ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့ဇာတ်လမ်းမှာ ဘယ်သူ အရှုံးပေါ်သွားလည်း ?
" ဘုဏ်းသိုက်နဲ့ ရွှေပိုးအိမ်နဲ့ ဘာပြုလို့ ဆိုလား.. ချမ်းချမ်းက သတင်းစာ ထဲကနေ ကွာရှင်းလိုက်တယ် တဲ့။
အဲဒါနဲ့ ရွှေပိုးအိမ်ကို " စနိုက်ကြော်မ.. ဘာညာ" နဲ့ ဝိုင်းဆဲ ကြပါလေရော။
ရွှေပိုးအိမ်လည်း မခံနိုင်တော့တဲ့ အဆုံး သူနဲ့ ဘုန်းသိုက် ဘာမှ မပြုကြောင်း ဖွဘုတ်ကနေ ဖြေရှင်းတယ်။
ဒါဆို ချမ်းချမ်း ပလီတာနေမှာ ဆိုပြီး ချမ်းချမ်း ဝိုင်းဆဲ။ ချမ်းချမ်းကလည်း သူ မပလီကြောင်း အင်တာဗျူးမှာ ငိုကြီးချက်မနဲ့ ဖြေရှင်းတော့ .. ဘယ်သူ့ဆဲလို့ ဆဲရမှန်း မသိဘဲ ရုတ်တရက် ကြောင်သွားတယ်။
ပြီးတော့မှ တကယ် ဆဲရမှာက ဘုဏ်းသိုက် ဆိုပြီး ဘုဏ်းသိုက်ကြီး ဝိုင်းဆဲကြပါလေရော…
ဘုဏ်းသိုက်ကလည်း အင်တာဗျူး မှာ ရှင်းတယ်။
အင်း.. ဘုဏ်းသိုက် ဆိုတာ ခုမှပဲ မြင်ဖူးတော့တယ်။ အစတုန်းက မမြင်ဖူးဘဲ ရမ်းဆဲနေရတာ။ ခုမှ ရုပ်ကြည့် ပြီး ဆဲမယ်ဆိုပြီး.. အင်တာဗျူး ဖွင့်ကြည့်လိုက်တာ
ဘုဏ်းသိုက် ပြောသွားတာက ကြောင်းကျိုး ညီညွတ်နေတော့ "ဒီဘဲ မဆိုးဘူးဟ" ဆိုပြီး ဝန်းရံချင်စိတ်တွေ ပေါ်လာတယ်။
ဘုဏ်းသိုက်ကို ဝန်းရံရာကနေ ဘုဏ်းသိုက်နဲ့ ချမ်းချမ်း ပြန်အဆင်ပြေပါစေ လေ ဆိုပြီး ဆုတောင်း..
အပေါ်တုန်းက ဆဲမိခဲ့တဲ့ ရွှေပိုးအိမ်နဲ့ ချမ်းချမ်းအပေါ်လည်း နားလည်မှုတွေ ပြန်ဖြစ်လာ.. စောစောက ဆဲခဲ့တာတွေ ဘွာတေး ပြန်လုပ်ပြီး ဇာတ်ပေါင်းလိုက်တော့..
လူသိပ်မသိတဲ့ ရွှေပိုးအိမ်လည်း like တွေ 20K… 30K တွေထိ တက်လာတယ်.. ချောင်ထိုးထားတဲ့ ချမ်းချမ်း သီချင်းတွေလည်း ယောင်ရမ်းပြီး ပြန်ဖွင့်မိလာတယ်..
ယောက်ျား ပီသတဲ့ ရွက်ပုန်းသီး ဘုဏ်းသိုက်လည်း ဝန်းရံသူပေါပြီး ဆယ်လီဖြစ်လာတယ်..
အိမ်ထောင်ရေး/ အချစ်ရေး ဗဟုသုတတွေလည်း ရတယ်.. ဆဲလိုက်ရတာလည်း မြတ်တယ်.. ချမ်းချမ်းနဲ့ ဘုဏ်းသိုက်သာ အဆင်ပြေသွားရင်.. အားလုံး win-win ပဲ။
အရှုံးပေါ်သွားတာ ဆိုလို့.. မဆီမဆိုင် အဆဲခံလိုက်ရတဲ့ ရွှေပိုးအိမ် အမေကြီး တစ်ယောက်ပဲ ရှိမှာ။ 😂😂😂
Credit Kyaw Moe Naing
Post a Comment