ချစ်သူတွေ စိတ်ချင်း မခြားစေဖို့ ....
အကြောင်း ကိစ္စ တော်တော် များများမှာ .....
ငါမပြောဘူး ၊ မင်းမမေးဘူး ၊ အဲ့ဒါက အကွာ အဝေး ဖြစ်သွားတယ် ။
ငါမေးပြီ ၊ မင်းမပြောဘူး ၊ မကြည်တော့ဘူး ဆိုတာ ထင်စရာ ဖြစ်လာတယ် ။
ငါမေးတယ် ၊ မင်းလည်း ပြောတယ် ၊ တန်ပြန် လေးစားတယ် လို့ ခေါ်တယ် ။
ငါပြောချင်တယ် ၊ မင်းလည်း မေးချင်တယ် ၊ နားလည်မှု ဖြစ်သွားပြီ ။
ငါမမေးဘူး ၊ မင်းကပြောပြတယ် ၊ အဲဒါ ယုံကြည်မှုပါ ။
အကြောင်း ကိစ္စ တော်တော် များများမှာ သင်မြင်ရတဲ့ အရာ ၊ ကြားရတဲ့ အရာများ အားလုံးဟာ သင်ထင်မြင်ခဲ့ သလို မဟုတ်ပါဘူး ။
နောင်မှ တရတဲ့ နောင်တ နည်းချင်ရင် သူများကို ရှင်းပြဖို့ အခွင့်အရေး ပေးပါ ။ သူများကို ရှင်းပြဖို့လည်း စိတ်ရှည်ရှည် ထားပေးပါ ။
မမေးဘူး ၊ မပြောဘူး၊ ရှင်းမပြဘူး ၊ ဒါ မာနရှိတယ်လို့ မခေါ်နိုင် ပါဘူး ။ ကိုယ့်အပေါ်ရော၊ သူများ အပေါ်ပါ တာဝန်မဲ့ရာ ကျမယ် ၊ တရားမျတမှု မဲ့ရာ ကျမယ် ၊ သူများကို အခွင့်အရေး တစ်ခု ပေးပါ ။ ကိုယ့်ကိုယ်ကိုလည်း အခွင့်အရေး တစ်ခုပေးပါ ။
ချစ်သူတွေ အနေ ဝေးတာက ကြောက်စရာ မကောင်းပါဘူး ။ စိတ်ချင်း ဝေးသွားရင် အနေ နီးရက်နဲ့ ဆယ်ကမ္ဘာ ခြားသွား ပါတယ် ။
Sayar Aung Ko Latt
Post a Comment