သာယာပျော်ရွှင်တဲ့ Relationships ဆိုတာ ...
သာယာ ပျော်ရွှင်နေတဲ့ Relationship တခု ဖြစ်ဖို့ အတွက် ကိုယ့်ရဲ့ ဒေါသ မာန တွေကို သည်းခံစိတ်တွေနဲ့ ချုပ်ထိန်းထား ခဲ့ရတာပါ ။
အခြေမနေ တည်မြဲနေတဲ့ Relationship တခု ဖြစ်ဖို့ မျက်ရည်တွေ နဲ့ သေချာပေါက် စတေးထားရ တာပါ ။
ပတ်ဝန်းကျင်က အားကျရတဲ့ အတွဲဖြစ်ဖို့ မာနတွေ အရည်ဖျော်ချပေး ထားရတာပါ ။
Anniversary တွေ အထပ်ထပ် ဖြတ်ကျော်နိုင်ဖို့အတွက် နားလည်မှုတွေ ပေးခဲ့ရတာပါ ။
တယောက်နဲ့ တယောက် အမုန်း မပွါးဖို့ မသိချင်ယောင်တွေ ဆောင်ပေးခဲ့ရ တာပါ ။
နှစ်ဖက် မိဘ အသိုင်းအဝိုင်းထဲ ထိ ဝင်ဆံ့နိုင်ဖို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပြခဲ့ ရတာပါ ။
အခုထက်ထိ မပြတ်သေးပဲ ရှိနေတာက နားလည် ခွင့်လွှတ် ပေးနေလွန်း လို့ပါ ။
တွဲထားတဲ့ လက်တွေ မြဲနေသေးတာက အနစ်နာခံ ပေးဆပ်တတ် လွန်းလို့ပါ ။
မိန်းခလေး ဆိုတဲ့ အမျိုးက ever ခလေးစိတ် ပါ ။
သင့်ကို မချစ်ဘူး ၊ စိတ်လည်း မဝင်စားဘူး ၊ အနာဂါတ် အတွက်လည်း ရည်ရွယ် မထားဘူး ဆိုမှတော့ Cover တွေ လုပ်ပေး ၊ ရှေ့ကနေ ကာဆီး ကာဆီးနဲ့ ဖုံးဖိပေး ၊ ရှော်ပေး ၊ မမြင်ချင်ယောင် ဆောင်ပေး တာတွေ လုပ်ပ့ါမလား ။
သူတို့ရဲ့ စိတ်ထဲမှာ ရှိတဲ့ အတိုင်း Free Style လေး နေမှာပေါ့ ။
အိပ်လိုက်စားလိုက် မိဘ ရင်ခွင် ပြေးကပ်လိုက် လုပ်နေမှာပေါ့ ။
သင့်ကို ချစ်လွန်းလို့သာ တုံး ၊ အ ချင်ယောင် ဆောင်ပြနေရတာပါ ။
တန်ဘိုး ဆိုတာ သိတတ်ဖို့ သိပ်ကို အရေးကြီး ပါတယ် ။ ။
Credit
Post a Comment