အပြုံးနဲ့သာ စွန့်လွှတ်လိုက်ပါ..
ကိုယ်ဘက်ကသာ ဖုန်းလေး တကိုင်ကိုင်နဲ့ မျှော်နေမိတာ..
တွေးကြည့်ပါဦး.. သူ အဆက်အသွယ် လုပ်ချင်စိတ် ရှိရဲ့လားလို့…
ကိုယ်ကသာ တမ်းတမ်းတတ ဖြစ်နေရတာ..
တွေးကြည့်ပါဦး.. သူကိုယ့်ကို သတိမှရရဲ့လားလို့…
ကိုယ်ကသာ ဖြတ်ဖို့ ခက်အောင် တွယ်တာနေတာ..
တွေးကြည့်ပါဦး.. သူ့ဘက်က ခိုင်မြဲခဲ့လားလို့…
ကိုယ်ကသာ မေ့မရနိုင်အောင် စွဲလန်းနေတာ..
တွေးကြည့်ပါဦး.. သူအရင်လို ချစ်သေးရဲ့လားလို့…
ကိုယ်ကသာ ဝမ်းနည်း နာကျင်နေရတာ..
တွေးကြည့်ပါဦး.. သူကိုယ့်လို ခံစားနေလားလို့…
ကိုယ်ကသာ တန်ဖိုးထားပြီး ချစ်ခဲ့ရတာ..
တွေးကြည့်ပါဦး.. သူ့ဘက်က အလေးအနက် ထားခဲ့လားလို့…
ကိုယ်ကသာ အဆုံးရှုံး မခံနိုင်အောင် ဖြစ်နေတာ..
တွေးကြည့်ပါဦး.. သူကိုယ့်ကို လိုအပ်သေးရဲ့လားလို့…
ကိုယ့်အချစ်နဲ့ မတန်လို့ ထွက်သွားချင်သူကို လမ်းဖယ်ပေးလိုက်ပါ။ အတင်းဖက်တွယ် ထားရင် ကိုယ်ပဲ နာကျင်ရမယ်။
မနေချင်တဲ့သူကို ကိုယ့်ဘဝထဲ နေရာမပေးနဲ့.. ကိုယ့်အပေါ် မစစ်မှန်တဲ့သူနဲ့ ဝေးသွားတာ အကောင်းဆုံးမို့ အပြုံးနဲ့သာ စွန့်လွှတ်လိုက်ပါ။
Credit - ပိုးကြည်ဖြူခင်
Post a Comment