ဗုဒ္ဓဟူးသားသမီးနဲ့ ချစ်သူဖြစ်ရင် ဒီအချက်တွေ သိထားသင့်ပါတယ် 💘
💓💓💓💓💓💓💓💓💑
ဗုဒ္ဓဟူးသားသမီး လေးတွေကတော့ အရမ်းစိတ်ကြီးပီး အရမ်း အချစ်ကြီးတဲ့သူတွေဖြစ်ပါတယ်…
ချစ်သူကို သူများက မျက်စောင်းနဲ့ ထိုးတာတောင် မခံနိုင်လောက်အောင် အချစ်ကြီးကြတယ်…
ခပ်တည်တည် နေတတ်တဲ့ အကျင့်ကြောင့် မာနကြီးသလို အထင်ခံရတတ်တယ်...
သူတို့လေးတွေက ညဏ်ကောင်းသလောက် အပျင်းကြီးတဲ့ သူတွေလည်း ဖြစ်တယ်....
ဒါကြောင့် ပညာရေးမှာ ဖြစ်ဖြစ် စီးပွားရေးမှာဖြစ်ဖြစ် အောင်မြင်သင့်သလောက် မအောင်မြင်ဘူး...
အမှန်တရားကို လက်ခံတယ်.. ဒါပေမဲ့ သူတို့လေးတွေဆီမှာ ဘယ်သူကိုမှ မပြောပြတဲ့ လျှို့ဝှက်ချက်လေးတွေ ရှိနေတတ်ကြတယ်....
ချစ်သူခင်သူပေါပေမဲ့ တစ်ယောက်ဆို တစ်ယောက် သစ္စာရှိတတ်ကြတာ ဗုဒ္ဓဟူး သားသမီးတွေပါ…
သူတစ်ပါး အကူအည်ီလိုရင် ပေးတတ်ကြပေမဲ့ ကိုယ်က သူတစ်ပါးဆီကို အကူအညီ မတောင်းတတ်ကြဘူး...(များသောအားဖြင့်ပေါ့)...
ဒါကြောင့် အားနာကြီးတယ်လို့ပြောရမယ်.. အနုပညာ ဝါသနာကြီးတယ်... အနုပညာထဲမှာမှ ဂီတကို ပိုပြီးရူးသွပ် ကြတယ်...
ချစ်သူ အနားမှာ ရှိနေတောင် တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို အထီးကျန် နေသလိုမျိုး ခံစားရတတ်တယ်....
သူတို့ကို စိတ်နာသွားအောင်တော့ မလုပ်မိစေနဲ့… စိတ်နာသွားရင်လည်း လှည့်မကြည့်တတ်ကြဘူး...
အချစ်ကို မရူးသွပ်ဘူး.. မကိုးကွယ်ဘူးတွေ ဖြစ်ကုန်ရော.... သူ့ဘက်က ဂျင်းစိမ်းဆို ကိုယ့်ဘက်က မိတ်သလင် လုပ်တတ်တာ ဗုဒ္ဓဟူးပါ…
မိသားစုမှာ ဝိုင်းပြီး ဂရုစိုက်ခံရတတ်တယ်.. စိတ်အရမ်းကြီးတယ် ဒါ့ကြောင့် ဒေါသကြီးတယ်လို့ ထင်ရတယ်..
တခြားသူတွေနဲ့ စကားနည်းလေ့ ရှိပေမဲ့ ချစ်သူနဲ့ဆို စက်သေနတ်ပစ်သလို တရစပ် ပြောနေလေ့ရှိတယ်…
သူတို့လေးတွေရဲ့ ထူးခြားချက်က စိတ်ကူးယဉ်ဆန်တဲ့ အချစ်ထက် လက်တွေ့ဆန်တဲ့ အချစ်ကိုပဲ နှစ်သက်တတ်ကြတာပါ...
@Loveအတိုအစလေးများ
နာ့ကိုစောင်းပြောနေတာသိသားဘဲ :P
ReplyDelete