Header Ads

မိန်းမတယောက်ရဲ့ အရေးပါမှု


တကယ်လို့ သင့်အဖေ မိန်းမ အရွေး မှားခဲ့ရင် သင့်ရဲ့ ငယ်ဘဝက နာကျည်းမှုတွေ နဲ့ စတင်ရ လိမ့်မယ် ။

တကယ်လို့ သင် မိန်းမ အရွေး မှားခဲ့ရင် သင့်ရဲ့ အလယ် ဘဝက နာကျင်မှုတွေနဲ့ ပြည့်နှက်နေ လိမ့်မယ် ။

တကယ်လို့ သင့်သား မိန်းမ အရွေး မှားခဲ့ရင်တော့ သင့်ကျန်ရှိတဲ့ နေဝင်မီးငြိမ်း ဘဝမှာ အထီးကျန်မှု တွေနဲ့ အဆုံးသတ်ရ လိမ့်မယ် ။

တကယ်လို့ သင့်အဖိုး မိန်းမ အရွေး မှားခဲ့ရင်တော့ သင်တို့ ဆွေမျိုး သုံးဆက် စလုံးက ပိုင်ဆိုင်သင့်တာတွေ မပိုင်ဆိုင်ရဘဲ လက်လွှတ် ဆုံးရှုံးရလိမ့်မယ် ။

" Microsoft ကို တည်ထောင်တာ အရေးကြီးလား ? ပရဟိတ လုပ်တာ အရေးကြီးလား " လို့ .... Bill Gate ကို အင်တာဗျူး တခုမှာ မေးထားတာ တွေ့တယ် ။ Bill gate ကပြန်ဖြေတယ် ...

" ဘာမှ အရေးမကြီးဘူး ၊ ကိုယ်နဲ့ တပ်အပ်တဲ့ အိမ်ထောင်ဖက် တခု ရဖို့ပဲ အရေးကြီးတယ် " တဲ့ ။

စီးပွားရေးသမား Warren Buffett ကလည်း ပြောတယ် ....

" စီးပွားရေး လုပ်ဖို့ ဘာအရင်းအနှီးမှ မလိုဘူး ၊ ထက်မြက်တဲ့ မိန်းမ တယောက်ပဲ လိုတယ် " တဲ့ ။

တကယ်တော့ မိန်းမ ရွေးတာ လူတယောက်ကို ရွေးတာ မဟုတ်ဘူး ၊ တဘဝလုံးရဲ နေထိုင်မှုကို ရွေးချယ်တာ ။

မိန်းမ တယောက်က
" ရှေ့ မျိုးဆက် ရဲ့ ချမ်းသာမှု "
" အခု မျိုးဆက်ရဲ့ ပျော်ရွှင်မှု "
" နောက်မျိုးဆက်ရဲ့ အနာဂတ် " ကို ကိုယ်စားပြုတာ ...... ။

မိန်းမကောင်း တယောက်ကို ရွေးချယ် နိုင်ခဲ့တဲ့ ယောက်ျားလေးမှာ ဆွေစဉ် မျိုးဆက် ၃ ဆက် စလုံး ချမ်းသာရတယ် ။

ရွေးခြယ်လိုက်တဲ့ မိန်းကလေးရဲ့ နောက်ဆက်တွဲ ဆိုးခြင်း ၊ ကောင်းခြင်းက အဲဒီ ရွေးခြယ်လိုက်တဲ့ ယောက်ျားလေး နဲ့လည်း အများကြီး သက်ဆိုင်တယ် ။

ပညာရှိ ယောက်ျားကပဲ ကိုယ့်မိန်းမကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ နားလည်တယ် ။

ပညာရှိ မိန်းမကပဲ အိမ်ထောင် တခုကို ဘယ်လို ကိုင်တွယ်ရမလဲ နားလည်တယ် ။

ပုခက်လွဲတဲ့ လက် ကပဲ တအိမ်သားလုံးရဲ့ နေထိုင်မှု ပုံစံကို မြှင့်တင် သွားနိုင်တာ ။

မိန်းမ တယောက်ရဲ့ စရိုက်က အသိပညာကို စုဆောင်းရင်း တည့်မတ် လာတာ ။

မိန်းမ တယောက်ရဲ့ ဝိညဉ်က ဂီတတေးသွားကို ခံစားရင်း ဖြစ်ပေါ်လာတာ ။

မိန်းမ တယောက်ရဲ့ အလှက ကိုယ့်ကိုယ်ကို တန်ဖိုးထားရင်း ပိုလှလာတာ ။

မိန်းမ တယောက်ရဲ့ ကျန်းမာရေးက အသေးစိတ် ဂရုစိုက်မှ တော်ကာ ကျတာ ။

မိန်းမ အယောက်တိုင်း အယောက်တိုင်းဟာ မိမိကိုယ်ကို ထိန်းသိမ်းပြုပြင်ပြီး ရင့်ကျက်လာ သင့်တယ် ။

ဘာဖြစ်လို့လဲ ဆိုတော့ သင်က သင့်ယောက်ျားရဲ့ အမြင့်ဆုံး အမှတ် နဲ့ သင့်ကလေးရဲ့ အစဦး အမှတ်ကို ဆုံးဖြတ်နိုင်စွမ်း ရှိလို့ပါပဲ ။

အဲဒီလိုမျိုး ပုခက်လွှဲတဲ့ လက်က ကမ္ဘာကို ကိုင်လှုပ်နိုင်မယ့် မိန်းမသားတွေ အတွက် Share လိုက်ပါ ။

Credit

No comments

Powered by Blogger.