Header Ads

ချစ်တယ် နဲ့ Dating


ဘာဖြစ်လို့ " ချစ်တယ် " လို့ ပြောရတာလဲ ?
ဘာဖြစ်လို့လဲ ?
လိုအပ်လို့လား ?
မပြောရင် မရဘူးလား ?

" စိတ်ဝင်စားတယ် "
" မင်းအကြောင်း ပိုသိချင်တယ် "
" ငါတို့ တွဲကြည့်ကြ ရအောင် " တို့ ဘာတို့နဲ့ အစားထိုးပြောလို့ မရဘူးလား ?

ဘာဖြစ်လို့ Relationship တစ်ခုမှာ " ချစ်တယ် " ဆိုတဲ့ စကားလုံးက အစက ဖြစ်နေရတာလဲ ?

တယောက် အကြောင်း ပိုသိလာမှ ၊ တယောက်ရဲ့ အားနည်းချက် တွေကို လက်ခံနိုင်မှ ၊
ခွင့်လွတ်နိုင်မှ ၊ သည်းခံနိုင်မှ ၊ အချိန်ကြာထိတိုင် ခံစားချက်တွေ မပြောင်းမလဲ ရှိနေမှ ၊

ပျော်ရွှင်တဲ့ အချိန်တွေ အပြင် ဝမ်းနည်းတဲ့ အချိန်တွေ ၊
တူတူ ရှိနေတဲ့ အချိန်တွေ အပြင်  ဝေးကွာနေတဲ့ အချိန်တွေ ၊
ငြိမ်းချမ်း လုံခြုံနေတဲ့ အချိန်တွေ အပြင် ကြောက်ရွံ့ တုန်လှုပ်နေတဲ့ အချိန်တွေ ၊

အချိန်တိုင်း အချိန်တိုင်းမှာ မပြောင်းလဲတဲ့ ၊ ဆုပ်ယုတ် မသွားတဲ့ ၊ တည်ငြိမ်တဲ့ ၊
" သူ အမြဲ ပျော်ရွှင်ပါစေ " ဆိုတဲ့ ခံစားချက် တခု ရှိနေပြီ ဆိုမှ

" ချစ်တယ် " ဆိုတဲ့ စကားကို ပြောသင့်တယ် မထင်ဘူးလား ?

ဒါတောင်မှ ခဏတာ ချစ်ခြင်းနဲ့ တသက်တာ ချစ်ခြင်း Conditional Love နဲ့ Unconditional Love  တွေ အများကြီး ကွဲထွက် လာနိုင်သေးတယ် ... ။

အခုဟာက မဟုတ်ဘူး ။ တွေ့ကတည်းက " ချစ်တယ် "  ၊ မတွေ့ခင် ကလည်း " ချစ်တယ် "
ဒီ " ချစ်တယ် ချစ်တယ် ချစ်တယ် " လို့ ပြောမှပဲ လူနှစ်ယောက်က စပြီး လူပုံလည်မှာ " တွဲခွင့် " ရမလို ဖြစ်နေတယ် ။

ကြားထဲက Dating တွေ ၊ Girlfriend Boyfriend Stage တွေ ပျောက်နေတယ် ။

ဘာလဲ Silent ? ဘာလဲ Unofficial ? ဘာ " Just Friend " လဲ ?
မလိုအပ်ဘဲ ဖြူစင်တဲ့ Friendship တွေကို ရှုပ်ထွေးတဲ့ Relationship တွေနဲ့ အရောင် လာစွန်းနေတယ် ။

ရှင်းရှင်းလေးပါ ...
" DATING ပေါ့ "

ငါတို့ နှစ်ယောက် တယောက်ကို တယောက် လေ့လာနေတယ်ပေါ့ ။
တဘဝသာ အတွက် ရည်ရွယ်ထားတဲ့ သူတယောက်ကို အချင်းချင်း နီးနီး ကပ်ကပ် လေ့လာ နေတာ ဘာမှ ရှက်စရာ အကြောင်းကို မရှိတာ ။

နင်တို့ နှစ်ယောက်က ဘာလဲ ?
Dating ဖြေလိုက်လေ ... ။
ဘယ်လိုကြီးလဲ ? အတည်လား ? မုန့်ဝယ်ကျွေးပြောနေတဲ့ နားမလည်တဲ့ နလပိန်းတုန်းတွေ ကိုလည်း Educate လုပ်ပေး လိုက်ဦး ။

ဒီချိန်မှာ နှစ်ယောက်သား လက်ကလေးတွေ ကိုင်မိရင် ကိုင်မိမယ် ၊
ဖက်မိရင် ဖက်မိမယ် ၊ တွဲမိရင် တွဲမိမယ် ၊ နမ်းမိရင် နမ်းမိမယ် ။
ဒါက နှစ်ဦးနှစ်ဖက် သဘောတူတဲ့ အထိ ၊ Living Together ဆိုတဲ့ အထိ စိတ်တိုင်း ကျသွားနိုင်တယ် ။

" ချစ်တယ် " ဆိုတဲ့ စကားတခွန်း တခါမှ ပြောစရာ မလိုဘူးရော ?

မြန်မာနိုင်ငံမှာ " ချစ်တယ် " ဆိုတဲ့ စကားလုံးကို Relationship တခု Unlock လုပ်တဲ့ " သော့တချောင်း " လိုသုံး နေကြတယ် ။

ယောင်္ကျားလေးတွေဘက်ကလဲ ပွင့်ပွင့်လင်းလင်းပြောကြပါ
သုပ်ပိုးနထင်ရောက်ပြီး သူ့ရရင်ပြီးရောဆိုပြီး
ပါးစပ်ထဲရှိရာပြောမနေကြနဲ့

မိန်းခလေးတွေ ဘက်ကလည်း ဘယ်သူမှ အချိန်အတို အတွင်း " ချစ်နိုင်မှာ " မဟုတ်ဘူးလို့ စိတ်သွင်းထား ။ စကားတွေ အပေါ်မှာ မျောမသွားစေနဲ့ ။

ဒီလို ယောက်ျားထု ဘက် နဲ့ မိန်းမထုဘက် နှစ်ဦး နှစ်ဖက်လုံး " Dating " ဆိုတဲ့ Phase တစ်ခုကို နားလည် သဘောပေါက် လာမှ " ချစ်တယ် " ဆိုပြီး ပြောလိုက်လို့ အသည်းကွဲတဲ့ ဇတ်လမ်းတွေ ၊ အချစ်က ရက်စက်တယ်တွေ ၊ ဘာတွေ အချစ်ရေး ကံမကောင်းဘူးတွေ တဖြည်းဖြည်း နည်းလာမယ် ။

နောက်ဆုံး ပြောချင်တာက
အချစ်က လေးနက်တယ် ၊ တန်ဖိုး ရှိတယ် ၊ ရှားပါးတယ် ။
" ချစ်တယ် " ဆိုတဲ့ စကားလုံးကို လွယ်လွယ် အသုံးချပြီး
ကိုယ်လိုချင်တဲ့ အရာတွေေ-ာက် ရှက် မရှိ သွားရည် တွဲလောင်းနဲ့ လိုက် " လိမ် " မနေကြနဲ့လို့ ။

nkzhmdy

No comments

Powered by Blogger.