Header Ads

သိပ်ကို ဝမ်းနည်း ကြေကွဲဖွယ် ကောင်းတဲ့ ဖြိုးမြတ်အောင်လေး


လူတော်တော် များများ သတိမထားလိုက် မိတဲ့ ဝမ်းနည်းစရာ မြင်ကွင်းကို MMID ရဲ့ Final ပွဲမှာ jမင်လိုက်ပါတယ် ။ အရမ်းကို ခံစားရပါတယ် ။ လူတွေဟာ အရမ်းကို အဆင့်တန်း ခွဲကြပါတယ် ။ ငွေမျက်နှာ ကြည့်ပြီး ဘက်လိုက်ကြတယ် ။ ဆင်းရဲသားတွေကို နှိမ်တယ် ။

အဲ့ဒီနေ့က အဖြစ်ပျက်ကို ကြည့်ပြီး ပိုက်ဆံ ချမ်းသာတဲ့ သူတွေ ၊ အနုပညာရှင်တွေရဲ့ စိတ်ဓာတ်က အရမ်းကို အောက်တန်းကျမှန်း သိလိုက်ရပါတယ် ။

အဲ့ဒီနေ့က Myanmar IdoI Final ကြည့်နေချိန်မှာ ပထမတော့ အမှန်တကယ်ကို မောင်ချိုလေးတွက် စိတ်မကောင်း ဖြစ်မိပါတယ် ။ သူ့အတွက် ရိုက်ထားတဲ့ video လေး ကြည့်ပြီး မျက်ရည်ပါ ကျခဲ့မိပါတယ် ။

နောက်တော့ ကြည့်ရင်း ကြည့်ရင်း မောင်ချိုက နည်းနည်းများ အိုဗာ ဖြစ်နေလား လို့ပါ အာသီး လူတိုင်းယောင်ဖူးကြ ပါတယ် ။ ကျယ်မလည်း ယောင်ဖူးပါတယ် ။ ဒါပေမဲ့ အာသီး ယောင်တာကို အရေးပေါ် လူနာတင်ယာဉ်နဲ့ ဝီးချဲနဲ့ လာရမဲ့ အခြေအနေ မဟုတ်ဘူးလေ ။

ပြီးတော့ စကားပြောရင်း အခုပဲ မူးလဲတော့မှာ လိုလို နဲ့ အသံပဲ လုံးဝ မထွက်တော့တာ လိုလိုနဲ့ ဆိုသွားတာ ဖြိုးမြတ်အောင် ထက်တောင် ကောင်းနေသလား လို့ပါ ။

အဲ့ဒါတွေ ထားပါ ပြီးတော့ အမှန်ဆို ဒီပွဲက winner ရတဲ့သူ အတွက် အောင်ပွဲခံမဲ့ ညပါ ။ တကယ်တမ်း မှာတော့ winner ရတဲ့ ဖြိုးမြတ်အောင်က နာမည်ခံ တပ်ထားပြီး မောင်ချို အတွက် သီးသန့် လုပ်ထားသလိုပါဘဲ ။

ပြီးတော့ မမီးဆိုလား ဘာလား .. ပွဲစီစဉ်တဲ့ အဖွားကြီး ကလည်း ပရိတ်သတ် vote ပေးတဲ့ ပိုက်ဆံနဲ့ ဆုချပြီး သူ့ပိုက်ဆံ လိုလို ဘာလိုလိုနဲ့ ဖြိုးမြတ်အောင် winner ရသွားတာကို မကျေနပ်တဲ့ ပုံနဲ့ စင်ပေါ် တက်လာပြီး winner အတွက် အမှတ်တရ စကား ပြောခိုင်းတာတောင် ဟန်ဆောင် ပန်ဆောင် မပြောနိုင်ပဲ မောင်ချိုကိုသာ အဖက် လုပ်နေတာ အဆင့်တန်း ခွဲခြားနေသလို ပါပဲ ။

နောက်ပြီး လူအများ အမြင်မှာ မောင်ချိုကို ပရိတ်သတ်တွေက ဝိုင်းပြီး ဝေဖန်တယ် ။ တိုက်ခိုက်တယ် ဆိုပြီး သနားနေ ပေမဲ့ အမှန်တကယ် ဝေဖန် တိုက်ခံ ဖိနှိပ်ခံနေရတာ မောင်ချို မဟုတ်ပါဘူး ။ ဖြိုးမြတ်အောင်ပါ ။

မောင်ချိုက မမြင်ရတဲ့ fb ပေါ်ကနေ စာသားလေးနဲ့ ပရိတ်သတ် တချို့ရဲ့ ဝေဖန်ခြင်း သာ ခံရတာပါ ။ ဖြိုးမြတ်အောင် ကတော့ fb ပေါ်က အနုပညာရှင် တွေရဲ့တိုက်ခိုက်ခြင်းကိုလည်း ခံရတယ် ။

ပြီးတော့ အနုပညာရှင်တွေရဲ့ အင်္ဂလိပ်စာ မတက်ဘူး ဆိုတဲ့ ပညာအရည်အချင်းနဲ့ စိတ်ဓာတ် ကျအောင် တိုက်ခိုက်ခံရတယ် ။ ယခု အများအမြင် ပွဲမှာလည်း winner တယောက်ကို ချောင်ထိုးထားခြင်း ခံရတယ် ။

