မိန်းကလေးက ပြန်လက်ခံနိုင်မယ့် ချဉ်းကပ်နည်း 💘
💓💓💓💓💓💓💓💓💑
တချို့ လူငယ်တွေ အနေနဲ့ မိမိ ကြိုက်နှစ်သက်နေတဲ့ မိန်းကလေးကို ဘယ်လို စတင်ပြီး ချဉ်းကပ်ရမလဲ ဆိုတာကို မသိဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီး အများစု ပြန်လည် လက်ခံနိုင်မယ့် ချဉ်းကပ်နည်းကို ပြောပြပါရစေ။
1) အကူအညီပေးပါ
မိမိနှစ်သက်တဲ့ မိန်းကလေးနဲ့ စတွေ့တွေ့ချင်းမှာ "ဘာ အကူညီပေးရမလဲ" ဆိုပီး ပြောလိုက်ရုံနဲ့ သင်ဟာ ကြည်ကောင်းပြီး နွေးထွေးသောသူ ဖြစ်တယ်လို့ ထိုမိန်းကလေး ခံစားရပါလိမ့်မယ်။
2) ဟာသဥာဏ်ရွှင်ခြင်း
မိန်းကလေးတိုင်းက ဟာသ ဥာဏ်ရွှင်တဲ့ ယောင်္ကျားလေးတွေကို နှစ်သက်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူမတို့ရဲ့ဘ၀ကို ပျော်ရွှင်စေနိုင်တဲ့ အတွက် ဖြစ်ပါတယ်။
3) ရိုးသားခြင်း
အဘယ်ကြောင့် ဆိုသော် ရိုးသားမှုဟာ ဆက်ဆံရေး တခုအတွက် အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ လုံးဝ လျှို့ဝှက်ချက်မထား ဟန်မဆောင်ပဲ အရှိကို အရှိတိုင်း ပြောပြထားရပါမယ်။
4) မစိုးရိမ်ပါနှင့်
မိမိရဲ့ မျှော်လင့်ချက် ဆုံးရှုံးရမှာကို ကြိုတွေးပြီး မစိုးရိမ်သင့်ပါ။ အခွင့်အလမ်းဟာ ကိုယ့်ရဲ့ လက်ထဲမှာ ရှိနေတာမို့ ကြိုတွေးပြီး မစိုးရိမ်သင့်ပါဘူး။
5) စောင့်ရှောက်နိုင်ခြင်း
သူမကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်တဲ့ အကြောင်း သူမ သိအောင် ပြသပြီး အချိန်တိုင်းမှာ သူမကို သေသေချာချာ ဂရုစိုက်ရပါမယ်။
idea:crd
@Loveအတိုအစလေးများ
Post a Comment