ခွေးသေပုပ်ကောင်ကို ခြေထောက်နဲ့ မကန်ပါနဲ့..
အမေပြောခဲ့ဖူးတဲ့ ခွေးသေပုပ်ကို ခြေထောက်နဲ့ မကန်မိစေနဲ့ စကားလေးပါ.. တခုခုဆို ဆတ်ဆတ်ထိ မခံတတ်တဲ့ အကျင့် ကျွန်မမှာ ရှိခဲ့တယ်.. ကိုယ်မှန်တယ် ထင်ရင် ပြောဆိုရဲသလို မှားတယ် ထင်ရင်လည်း တောင်းပန်ရဲတာ ကျွန်မအကျင့်..
ကိုယ်မှန်လို့ ပြောပြီ ဆိုရင် ဘယ်သူ့ မျက်နှာမှ မကြည့်တတ်ခဲ့ဘူး.. အရိုင်းစိုင်း တစ်ယောက်လိုပဲ ဖြစ်ခဲ့ဘူးတယ်.. မဟုတ်မခံတဲ့ အာ့စိတ်လေးကို မသိစိတ်က သဘောကျမိလေ ကျွန်မစိတ် မောက်မာလာလေပဲ..
သွားမလုပ်နဲ့ သူက ဆတ်ဆတ်ကြဲ စိတ်လည်းကြီးတယ် မဟုတ်မခံ ပြန်ပြောတတ်တယ်တဲ့.. သူတို့တွေ အပြောမှာ ကျွန်မကို ကျွန်မ အဟုတ်ကြီး မှတ်ခဲ့ဘူးတယ်.. မဟုတ်တဲ့ ကိစ္စတစ်ခုကို ရှင်းရမှ စိတ်ကျေနပ်တာ ကျွန်မ အကျင့်ဆိုးကြီးလို ဖြစ်နေခဲ့တာ..
တစ်နေ့ကျ အမေနဲ့ အပြင်သွားတော့ လမ်းဘေး အမှိုက်ပုံတစ်ခုမှာ ခွေးသေပုတ်ကောင်ကြီး အနံတထောင်းထောင်း မြင်တွေ့ရတာ စိတ်ပျက်စရာပါ..
ကျွန်မ နှာခေါင်းရှုံ့ လက်နဲ့ကာလို့ မျက်နှာမဲ့သွားတာ အမေမြင်တော့ အမေကပြောတယ်.. သမီး ခွေးသေပုတ်ကို ခြေထောက်နဲ့ ကန်ရဲလားတဲ့..
ကန်စရာလား အမေရယ် ဒီလောက် ပုတ်စော်နံနေတဲ့ ဟာကို ဆိုတော့ အမေကပြုံးတယ်..
ဟုတ်တာပေါ့ သမီးရဲ့.. ကိုယ်မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူတစ်ပါး ပြောတဲ့စကား ကိုယ့်ကောင်းကျိုးပါလား တွေးစဉ်းစားတဲ့..
မဟုတ်တာ ပြောတယ်.. ကိုယ်က အာ့လူနဲ့ ဖက်ဖြစ်တော့ ဘာပြန်ရလဲတဲ့.. အမေ့ရဲ့မေးခွန်းကြောင့် ကျွန်မ နှုတ်ဆိတ်နေမိတယ်
တစ်ဖက်လူက ဆဲတယ် ရိုင်းတယ်.. ကိုယ့်လည်း ပါးစပ်ပါတယ် ပြန်ပြောလို့ရတာပဲ.. ဒါပေမယ့် မတူဘူးတဲ့ အရိုင်းအစိုင်းနဲ့ ဖက်ဖြစ်ရင် ကိုယ်လည်းသူနဲ့ အဆင့်တူတူပဲ ဖြစ်သွားရောတဲ့..
ဟုတ်ပါတယ်.. ကျွန်မ မေ့နေခဲ့တာ ကျွန်မရှေ့မှာ မဟုတ်မခံပြောတဲ့ လူတစ်ချို့ကလည်း ကျွန်မနောက်ကွယ် အရိုင်းစိုင်းလေးလို့ ပြောနိုင်သားပဲ..
ကိုယ်မဟုတ်တဲ့ ကိစ္စအတွက် လေကုန်ခံ ပြောမနေတော့ဘူး.. အာ့အတွက် ကိုယ်လည်း ဒေါသ မဖြစ်ရသလို မထွက်ရတော့ဘူး..
ကိုယ် အနည်းဆုံးတော့ အမှား ကင်းလာတယ်.. လျစ်လျူရှု တတ်တာ တစ်ခုက အကျင့်ဖြစ်လာတယ်.. လူကြီး လူငယ်ဖြစ်ဖြစ် သူရိုင်းရင် သူ့အကုသိုလ်နဲ့သူ သွားလိမ့်မယ်.. ဘာဆိုဘာမှ မပြောနေတော့ဘူး.. ခွေးဟောင်တိုင်းသာ လိုက်ကြည့်ရင် နေစရာနေရာ မရှိတော့သလိုပေါ့..
အာ့နောက်ပိုင်း ခွေးသေပုပ်ကိုလည်း ခြေထောက် အပေခံပြီး မကန်တော့သလို အရာအားလုံး လျစ်လျူရှုတတ်အောင် နေတတ်ခဲ့တယ် 🍀
Nann
Post a Comment