Header Ads

Single ဘဝမှ ကျွတ်ဖို့ မလွယ်သောသူများ..


1) ရုပ်ရည် ၊ ဒီဇိုင်း ကာလာ အနေအထား အားဖြင့် အင်မတန် ဖြောင့်ချော တည်ကြည်ခန့်ညား နေတတ်သောသူများ။ (လူတိုင်းက ရှိန်ပြီး single ဘဝမှာ တစ်နေခြင်းဖြစ် )

2) တစ်ယောက်ထဲနေ ၊ တစ်စိတ်ထဲထားပီး ပေါက်တက်ကရ လုပ်နိုင်ခြင်း ကို ကြိုက်သော သူများ။

3) တစ်ယောက်ထဲနေပီး everonline ဖြစ်၊ new feeds ပွတ်နေရသော ဘဝ ကို မစွန့်လွှတ်နိုင်သော သူများ ။

4) ရည်းစား ထားလိုက်ရင် တစ်ယောက်ထဲ ရမှာ ဆိုပြီး crush ပေါင်း သောင်းခြောက်ထောင်လောက် ထားခြင်းဖြင့် single ဘဝ၌ လုံးချာလိုက်နေသောသူများ ။

5) နှလုံးသားရေးထက် ဦးနှောက်အရေး ကို ပိုမို ဦးစားပေး စဉ်းစားရာတွင် ပါရမီ ရင့်သန်သောသူများ ။ (မိမိ၏ ဘဝ အခြေအနေကို အင်မတန် ထည့်တွက်လွန်းသော သူများဖြစ်)

6) ကိုယ် ချစ်သောသူမှ ကိုယ့်ကို ပြန်မချစ်သေး၍ single ဘဝ ကို မချွတ်နိုင်သေးသော သူများ။ (crush ၏ ချေခြင်းကို ပိုးစိုးပတ်စက် ခံနေရသော သူများ)

7) ချစ်သူမရှိတာထက် မုန့်စားဖို့ ပိုက်ဆံမရှိမှာ သေမတတ် စိုးရိမ်သော သူများ။ (တစ်နည်းအားဖြင့် စောက်စားကြီးသူများ)

8) အပူအပင်မရှိပဲ အနှောင်အဖွဲ့ ခပ်ကင်းကင်းဖြင့် သူငယ်ချင်းများနဲ့ လွတ်လွတ်လပ်လပ် နေနိုင်ခြင်းကို ဂုဏ်ယူသော သူများ။ (ဟိုနားမသွားနဲ့ ဒီနားမသွားနဲ့ အမိန့်ပေးခံရတာကို မကြိုက် ။ ကိုယ့်စိတ်တိုင်းကျ နေချင်သလို နေမည် ဟူသော လူစားများ)

9) bill ကုန်စရာ မလိုပဲ အိပ်ရေးဝဝ အိပ်နေနိုင်ခြင်းကို ကြိုက်နှစ်သက်သော သူများ။

10) စိတ်ပူပန် ပေးစရာလည်း မလို ၊ကိုယ့်ကို စိတ်ပူပေးမဲ့သူလည်း မရှိ ။ ဂရုစိုက် ပေးစရာလည်း မလို ၊ ဂရုစိုက်ပေးမဲ့သူလည်း မရှိ ။ သဝန်တိုမှု ခပ်ကင်းကင်း နေနိုင်ခြင်းကို ကျေနပ်ပီတိ ဖြစ်နေသော သူများ။

11) အရမ်းကြီး ချစ်မိပြီးမှ စောင်အသည်း ကွဲမှာကို ထိပ်လန့် ကြောက်ရွံ့သော သူများ။



12) အတိတ်က သင်ခန်းစာတွေကို ပြန်တွေးရင်း သင်ခန်းစာ ယူမိသော သူများ။

13) ချစ်ခဲ့ဖူးသောသူကို မမေ့နိုင်ပဲ အသစ်ထပ် မလိုချင်သော သူများ။

14) ဘယ်သူ့ ကြိုက်လို့ ကြိုက်ရမှန်း မသိပဲ တစ်ယောက်ထဲ တိုင်ပတ်နေသော သူများ။

15) စနှိုက်ကြော်ပီး ကြာကူလီ လုပ်ခံရမည် ကို တွေး၍ ကြောက်နေသော သူများ။

16) ဘာကောက်လို့ ကောက်မှန်း မသိသော ရစ်ကောက်များ ကို အလုပ်ပျက် အကိုင်ပျက် ချော့ရခြင်းကို မနှစ်သက်သည့် သူများ။

17) V- Day တွေ၊ B - Day တွေ၊ Anni day များတွင် အသုံးပြုရမည့် ငွေကုန်ပေါက် suprise များအတွက် တွေးပူနေရသော သူများ။

18) ဟိုဟာလည်း မကြိုက် ၊ ဒီဟာလည်း မကြိုက် အင်မတန့် အင်မတန် ဂျီးများပီး လက်ပေါက် ကပ်လွန်းသူများ ။ (ဇီဇာကြောင်လွန်းသူများ ဖြစ်)


19) မိမိ သူငယ်ချင်းများ၏ Rs ပြဿနာများကို မြင်တွေ့နေရခြင်းဖြင့် သံဝေဂ ရသွားသော သူများ။

20) ကိုယ်ချစ်သောသူနှင့် ကိုယ်လက်ထပ်မဲ့သူ တစ်ထပ်ထဲ ကျဖို့ အတွက် စောင့်ဆိုင်းနေသောသူများ။

21) ကြိုက်လိုက်တိုင်း ပါပါသွားသော 'ကြိုက်ပါ' ကြီး အပြင် ချိန်လိုက်တိုင်း ပါပါသွားသော 'ချိန်ပါ ကြီး ဖြစ်နေသောသူများ။

22) ကိုယ့် idol နှင့် တူသော သူများကို မျှော်လင့်စောင့်စားခြင်းဖြင့် ရူးနေသော သူများ။

အထက်ပါ သူများသည် single ဘဝ မှ ကျွတ်နိုင်မည့် ရာခိုင်နှုန်း နည်းသော ပါရမီရှင်များ ဖြစ်ကြပါသည် ။ သင်ကရော ဘယ်လို single များဖြစ်ပါသလဲ...

ခဲတံ

No comments

Powered by Blogger.