သူ ကိုယ့်အနားမှာရှိတုန်း ဂရုစိုက်ပေးပါ ...
မိန်းခလေး တယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူး ဆိုတဲ့ စကား ကြုံရာလူနဲ့ လက်ဆောင် မပါးပါနဲ့ ။ သူ ကိုယ့်ရဲ့ အနားမှာ ရှိတုန်း ဂရုစိုက်ပါ ။
ယောက်ျားလေး တယောက်က ညာရင် မိန်းခလေး တယောက်က ချစ်တဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးတတ် ကြတယ် ။ မိန်းခလေး တယောက်က ညာခဲ့ရင်တော့ ယောက်ျားလေး တယောက်က အလွယ်တကူ စွန့်လွှတ်တတ် ကြတယ် ။
မိန်းခလေးတွေက ချစ်တယ်လို့ ပြောပြီးရင် အဆုံး စွန်ထိ နားလည် ပေးဖို့ ပြင်ဆင် ထားကြသူတွေပါ ။ ချစ်သူ ရည်းစား များတယ် ဆိုတဲ့ ဂုဏ်ပုဒ်ကို ဘယ်မိန်းခလေး ကမှ မနှစ်သက် ပါဘူး ။
ကိုယ့်ချစ်သူက ကိုယ့်တယောက်ထဲကို သစ္စာရှိရှိနဲ့ ဂရုတစိုက် ချစ်ရင် အရာရာကို ပေးဆပ်ဖို့ ဝန်မလေးတတ်တာ မိန်းခလေးတွေပါ ။
မိန်းခလေးတွေ လိုချင်တာ ငွေကြေးချမ်းသာမှု မဟုတ်ပါ ။ သူတို့ဘဝကို နားလည်ပေးနိုင်သူရယ် ၊ လုံခြုံမှု ပေးနိုင်သူ ရယ်ပါ ။
မိန်းခလေး ဆိုတာက အလိုလို နေရင်းနဲ့ အားငယ်တတ်သူပါ ။ အဆင် မပြေချိန် စိတ်အား ငယ်ရချိန် တွေမှာ သူတို့ ရင်ဖွင့်ချင်တာ သူတို့ ငိုကြွေးချင်တာ ချစ်သူရဲ့ ရင်ခွင်မှာပါ ။
ဒါပေမယ့် ယောက်ျားလေး အများစုက ချစ်တယ်လို့ ပြောပြီးရင် ပြီးသွားပြီ ။ တော်ရုံ ဂရုမစိုက်တတ် ကြဘူး ။ စိတ်မရှည်တတ် ကြဘူး ။ မအားဘူး ဆိုတဲ့ စကားက သူတို့ရဲ့ ဆောင်ပုဒ် ပါပဲ ။ ဂရုစိုက်မှုတွေ မရှိရင်တော့ အချစ် ဆိုတာက အလားကား ပဲလေ ။
ချစ်တယ် လို့ ပြောပြီး ပြစ်ထားတတ်တာ ယောက်ျားလေးတွေ အကျင့် ဆိုရင် သွေးအေးအေး နဲ့ တိတ်ဆိတ်စွာ လမ်းခွဲ တတ်တာ မိန်းခလေးတွေရဲ့ အကျင့် ဆိုတာ မမေ့ပါနဲ့ ။
ပေါက်ကွဲ လွယ်တဲ့ မိန်းခလေးတွေက အေးစက်ပြီး တည်ငြိမ်သွားရင် သတိထား ။ အဲ့လို မိန်းခလေးတွေက လူမသတ်ဘူး ။ သူတို့ရဲ့ စိတ်ကိုပဲ အသေ သတ်ကြတာ ။
မိန်းခလေး တယောက် ပြောင်းလဲသွားကာမှ " ဒီမိန်းမ သစ္စာ မရှိဘူး " ဆိုတဲ့ စကား ကြုံရာလူနဲ့ လက်ဆောင် မပါးပါနဲ့ ။ အနားမှာ ရှိတုန်း ဂရုစိုက်ပါ ..... ။
Credit
Post a Comment