ၾကာသပေတး သားသမီးမ်ား ဒီတစ္ပတ္ ေဆာင္ရန္ ေရွာင္ရန္ (Aug 16 မွ Aug 22 ထိ)
(For Zawgyi) Unicode ဖြင့် အောက်တွင် ဖတ်နိုင်သည်
ယခုကာလမွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရး အတြက္ အဂၤါ သားသမီးေတြနဲ႔ တုိင္ပင္ ေဆာင္ရြက္တာ အေကာင္းဆုံး ပါပဲ။ ယခုရက္ပုိင္း ကံအညံေလးေတြ ရွိေနသလုိ အဖက္ဖက္က အေႏွာင့္အယွက္ေလးေတြ ရွိေနတတ္ပါ တယ္။
ဒါေပမယ့္ လုပ္ငန္းသစ္ ၊ေနရာသစ္ စတာေတြ ဒီကာလမွာ အစျပဳလုပ္တာ ေကာင္းပါတယ္။ ရစရာရွိတဲ့ ေၾကြးဆုံးေတြ ျပန္ရတတ္သလုိ သိေဟာင္း ကၽြမ္းေဟာင္း ေတြနဲ႔လည္း ျပန္ဆုံရကိန္း ရွိပါတယ္။
စက္ပစၥည္း အသစ္ ေတြ ၀င္တတ္သလုိ အဂၤါနံ လုပ္ငန္းေတြ ျဖစ္တဲ့ စက္ပစၥည္း ၊ စာအုပ္ ၊ေဆး၀ါး ၊ေဆာက္လုပ္ေရး စတဲ့လုပ္ငန္း သမား ေတြ အေျခအေန ေကာင္းပါတယ္။
ႏိုင္ငံရပ္ျခားကိစၥ၊ လူမ်ိဳးျခား ဘာသာျခားေတြႏွင့္ ဆက္သြယ္ လုပ္ကိုင္ရေသာ ကိစၥေတြမွာ အထူး အက်ိဳးျဖစ္တဲ့ အခ်ိန္ပါ။ ဒီကာလမွာ ေငြအပါအ၀င္ တျခား ဘာကုိမဆုိ တျခားသူအား အာမခံ ေပးျခင္းေရွာင္ပါ။
က်န္းမာေရးကေတာ့ အစားအေသာက္ေၾကာင့္ ျဖစ္တတ္တာပဲ ရွိပါတယ္။ ပညာေရး ကေတာ့ တစ္ၿပိဳင္နက္ဘာမွ မစီစဥ္ပါနဲ႔။ တစ္ခုၿပီးမွ တစ္ခုသာ လုပ္သင့္ပါတယ္။
အိမ္ေထာင္ရွင္မ်ား အက်ီစားသန္လုိ႔ စကားမ်ား တတ္ေပမယ့္ ခ်စ္သူေတြ အတြက္ကေတာ့ အသစ္ေတြ႕ကိန္းရွိလုိ႔ သတိထား ဆင္ျခင္ပါ။
ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားအား ယခုတစ္ပတ္လုံး ၾကာသပေတးနံ မာလကာ၊ ပန္းသီး တုိ႔ျဖင့္ သစ္သီးဆြမ္း ကပ္လွဴပူေဇာ္ပါ။
ျပည္ပ ထြက္ခြာ လုိသူမ်ား။ ။ မိမိ သြားလုိသည့္ အရပ္ေထာင့္ရွိ ေခြးမ်ားအား မနက္ဖက္တြင္ အစာေကၽြးပါ။
အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား။ ။ ဘုရားေစတီရွိ ၾကာသပေတးေထာင့္တြင္ ပန္းေပါင္းစုံ ကပ္လွဴကာ ဓမၼစၾကာ ရြတ္ဖတ္ ပူေဇာ္ပါ။
အိမ္ေထာင္ေရး ၊ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။မိမိ ေနအိမ္အတြင္း အဂၤါနံ ပစၥည္းအေဟာင္း အပ်က္မ်ား ရွိပါက အိမ္၀င္း ျပင္ပေရာက္ေအာင္ လႊင့္ပစ္ေပးပါ။
လူမႈေရး အတုိက္အခံ မ်ားသူမ်ား။ ။ ဘုရားေစတီ မ်ားသုိ႔ သြားကာ မိမိၿဂိဳလ္နံ ဘုရားကုိ ေရသက္ေစ့ သပၸါယ္ေပးပါ။
က်န္းမာေရး မေကာင္းသူမ်ား ။ ။ ဘုရားေက်ာင္း ေစတီ၀င္း အတြင္းရွိ ေဗာဓိေညာင္အား ေညာင္ေထာက္ေပးပါ။ လမ္းမ်ားတြင္ တံတား ထုိးေပးပါ။
