Header Ads

စနေသားသမီးနဲ့ ချစ်သူဖြစ်ရင် ဒီအချက်တွေ သိထားသင့်ပါတယ် 💘


💓💓💓💓💓💓💓💓💑
အရမ်း ရိုးသားကြတယ်။ သူတစ်ပါး အပေါ် သနားညှာတာမှု ရှိပီး ကူညီတတ်တယ်။

အချစ်ကြီးတယ်။ သံယောဇဉ် ကြီးတယ်။ ကိုယ်တကယ် ချစ်တဲ့သူ အတွက်ဆို အသက်တောင် ပေးရဲတဲ့ သတ္တိမျိုး ရှိတယ်။

အပြောကောင်းတယ်။ သဘောကောင်းတယ်။သ၀န်တိုတတ်တယ်။ သူများ ထက်ပိုပြီး သ၀န်တို တတ်တယ် ။

အရစ်ရှည်တာကို မကြိုက်ဘူး။ စကားပြောရင် ဒဲ့ပဲ။ ပြတ်ပြတ်သားသားနဲ့ လိုရင်းကိုပဲ ပြောတယ်။

ကိုယ်ကတော့ မစဘူး ။ ကိုယ့်ကို စလာရင် ပါပါ သွားတတ်ပါတယ်။ လက်သာရင် လိုက်တဲ့ ကလေး လိုပဲ ။ပိုဂရုစိုက်တဲ့ သူနောက် ပါပါ သွားတတ်ကြတာ စနေသားသမီးပါပဲ ။စနေသားသမီးနဲ့ ကြိုက်ရင်တော့ ပိုဂရုစိုက်နိုင်အောင်သာ ကြိုးစားပေတော့ ။

လိမ်ညာမပြောပဲ ရင်ထဲရှိတဲ့အတိုင်း ပြောတဲ့အတွက်ကြောင့် အချစ်ရေးမှာ ကံမကောင်းမှုလေးတွေတော့ ရှိတတ်တယ်။

နောက်တစ်ခုက စနေသားသမီးက ကြာရင် ငြီးငွေ့သွားတတ်ကြတယ် ။

စနေသားသမီးနဲ့ တစ်နှစ်ကျော် ၂ နှစ်လောက် သမီးရည်းစားဖြစ်ပြီး ရင်ယူချင်စိတ် လျော့သွားတတ်ကြတယ်။ အဲဒီတော့ စနေသားသမီး နဲ့ ကြိုက်ရင် တစ်နှစ်အတွင်း ယူဖို့သာလုပ် မဟုတ်ရင် မယူဖြစ်ပဲ ဇာတ်မြော ဖြစ်သွားတတ်ပါတယ်။

@Loveshortnotes

No comments

Powered by Blogger.