ဒီပွဲကြီးက ဖြိုးမြတ်အောင် ရခဲ့သော်လည်း အမှန်တကယ် မှာတော့ မောင်ချိုတွက် မွေးနေ့ လုပ်ပေးနေသလိုပါပဲ ။

ကျယ်မလည်း မောင်ချိုကို အစကတော့ သနားမိပါတယ် ။ အားငယ်သူကို အားပေးရမယ် ဆိုတာလည်း သိပါတယ် ။ ဒါပေမဲ့ လိုတာထက် ပိုနေရင်တော့ မကောင်းဘူးပေါ့ ။

ဒီလိုနဲ့ ကျယ်မ သံသယ တခု တွေးဝင်လာပါတယ် ။ အမှန်တကယ် မောင်ချိုနဲ့ ဖြိုးမြတ်အောင် ယှဉ်ပြိုင်ရင် ဖြိုးမြတ်အောင်က သေချာပေါက် winner ရမှာ သေချာနေတယ် ။ ပွဲစီစဉ်တဲ့ အဖွားကြီးကလည်း မောင်ချိုရဲ့ မိဘတွေနဲ့ မိတ်ဆွေ ဆိုတော့ မောင်ချိုပဲ ရစေချင်တယ် ။

ပရိတ်သတ် တချို့ကလည်း မောင်ချိုကို မုန်းနေတော့ တချက်ခုတ် အချက်တရာလောက် ပြတ်အောင် မောင်ချိုမိဘတွေနဲ့ ပွဲစီစဉ်တဲ့ အဖွားကြီး ပေါင်းကြံတယ် လို့ မြင်မိတယ် ။

မထူးလည်း ရူံးမှာ သေချာနေတော့ မပြိုင်ခိုင်းဘဲ ဖြိုးမြတ်အောင်ကို ဒီတိုင်း winner ပေးပြီး ပရိတ်သတ် မျက်ရည်ချူပြီး မောင်ချိုကို တိုက်ခိုက်နေတဲ့ ပရိတ်သတ်တွေပါ မောင်ချိုဘက် ပါလာအောင် လုပ်လိုက်တာပါ ။

အနုပညာသမားတွေ အတွက် ပိုက်ဆံတွေ ဆုတွေထက် ပရိတ်သတ်က အရေးကြီးပါတယ် ။ ပရိတ်သတ်ကို ငွေနဲ့ ဝယ်လို့ မရပါဘူး ။

အဲ့တာကြောင့် ပရိတ်သတ် ချစ်ပြီး သနားလာအောင် သူလည်း ပြိုင်ပွဲမှာ ရူံးတယ် ဆိုတဲ့ သိက္ခာ မကျအောင် ပေါင်းကြံ လိုက်ကြတယ် လို့ မြင်ပါတယ် ။

ဖြိုးမြတ်အောင်က တကယ် ရိုးသားပြီး ဘာမှ နားမလည်တဲ့ တောသားပါ ။ သူ့အတွက် သီချင်း ကိုတောင် လက်ဆောင် ပေးလိုက် ပါသေးတယ် ။ သူ့အတွက် ရေးထားတဲ့ သီချင်းဆို တော်တော်လေး ကောင်းပါတယ် ။

သီချင်း တပုဒ် ပေါက်ဖို့ ဆိုတာ သိန်း ထောင်ချီ ပေးတောင် မရပါဘူး ။ ရေးတဲ့သူ ကံ နဲ့ ဆိုတဲ့သူ ကံနဲ့ ဆန်းနဲ့ ပေါင်းမှ သီချင်းကောင်း ထွက်လာတာပါ ။  ဘယ် နံမည်ကြီး တေးရေးဆရာမှ အမြဲ ပေါက်အောင် မရေးနိုင်ပါဘူး ။ အဲ့တာတောင် ပေးလိုက်ပါသေးတယ် ။

သူတို့ အချင်းချင်း တည့်နေတာတော့ စိတ်ချမ်းသာစရာ ပါပဲ ။ ဒါပေမဲ့ သူ့မိဘ အသိုင်းအဝိုင်း ပတ်ဝန်းကျင်ရဲ့ အနိုင်ကျင့်ခြင်းကို ဘယ်သူ့မှ မထိခိုက်စေလို ပါဘူး ။

ဒီစာလေးဖတ်ပြီး like မလိုပါဘူး Share ပေးရင် ရပါပြီ ။ နံမည်ကြီးချင်လို့ မဟုတ်ပါ ။ ပွဲစီစဉ်တဲ့ မမီး ဆိုတဲ့ မျက်နှာလိုက်တဲ့ အဖွားကြီးရယ် စိတ်ဓာတ် အောက်တန်းကျပြီး ဝိုင်း တိုက်ခိုက်နေတဲ့ အနုပညာရှင် ဖာသည် ဖာခေါင်းတွေ သိစေရန်ပါ ။

လောကမှာ ငွေကြေး ထက် ပရိတ်သတ်ရဲ့ ချစ်ချင်း မေတ္တာက အရေးကြီးဆုံးပါ နင်တို့ ဒီဘဝရောက်လာတာ ပရိတ်တွေ ကြောင့်ပါ ။ ပရိတ်သတ်က နင့်တို့ရဲ့ ထမင်းရှင်ပါ ။ အနုပညာရှင်များ ငွေမျက်နှာ မကြည့်ဘဲ ပရိတ်သတ်ရဲ့ စိတ်ကို နားလည်စေရန်ပါ

Credit : အနုပညာရှင်တို့၏နောက်ကွယ်

No comments

Powered by Blogger.