ထီ ကံေကာင္းလုိသူမ်ား။။ ၾကာသပေတး နာမည္ပါ ထီဆုိင္တြင္ ၃ /၅ ဂဏန္း မ်ားမ်ားပါသည့္ ထီထုိးလုိက္ပါ။
(For Unicode)
ယခုကာလမှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အတွက် အင်္ဂါ သားသမီးတွေနဲ့ တိုင်ပင် ဆောင်ရွက်တာ အကောင်းဆုံး ပါပဲ။ ယခုရက်ပိုင်း ကံအညံလေးတွေ ရှိနေသလို အဖက်ဖက်က အနှောင့်အယှက်လေးတွေ ရှိနေတတ်ပါ တယ်။
ဒါပေမယ့် လုပ်ငန်းသစ် ၊နေရာသစ် စတာတွေ ဒီကာလမှာ အစပြုလုပ်တာ ကောင်းပါတယ်။ ရစရာရှိတဲ့ ကြွေးဆုံးတွေ ပြန်ရတတ်သလို သိဟောင်း ကျွမ်းဟောင်း တွေနဲ့လည်း ပြန်ဆုံရကိန်း ရှိပါတယ်။
စက်ပစ္စည်း အသစ် တွေ ဝင်တတ်သလို အင်္ဂါနံ လုပ်ငန်းတွေ ဖြစ်တဲ့ စက်ပစ္စည်း ၊ စာအုပ် ၊ဆေးဝါး ၊ဆောက်လုပ်ရေး စတဲ့လုပ်ငန်း သမား တွေ အခြေအနေ ကောင်းပါတယ်။
နိုင်ငံရပ်ခြားကိစ္စ၊ လူမျိုးခြား ဘာသာခြားတွေနှင့် ဆက်သွယ် လုပ်ကိုင်ရသော ကိစ္စတွေမှာ အထူး အကျိုးဖြစ်တဲ့ အချိန်ပါ။ ဒီကာလမှာ ငွေအပါအဝင် တခြား ဘာကိုမဆို တခြားသူအား အာမခံ ပေးခြင်းရှောင်ပါ။
ကျန်းမာရေးကတော့ အစားအသောက်ကြောင့် ဖြစ်တတ်တာပဲ ရှိပါတယ်။ ပညာရေး ကတော့ တစ်ပြိုင်နက်ဘာမှ မစီစဉ်ပါနဲ့။ တစ်ခုပြီးမှ တစ်ခုသာ လုပ်သင့်ပါတယ်။
အိမ်ထောင်ရှင်များ အကျီစားသန်လို့ စကားများ တတ်ပေမယ့် ချစ်သူတွေ အတွက်ကတော့ အသစ်တွေ့ကိန်းရှိလို့ သတိထား ဆင်ခြင်ပါ။
ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားအား ယခုတစ်ပတ်လုံး ကြာသပတေးနံ မာလကာ၊ ပန်းသီး တို့ဖြင့် သစ်သီးဆွမ်း ကပ်လှူပူဇော်ပါ။
ပြည်ပ ထွက်ခွာ လိုသူများ။ ။ မိမိ သွားလိုသည့် အရပ်ထောင့်ရှိ ခွေးများအား မနက်ဖက်တွင် အစာကျွေးပါ။
အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ။ ။ ဘုရားစေတီရှိ ကြာသပတေးထောင့်တွင် ပန်းပေါင်းစုံ ကပ်လှူကာ ဓမ္မစကြာ ရွတ်ဖတ် ပူဇော်ပါ။
အိမ်ထောင်ရေး ၊နှလုံးသားရေး အဆင်မပြေသူများ။ ။မိမိ နေအိမ်အတွင်း အင်္ဂါနံ ပစ္စည်းအဟောင်း အပျက်များ ရှိပါက အိမ်ဝင်း ပြင်ပရောက်အောင် လွှင့်ပစ်ပေးပါ။
လူမှုရေး အတိုက်အခံ များသူများ။ ။ ဘုရားစေတီ များသို့ သွားကာ မိမိဂြိုလ်နံ ဘုရားကို ရေသက်စေ့ သပ္ပါယ်ပေးပါ။
ကျန်းမာရေး မကောင်းသူများ ။ ။ ဘုရားကျောင်း စေတီဝင်း အတွင်းရှိ ဗောဓိညောင်အား ညောင်ထောက်ပေးပါ။ လမ်းများတွင် တံတား ထိုးပေးပါ။
ထီ ကံကောင်းလိုသူများ။။ ကြာသပတေး နာမည်ပါ ထီဆိုင်တွင် ၃ /၅ ဂဏန်း များများပါသည့် ထီထိုးလိုက်ပါ။
Olm
Post a Comment