးသမီးရဲ့ အတိုင်ပင်ခံ ဒေါက်တာ မိုလာပို ကတော့ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားမှု ဝေဒနာ အတွက် ခံစားမှု သက်သာအောင် ဖြေလျှော့ ပေးမှုတွေ လုပ်ဆောင် ပေးနေရတယ်လို့ သိရပါတယ်။
ဒီ အမျိုးသမီးဟာ လက်ထပ်ပွဲ မကျင်းပမှီမှာ အလှအပ ခွဲစိပ် ပြု ပြင်မှုတွေ ကိုလည်း လုပ် ဆောင် ခဲ့ ပါ သေး တယ်။
credit to မေ ( ရွှေ အင်း လေး)
Post a Comment