Header Ads

ဗုဒ္ဓဟူးသားသမီးနဲ့ ချစ်သူဖြစ်ရင် ဒီအချက်တွေ သိထားသင့်ပါတယ် 💘


💓💓💓💓💓💓💓💓💑
ဗုဒ္ဓဟူး​သားသမီး​ လေး​တွေက​တော့ အရမ်းစိတ်​ကြီးပီး အရမ်း အချစ်ကြီးတဲ့သူ​တွေဖြစ်​ပါတယ်​…

ချစ်သူကို သူများက မျက်စောင်းနဲ့ ထိုးတာတောင် မခံနိုင်လောက်အောင် အချစ်ကြီးကြတယ်…

ခပ်​တည်​တည်​​ နေတတ်​တဲ့ အကျင့်​​ကြောင့်​ မာနကြီးသလို အထင်​ခံရတတ်​တယ်​...

သူတို့​လေး​တွေက ညဏ်​​ကောင်းသ​လောက်​ အပျင်းကြီးတဲ့ သူ​တွေလည်း ဖြစ်​တယ်​....

ဒါ​ကြောင့်​ ပညာ​ရေးမှာ ဖြစ်​ဖြစ်​ စီးပွား​ရေးမှာဖြစ်​ဖြစ်​ အောင်မြင်​သင့်​သ​လောက်​ မ​အောင်​မြင်​ဘူး...

အမှန်​တရားကို လက်ခံတယ်​.. ဒါ​ပေမဲ့ သူတို့​လေး​တွေဆီမှာ ဘယ်​သူကိုမှ မ​ပြောပြတဲ့ လျှို့ဝှက်​ချက်​​လေး​တွေ ရှိ​နေတတ်​ကြတယ်​....

ချစ်​သူခင်​သူ​ပေါပေမဲ့ တစ်​​ယောက်​ဆို တစ်​​ယောက်​ သစ္စာရှိတတ်​ကြတာ ဗုဒ္ဓဟူး သားသမီးတွေပါ…

သူတစ်​ပါး အကူအည်ီလိုရင်​ ပေးတတ်​ကြ​ပေမဲ့ ကိုယ်​က သူတစ်​ပါးဆီကို အကူအညီ မ​တောင်းတတ်​ကြဘူး...(များသောအားဖြင့်​​ပေါ့)...

ဒါ​ကြောင့်​ အားနာကြီးတယ်​လို့​ပြောရမယ်​.. အနုပညာ ဝါသနာကြီးတယ်... အနုပညာထဲမှာမှ ဂီတကို ပိုပြီးရူးသွပ် ​ကြတယ်​...

ချစ်သူ အနားမှာ ရှိနေတောင် တစ်​ခါတစ်​​လေ ကိုယ့်​ကိုယ်ကို အထီးကျန်​​ နေသလိုမျိုး ခံစားရတတ်​တယ်​....

သူတို့ကို စိတ်နာသွားအောင်တော့ မလုပ်မိစေနဲ့… စိတ်နာသွားရင်​လည်း လှည့်​မကြည့်​တတ်​ကြဘူး...

အချစ်​ကို မရူးသွပ်​ဘူး.. မကိုးကွယ်​ဘူးတွေ ဖြစ်ကုန်ရော.... သူ့ဘက်က ဂျင်းစိမ်းဆို ကိုယ့်ဘက်က မိတ်သလင် လုပ်တတ်တာ ဗုဒ္ဓဟူးပါ…

မိသားစုမှာ ဝိုင်းပြီး ဂရုစိုက်​ခံရတတ်​တယ်​.. စိတ်​အရမ်းကြီးတယ်​ ဒါ့​ကြောင့်​ ဒေါသကြီးတယ်​လို့ ထင်​ရတယ်​..

တခြားသူတွေနဲ့ စကားနည်း​လေ့ ရှိ​ပေမဲ့ ချစ်သူနဲ့ဆို စက်သေနတ်​ပစ်​သလို တရစပ်​ ပြော​နေ​လေ့ရှိတယ်​…

သူတို့​လေး​တွေရဲ့ ထူးခြားချက်​က စိတ်ကူးယဉ်ဆန်တဲ့ အချစ်ထက် လက်​​တွေ့ဆန်​တဲ့ အချစ်ကိုပဲ နှစ်​သက်​တတ်​ကြတာပါ...

@Loveအတိုအစလေးများ

1 comment:

  1. နာ့ကိုစောင်းပြောနေတာသိသားဘဲ :P

    ReplyDelete

Powered by Blogger.