Header Ads

အထီးကျန်မှုတွေကို ကျော်ဖြတ်နိုင်ဖို့


ကိုယ်တယောက်ထဲ နေထိုင်တတ်အောင် လေ့ကျင့် ထားပါ တဲ့ ။ သိပ်ကောင်းတဲ့ စကားလေးပါ ။

ကျနော်တို့ရဲ့ ဘဝသက်တမ်း တလျှောက် အခက်အခဲ ဒုက္ခ တွေနဲ့ ရင်ဆိုင်လာရတဲ့ အခါ အားကိုးရတဲ့ မိတ်ဆွေတွေ ရှိချင်ရှိမယ် ။ ယုံကြည်ရတဲ့ လက်တွဲဖော်ကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်မယ် ။ ဒါပေမယ့် လူဆိုတာ တခါတလေ ကိုယ်တဦးထဲ အထီးကျန် ဆန်ဆန် ဖြတ်သန်း ရတဲ့ ကာလတွေ ရှိတယ် ။

ဒီအချိန်မှာ တယောက်တည်း ဖြတ်သန်းဖို့ ဘာတွေ လိုအပ်မလဲ ..... ?

1) ကိုယ် ၀ါသနာ ပါတဲ့ အတတ်ပညာ တခုခုကို သင်ယူပါ

ဥပမာ 6 လလောက် တယောက်ထဲ နေထိုင်ရတော့မဲ့ အခြေအနေ မျိုးမှာ ဆိုပါစို့ ။ သင် ရေကူးသင်နိုင်တယ် ။ ဘာသာ စကား တစ်မျိုးမျိုးကို လေ့လာ သင်ယူ နိုင်တယ် ....  စတဲ့ အတတ်ပညာတစ်ခုခုကို သင်ယူလေ့လာရင်း အထီးကျန် ဆန်ဆန် ဖြတ်သန်း ရမဲ့ အချိန်တွေကို ကုန်လွန်နိုင်ပါတယ် ။

2) ကိုယ်နှစ်သက်တဲ့ စာအုပ်တွေ ဖတ်ပါ

စာဖတ်ခြင်းဟာ သင့်ရဲ့ အထီးကျန်ဆန်မှုကို အကောင်းဆုံး ချေဖျက်ပေးပါ လိမ့်မယ် ။ စာဖတ်နေရရင် ထမင်းမေ့ ဟင်းမေ့ ဖြစ်နေတတ်တဲ့ သူတွေကိုတောင် တွေ့ဖူးပါတယ် ။

စာပေသမား တယောက်ရဲ့ ဘဝမှာ အထီးကျန် ဆန်မှု ဆိုတာ မရှိဘူး လို့ ညွှန်းဆိုရတဲ့ အထိ ဘဝကို စာအုပ်တွေထဲမှာ နှစ်မြှုပ် ထားခြင်းဟာ တကယ့်ကို နှစ်လိုဖွယ် အလေ့အကျင့် တခုလည်း ဖြစ်ပါတယ် ။

3) သင် တယောက်ထဲ အထီးကျန် နေရပြီဆိုရင်

သီချင်းတွေ အော်ဆိုပါ ။ ဂစ်တာ တီးပါ ။ ကိုယ် မနှစ်သက်ဖူးတဲ့ အဝတ်အစား တွေ ဝတ်ကြည့်ပြီး အရင်ကနဲ့ မတူညီတဲ့ ပုံစံမျိုးနဲ့ ရှင်သန်ကြည့်ပါ ။ စိတ်လွတ် ကိုယ်လွတ် ရူးသွပ် လိုက်ပါ ။

ကိုယ့်စိတ်ကို ထွက်ပေါက် ပေးခြင်းဟာ ခံစားမှုတွေကို အခိုက်အတန့် တခုထိ မေ့ပျောက်စေပါတယ် ။

4) အရမ်း စိတ်ညစ်ပြီး အထီးကျန်ဆန် နေပြီလား ....?

ရိုးရိုးလေးပဲ တွေးကြည့်မယ် ။ အိပ်ပစ်လိုက်ပါ ။ အိပ်စက်ခြင်း ဟာလည်း ဦးနှောက် မှတ်ဉာဏ်ကို ပိုမိုကောင်းစေရုံမက တယောက်ထဲ ရှိနေတဲ့ အချိန်တွေမှာ လိုအပ်ရင် ကျင့်သုံးသင့်တဲ့ နည်းလမ်း တခုပါ ။

စိတ်ညစ်လို့ အိပ်ရမယ်ပေါ့ ? ဒီလိုမျိုး မေးခွင့် ရှိပါတယ် ။ ဟုတ်ပါတယ် ။ တခါတလေ အဓိပ္ပါယ် မဲ့တယ်လို့ ထင်ရတဲ့ အရာတွေက အပူအပင်​ ကင်းပါတယ်​ ။

Credit Original

No comments

Powered by Blogger.