💏 တစ်နေ့နေ့မှာ… 💘
💓💓💓💓💓💓💓💓💑
Mention ur ❤ ☺
တစ်နေ့နေ့မှာ . . .
အိပ်ပုတ်ကြီးတဲ့ နင့်နဖူးလေးကိုနမ်းပြီး အိပ်ယာနှိုးမယ်
ငါ့ပါးကို ပြန်နမ်းပြီးမှ အိပ်ယာထနော် ☺
တစ်နေ့နေ့မှာ . . .
ရေချိုးခန်းထဲမှာ နင်နဲ့ အတူတူ မျက်နှာသစ်ရင်း နင့်ပါးလေးကို ဆွဲညှစ်မယ်
စိတ်မဆိုးရဝူးနော် ချီးထုတ် ☺
တစ်နေ့နေ့မှာ . . .
နင်မျက်နှာသစ်ပီး စားဖို့ ကိတ်မုန့်နဲ့ ကော်ဖီ ဖျော်ပေးထားမယ်
ဒါပေမယ့် မနက်စာ ပြင်ပေးထားရတဲ့ ငါ့ကို နင်က ခွံကျွေးရမယ် ☺
တစ်နေ့နေ့မှာ . . .
ငါ အလုပ်သွားခါနီး နင့်နဖူးလေးကို နမ်းပြီးမှ သွားမယ်
နင်က မျက်စိလေး မှိတ်ထားနော် ☺
တစ်နေ့နေ့မှာ . . .
အလုပ်ထဲရောက်နေတဲ့ငါက အိမ်မှာကျန်ခဲ့တဲ့နင် ပျင်းနေမှာစိုးလို့ ဖုန်းခိုးဆက်မယ်လေ
ဖုန်းထဲကနေ ငါ့ကို အာဘွားပေးနော် ☺
တစ်နေ့နေ့မှာ . . .
အလုပ်ကနေ ပြန်လာတဲ့ငါ့ကို အိမ်ရှေ့က စောင့်ကြိုနေနော်
အမောပြေ အနမ်းလေးတစ်ပွင့်ပေးဖို့ မမေ့နဲ့ ☺
တစ်နေ့နေ့မှာ . . .
ငါတို့ ညနေစာ အတူတူချက်စားကြမယ်လေ
ဘယ်လိုပဲ ချက်ထားချက်ထား နင်နဲ့တူတူ စားရတဲ့ဟင်းက ငါ့အတွက် အရသာရှိမှာ သေချာတယ် ☺
တစ်နေ့နေ့မှာ . . .
အိပ်ယာဝင်ခါနီး နင့်ကို သီချင်းဆိုပြမယ်
ကျန်တာကတော့ ငါလည်းမသိတော့ဖူး 😂☺
ဒါတွေက ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလားတော့ မသေချာပါဝူး
ဒါတွေက ငါအခုတစ်လော မက်မက်နေတဲ့ အိပ်မက်လေးတွေပါ ☺
credit to#thp👑
edit #loveshortnotes
Post a Comment