Header Ads

ဆရာဝန် နဲ့ ရှေ့နေ ပြိုင်ပွဲ


ဆရာဝန် တယောက်ဟာ ကိုယ်ပိုင် ဆေးခန်းတခု ဖွင့်တယ် ။ အစောပိုင်းမှာ လူမလာတော့ သူ့ ဆေးခန်း လူနာ ရအောင် ဆိုပြီး အခုလို ဆေးခန်းရှေ့မှာ ကြော်ငြာ ကပ်ပါတယ် ။

" ဘာရောဂါဖြစ်ဖြစ် ပျောက်အောင် ကုပေးမယ် ဒေါ်လာ 20 ၊ မပျောက်ရင် ဒေါ်လာ 100 ပြန်လျှော်မယ် "

ဒီကြော်ငြာကို ရှေ့နေ တယောက် တွေ့တော့ ပိုက်ဆံ ၁၀၀ ရမယ့် နည်းတော့ တွေ့ပြီ ဆိုပြီး ဆေးခန်းထဲ ဝင်သွား ပါတယ် ။

" ဆရာ ကျနော် အရသာခံလို့ မရတော့ဘူး ၊ ကုပေးပါ "

ထိုအခါ ဆရာဝန်က ...

" သူနာပြု ဆရာမရေ ... ဆေးသေတ္တာ နံပါတ် 22 ထဲ က ဆေး 3 လုံး လူနာကို တိုက်လိုက်ပါ "

ရှေ့နေက နည်းနည်း မြည်းကြည့်ပြီး ပြောလိုက် ပါတယ် ...

" ဟမ် ... အဲ့ဒါက ရေနံဆီတွေလေ ၊ ဆေးမှ မဟုတ်တာ "

" ဂုဏ်ယူ ပါတယ်ဗျာ ... ခင်ဗျား အရသာ ခံလို့ ရသွားပြီ ၊ ပေး ဒေါ်လာ 20 "

ခံလိုက်ရတဲ့ ရှေ့နေဟာ ရက်အနည်းငယ် အကြာမှာ သူပေးလိုက်ရတဲ့ ပိုက်ဆံ ပြန်ရအောင်လို့ အကြံ တမျိုးနဲ့ ဆေးခန်းကို ပြန်သွား ပါတယ် ။ ဒီတခါတော့ ရှေ့နေက နောက်ရောဂါ တမျိုး ပြောလိုက်တယ် ။

" ဆရာ ကျနော့် မှတ်ဉာဏ်တွေ ပျက်ကုန်ပြီ ၊ ဘာမှ မမှတ်မိတော့ဘူး "

ထိုအခါ ဆရာဝန်က ...

" သူနာပြု ဆရာမ ဆေးသေတ္တာ နံပါတ် 22 ထဲက ဆေး 3 လုံး လူနာကို တိုက်လိုက်ပါ "

" ဟမ် ... အဲ့ဒါက ရေနံဆီတွေလေ ဆရာ ၊ အရင် တခါကလည်း ကျနော့်ကို တိုက်ခဲ့ ပြီးပြီ "

" ဂုဏ်ယူပါတယ်ဗျာ ၊ ခင်ဗျား မှတ်ဉာဏ် ပြန်ကောင်းသွားပြီ ၊ ပေး ဒေါ်လာ 20 "

အူကြောင်ကြောင် ရှေ့နေဟာ တပတ် အကြာမှာ ဆေးခန်းကို ပြန်လာပြန်တယ် ။

" ဆရာ ကျနော့်ရဲ့ မျက်လုံးတွေ မကောင်းတော့ဘူး ၊ ဘာကိုမှ မမြင်ရတော့ဘူး "

ထိုအခါ ဆရာဝန်က ...

" ကောင်းပါပြီ ၊ ခင်ဗျား အတွက် ကုစရာဆေးတော့ မရှိတော့ပါဘူး ၊ အဲဒီတော့ ဒီ ဒေါ်လာ 100 ယူသွားပါတော့ "

ရှေ့နေက ပိုက်ဆံ ကို သေချာကြည့်ပြီး ပြောလိုက် ပါတယ် ။

" အမ် ... ဒါ ဒေါ်လာ 100 တန် ဟုတ်ဘူးလေ 20 တန် ကြီး "

" ဂုဏ်ယူပါတယ် ၊ ခင်ဗျား မျက်လုံးတွေ ပြန်မြင်ပြီ ၊ ပေး ဒေါ်လာ 20 "

" တိန် "

Credit

No comments

Powered by Blogger.