Header Ads

Single အမျိုးအစား (7) မျိုး


(1) ပရမ်းပတာ single


အရူးကို လင်လုပ်နေ ရတဲ့ single အမျိုးအစား တွေပါ ။ ရည်းစား ရလိုက် ။ RS ချိတ်လိုက် ။ ပျက်လိုက် ။ single ဖြစ်လိုက် ။ RS အသစ် ချိတ်လိုက် ။ ပြန်ပျက်လိုက် ။ single ထပ်ဖြစ်လိုက် နဲ့ single သံသရာ လည် နေတဲ့ ပရမ်းပတာ single တွေပါ ။

(2) ဂဂျီဂဂျောင် single


ရည်းစား တယောက် ထားဖို့ အရေး တအားကို ဂျီးများတဲ့ အမျိုး အစား တွေပါ ။ ဟိုလို ပုံစံဆို မကြိုက်ဘူး။ ဒီလို ပုံစံ ဆို လုံးဝပဲ ။ အဲ့လို အဲ့လို အရွေး သိပ်လွန်နေတဲ့ ဂဂျီဂဂျောင် အမျိုး အစားတွေပါ ။

(3) နွားဖြစ်မဲ့ single


ကိုယ့်ကို သောက်ဖက် မလုပ်တဲ့သူ ကိုမှ တနေ့ ပြန်ချစ်လာပါ လိမ့်မယ် ဆိုတဲ့ စိတ်လေးနဲ့ ဘယ်သူ့ကိုမှ မကြိုက် တော့ဘဲ နွားဖြစ်ဖို့ စောင့်နေတဲ့ single အမျိုး အစားပါ ။

(4) တော်ရိ ရော်ရိ single

ပါးစပ်ကတော့ ဘုရား ဘုရား လက်က ကားယား ကားယား အမျိုးအစား များပါ ။ single ဟု အမည် ခံထားသော်လည်း silence ပေါင်း သောင်းခြောက်ထောင်နဲ့ ပလူး ပလဲ မွေ့လျော်နေ တတ်တဲ့ single အမျိုး အစား တမျိုးပါ ။

(5) ချိန်ပါ single


single ဘဝ နဲ့ နေချင်လို့ နေနေတဲ့ အမျိုးအစားမျိုး မဟုတ်ပါ ။ ရည်းစား ရှာပေသိ  ကြိုက်တဲ့ သူကို တွေ့လိုက်တိုင်း ၊ ချိန်လိုက်တိုင်း ပါ ပါ သွားတတ်တဲ့ ချိန်ပါ single အမျိုးအစား တွေပါ ။

(6) တည်ငြိမ်သူ single

နှလုံးသား ဒဏ်ရာပေါင်း မြောက်များစွာကို ကြုံ ရင်း တွေ့ရင်း တစ်ဖြည်းဖြည်း ရင့်ကျက် သွားတဲ့ single ပါ ။  အပျော်တွဲ ဖို့ ထက် ကိုယ်စိတ်ကို နားလည်မဲ့ ကိုယ်နဲ့ထပ်တူကျမဲ့ ချစ်သူမျိုး ကိုသာ လိုချင်နေတတ်ကြသည့် single အမျိုး အစားတွေပါ။

(7) အကြောက် တလိုင်း single

ရည်းစား ထားရမှာ ကြောက်တယ် ။ အိမ်ကို ကြောက်တယ် ။ အဖေနဲ့ အမေကို ကြောက်တယ် ။ အမျိုးတွေကို ကြောက်တယ် ။ ပထမဦးဆုံး အချစ်နဲ့တင် လက်လန် သွားမှာ ကြောက်တယ် ။ နောက်ပြီး ကိုယ့်ဘော်ဒါတွေ RS ဘဝတွေနဲ့ ကွဲကြပြဲကြ ၊ ဖြဲကြနဲ့ ငိုလိုက်ကြ ရီလိုက်ကြ အဲ့လို ဖြစ်မှာ ကြောက်တယ် ။ အဲ့လို ကြောက်ရင်း ကြောက်ရင်း single ဖြစ်နေတဲ့ အမျိုး အစားတွေပါ ။

သင်ရော ဘယ် Single အမျိုးအစားထဲ ပါလဲ ? comment မှာရေးခဲ့ဦး ။

ခဲတံ

No comments

Powered by Blogger.