ဒီနေ့ခေတ် သမီးရည်းစား အတွဲတွေကို အရမ်း အားရတယ် ...
ဒီခေတ် သမီးရည်းစား တွေကို ကြည့် ကြည့်ပြီး အားကျတာ တခုက စားတာပဲ ...
အရင်ခေတ်ကနဲ့ မတူဘူး ၊ အရင်ခေတ်ကဆို အပြင်မှာ ဖြစ်ဖြစ် ဝတ္ထုထဲမှာ ဖြစ်ဖြစ်၊ ရုပ်ရှင်ထဲမှာ ဖြစ်ဖြစ် သိပ်မစားကြဘူး ...
လိမ္မော်ရည် ပုလင်း ပိုက်တပ် စုပ်ပြီး တယောက် မျက်နှာ တယောက်ကြည့် ၊ ကောင်မလေး ကလည်း ရှက် ခေါင်းလေးငုံ့ ၊ ကောင်လေးကလည်း ထူပူ ၊ ဘာလုပ်ရမှန်း မသိ ဒီလိုလာတာ ...
မတတ်သာလို့ ခေါက်ဆွဲကြော်လေး တပွဲ ဘူးသီးကြော်လေး တပွဲ မှာစားရင်ကို အရာ မယွင်းဘူး ... ပိုက်ဆံရှင်းပြီး ပြန်သာသွားတယ် ဒီအတိုင်းရယ် ... အဲ့ဒါ အရင်ခေတ်က သမီးရည်းစားတွေ ...
ဟော အခုခေတ် သမီးရည်းစားတွေ သတိထား ကြည့်မိတယ် ...
ကောင်မလေးကလည်း စားမယ့် သောက်မယ့် အရေး ဘာမှ ရှက်မနေ ကြောက်မနေတော့ဘူး ၊ အထာမကိုင်ဘူး ၊ ဆွဲတာပဲ အပီအပြင် ၊ တီးတာပဲ အမှန်အကန် ...
နင်က တုတ်ဒိုးကို တချောင်းဆို ငါက နှစ်ချောင်းပူး ...
နင်က ဆူရှီဆို ငါက ဟော့ပေါ့ ...
နင်က ဆီချက်ဆို ငါက ကြေးအိုး ...
နင်က တစ်ပွဲဆို ငါက နှစ်ပွဲ ...
နင်က အကင်ဆို ငါက မာလာဟင်း ...
နင်က ယိုးဒယားစာဆို ငါက ဂျပန်စာ ...
နင်က ဗမာဟင်းဆို ငါက ချစ်တီးထမင်း ...
ဆွဲကြတာပဲ နှစ်ယောက်သား အပီအပြင်ကို ...
အခုခေတ် အတွဲတွေ လာစားပြီး ထပြန်သွားလို့ သူတို့ဝိုင်းကို တချက် လှမ်းရှိုး ကြည့်လိုက် ...
ပြောင်နေတာပဲ ဆေးစရာတောင် မလိုဘူး ၊
အားရတယ် ၊ အဲ့လို ဖြစ်နေရမယ် ...
ဥပမာ အရင်ခေတ်က အတွဲဆို ငါးကင်စားရင် ငါးကို တူနှစ်ချောင်းနဲ့ ထိုးဆွပြီး ရှက်ရှက်နဲ့ မွှေသွားတာ ငါးမှာ ဝမ်းဗိုက်ကြီး စုတ်ပြတ်လို့ ကျန်နေခဲ့ရတာ ...
ဟော အခုခေတ် အတွဲကြတော့ ငါးကင်ကို ငါးခေါင်းပါ မချန် လုပြီး စားသွားကြတာ ၊
ငါးရိုးလေးခင်ဗျာ ငုတ်စိလေးပဲ ကျန်နေခဲ့ရတာ...
ဒီလိုပဲ ဖြစ်ရမယ်
ချစ်တာက ချစ်တာ တပိုင်း
စားတာက စားတာ တပိုင်း
ခွဲထားတာ ကောင်းတယ် ...
စားမယ့် အရေး ဘာမူနေစရာ လိုမလဲ ၊
ဣနြေ္ဒတွေ ဘာတွေ လုပ်မနေနဲ့ ၊ ကိုယ်စားမှ ကိုယ်ဗိုက်ဝမှာ
ကိုယ်က ရှက်ပြီး တွန့်နေရင် သူက အကုန် စားသွားမှာ
အဲ့တော့ စား ၊ အားပေးတယ် ...
ဘာရယ် မဟုတ်ပါဘူး ...
အခုခေတ် အတွဲတွေကို အားရတဲ့ အပိုင်းလေးတွေ လာပြောတာပါ ...
Wai Phyo Maung
Post a Comment