Header Ads

တိုင်ပတ်တဲ့အဖြစ်အပျက်..


တခါတုန်းက... 😝 ကုမ္ပဏီ သူဌေးတစ်ဦးက သူ၏ အတွင်းရေးမှူး ကောင်မလေးကို ဖုန်းဆက်သည်..

နီလာရေ မနက်ဖြန် နိုင်ငံခြား ခရီးစဉ်သွားရမယ် တစ်ပတ်လောက် ကြာမှာမလို့ မင်းလိုက်ခဲ့ရမယ်..

နီလာက သူခင်ပွန်းသည် ယောက်ကျားကို ဖုန်းဆက်သည်..

မောင်ရေ မနက်ဖြန် နီလာ သူဌေးနဲ့ နိုင်ငံခြား ခရီးစဉ် သွားရတော့မှာမလို့ အဆင်ပြေသလိုသာ ချက်ပြုတ်စားသောက်ပါနော်..

ခင်ပွန်းသည် ယောက်ကျားက သူနှင့် တိတ်တိတ်ပုန်း ဖောက်ပြန်နေသော ခင်မာဆိုတဲ့ ကျောင်းဆရာမလေးဆီ ဖုန်းဆက်သည်..

ခင်ရေ အိမ်ကဟာမကြီး မနက်ဖြန် နိုင်ငံခြား ခရီးစဉ် တပတ်ကြာသွားမှာ ခင် အိမ်မှာ လာနေပေါ့ တစ်ပတ်လောက် ချစ်လို့ရပီ သိလား..

ထိုအခါ ခင်မာဆိုသော ဆရာမလေးက သူတပည့် ပီတာကို ဖုန်းဆက်သည်..

ပီတာရေ မနက်ဖြန်ကစပီး ကျူရှင် တစ်ပတ်တိတိ ပိတ်တယ်သိလား.. မင်းလာစရာ မလိုတော့ဘူး..

ထိုအခါ ပီတာက သူ့အဖိုးဆီ ဖုန်းဆက်သည်..

ဖိုးဖိုး နက်ဖြန်ကစပြီး ကျူရှင် တစ်ပတ်တောင် ပိတ်တာ သားကို အချိန်ပေးပီး သားနဲ့ လျောက်လည်ပေးပါ ဖိုးဖိုးရယ်..

ထိုအခါ ဖိုးဖိုးက သူ့ အတွင်းရေးမှူးမလေးကို ဖုန်းဆက်သည်..

နီလာရေ မနက်ဖြန် မသွားဖြစ်တော့ဘူး သိလား.. မြေးလေးကို အချိန်ပေးပီး သူနဲ့နေရမှာ မလို့ပါ..

ထိုအခါ နီလာက ခင်ပွန်းသည် ယောက်ကျားကို ဖုန်းဆက်သည်..

မောင်ရေ.. နီလာ မသွားဖြစ်တော့ဘူး သိလား.. သူဌေးက သူမြေးကိုပဲ အခ်ျိန်ပေးတော့မှာတဲ့ ခုပဲ အိမ်ပြန်လာမယ်..

ခင်ပွန်းသည် ယောက်ကျားက သူ၏ တိတ်တိတ်ပုန်း ဆရာမလေး ခင်မာကို ဖုန်းဆက်သည်..

ခင်မာရေ အိမ်ကဟာမကြီး မသွားဖြစ်တော့လို့ မလာနဲ့တော့နော်..

ခင်မာက ပီတာကို ဖုန်းဆက်သည်..

ပီတာ မနက်ဖြန် ကျူရှင် မပိတ်တော့ဘူး သိလား.. မင်းအိမ်လာခဲ့..

ပီတာက သူ့အဖိုးကို ဖုန်းဆက်သည်.. ဖိုးဖိုးရေ မနက်ဖြန် ကျူရှင် မပိတ်တော့ဘူးတဲ့..

ဖိုးဖိုးက သူ့ အတွင်းရေးမှူးမလေးကို ဖုန်းဆက်သည်..

နီလာရေ မနက်ဖြန် နိုင်ငံခြား ခရီးစဉ် သွားဖြစ်တယ်..

နီလာက သူခင်ပွန်းသည် ယောက်ကျးကို ဖုန်းဆက်သည်..

ဂါးးးးးးးး....

ကွကိုယ် ဆက်စဉ်းစားပီးသာ နေတော့.. ရေးရတာ လက်ညောင်းနေပြီး 😃

တိုင်​ပတ်​တယ်​😂😂😂

Credit

No comments

Powered by Blogger.