Header Ads

💑 သမီးရည်းစား စုံတွဲတွေရဲ့ ဆမြင်ကပ်စရာ လက္ခဏာရပ်များ 😁


💓💓💓💓💓💓💓💓💑
1) msger ရှိနေပါလျက်နဲ့ comment တွင် မပြီးနိုင် မစီးနိုင် ပလူးကြခြင်း။

2) တစ်ရာဖိုး သုံးပုဒ်တန်များ အောက်တွင် ကိုကိုရေ သဲရေ စသဖြင့် mention များ ခေါ်ကြခြင်း။

3) ခရီးသွား Review များ စားသောက်ဆိုင် Page များကို share ရာတွင် ရိုးရိုးတန်းတန်း မ share ပဲ ကိုကိုရေ လိုက်ပို့ … ချစ်ရေ သွားရအောင်… စသဖြင့် တကယ်လည်း မသွားဘဲ အရသာခံ ပြောကြခြင်း။

4) ကောင်မလေး လက်ကို အနောက်က ကောင်လေးလက်က ကိုင်ထားသည့် စတိုင် ဓာတ်ပုံကို အထူးနှစ်ခြိုက် ခုံမင်စွာ ရိုက်ကြခြင်း။

5) ချစ်သူ အတွက်ဟု ရည်ညွှန်းသည့် စာများကို နှစ်ယောက်တည်း ဖတ်ရန် မတင်ဘဲ public နဲ့တင်ပြီး like ခြူတတ်ခြင်း။

6) စုံတွဲမှန်လျှင် ပုဂံမှာ ဓာတ်ပုံ ရိုက်ပြီး fb ပေါ်တင်မှ ခေတ်မှီသည်ဟု အထင်ရှိကြခြင်း။

7) စိတ် အခန့်မသင့်တိုင်း ပြတ်ပြီ ပြတ်ပြီ ဟု ဟစ်ကြွေးပြီး အဆင်ပြေသွားရင် မျက်နှာပြောင်ဖြင့် စုံတွဲပုံများတင်ပြီး စိတ်မကောက်နဲ့တော့နော်တို့ ဘယ်တော့မှ မခွဲဘူးနော် စသဖြင့် အရှက်မရှိ တင်တတ်ခြင်း။

8) ချစ်သူ လက်ဆောင်ပေးသည့် ပစ္စည်းများကို ကိုယ့်ဘာသာ သိမ်းမထားဘဲ fb ပေါ်တင်ကာ တခြားသူများ အားကျစေရန် ကြွားဝါတတ်ခြင်း။

9) ထိုသို့ ကြွားဝါသည့် ပို့စ်များ အောက်တွင် တခြား စုံတွဲများကလည်း မစားရ ဝခမန်း မိမိချစ်သူများကို mention ခေါ် ပြတတ်ခြင်း။

10) သူများ ရည်းစားများ ခြံခုန် စနိုက်ကြော် ဇာတ်လမ်းများ မြင်လျှင် မိမိနှင့် ဆိုင်ဆိုင် မဆိုင်ဆိုင် mention ခေါ်၍ ကြိမ်းမောင်းမာန်ဖီ ပြတတ်ခြင်း။

11) Anniversary များ ရောက်လျှင် နှစ်ယောက်သား ကြိုတင်ညှိနှိုင်းပြီး Surprise များ လုပ်ပြတတ်ခြင်း။

12) ချစ်သူများနေ့ ရောက်လျှင် အကျီင်္ဆင်တူ ဝတ်ပြီး မျက်စိနောက်အောင် ပုံတွေ တင်ကြခြင်း။

13) Account နာမည်များကို မှတ်ပုံတင်ထဲကအတိုင်း မရေးဘဲ ဘယ်သူ့ မယား ဘယ်သူ့ Hubby ဘယ်သူ့ ပူတူးလေး စသဖြင့် ဂေါက်တောက်တောက်များ ရေးကြခြင်း။

14) လူတကာ မျက်စိနှောက်အောင် ပလီစိချောက်ချက်တွေ လုပ်ပြပြီး ပြတ်သွားတဲ့အခါမှ "Single is the best" ဟု ကြွေးကြော်တတ်ကြခြင်း။

ဒါဘဲ …  မနာလိုလို့ ရေးတယ်မှတ် တလက်စတည်း သူငယ်ထောင် သွားသည် 😁

credit to Shom mi mi htet

No comments

Powered by Blogger.