ထူးဆန်းသော အိပ်မက်တွေက ညွှန်းဆိုနေတဲ့ နိမိတ်များ..
1) " သွားကျိုးတယ် " လို့ အိပ်မက် မက်ရင်
လူပုံ အလယ်မှာ အရှက်ကွဲ တတ်ပါတယ်။ အချစ်ရေးမှာ ပဋိပက္ခလေးတွေ ဖြစ်တတ်တယ်။ အိမ်ထောင်သည် အမျိုးသမီးတွေ သွားကျိုးတယ် လို့ အိပ်မက်မက်ရင် ကိုယ်ဝန်ရမယ့် နိမိတ်ဖြစ်ပါတယ်။
2) " မြင့်တဲ့နေရာကနေ ပြုတ်ကျတယ် " လို့ မက်ရင်
လုပ်ငန်း ကိစ္စတွေနဲ့ အချစ်ရေးမှာ ထူးဆန်းတာတွေ ကြုံရတော့မယ့် နိမိတ်ဖြစ်ပါတယ်။ လုပ်ငန်းနဲ့ ပတ်သက်ရင် ပြဿနာဖြစ်နိုင်ပြီး အချစ်ရေးနဲ့ ပတ်သက်ရင်တော့ ရင်ခုန်စရာလေးတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ နိမိတ်လည်း ဖြစ်ပါတယ်။
3) " ကျောင်း (or) အလုပ်ကို ဝတ်လစ်စလစ်နဲ့ သွားတယ် " လို့ မက်ရင်
အလုပ်မှာ ရာထူးတိုးမယ့် နိမိတ်၊ အလုပ်သစ် လုပ်ရမယ့် နိမိတ်ဖြစ်ပါတယ်။ ပညာရေးမှာ စာမေးပွဲ ရလဒ်ကောင်းမယ့် နိမိတ်လည်း ဖြစ်ပါတယ်။ လူပုံအလယ်မှာ မျက်နှာပန်းလှမယ့် နိမိတ်၊ ထင်ပေါ်ကျော်ကြားမယ့် နိမိတ်လည်း ဖြစ်ပါတယ်။
4) " ခက်ခဲတဲ့ စာမေးပွဲဖြေရတယ် " လို့ မက်ရင်
အလုပ်နဲ့ ပညာရေးတစ်ခုခုမှာ စိတ်ဖိစီးစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဖြေရှင်းရခက်တဲ့ ပြဿနာတွေကြား ရောက်သွားနိုင်တယ် ဆိုတဲ့ နိမိတ်ပါ။ ဒီလို အိပ်မက်မျိုး မက်ရင် သူတစ်ပါးကို အာမခံပေးတဲ့ ကိစ္စမျိုး မလုပ်တာ အကောင်းဆုံးပါ။
5) " ကောင်းကင်မှာ ပျံသန်းရတယ် " လို့ မက်ရင်
ဘဝမှာ ထင်မထားတာတွေ ဖြစ်လာတတ်ပြီး ကိုယ်ကိုယ်တိုင် ဖြေရှင်းထိန်းချုပ်လို့ မရတဲ့ အဖြစ်မျိုးတွေ ဖြစ်တတ်တယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။
6) " သေဆုံးတယ် " လို့ မက်ရင်
သေတယ်ဆိုတဲ့ အိပ်မက်ကို အိပ်မက်ဆိုးလို့ မမှတ်ယူပါနဲ့။ ဒီအိပ်မက်ဟာ ကျန်းမာရေး ကောင်းမွန်မယ့် နိမိတ်ကောင်းပါ။ ပြီးတော့ အလုပ်အကိုင်၊ အချစ်ရေး၊ စီးပွားရေးစတဲ့ ကိစ္စရပ်တွေမှာ ဆန္ဒတွေ ပြည့်ဝမယ့် နိမိတ်လည်း ဖြစ်ပါတယ်။
7) " နာမည်ကြီး အနုပညာရှင်နဲ့ တွေ့ဆုံရတယ် " လို့ မက်ရင်
ပညာရပ် အသစ်တစ်ခုခုကို သင်ယူရတော့မယ့် နိမိတ်ဖြစ်ပါတယ်။ စိတ်ကူးထားတွေ တကယ်ဖြစ်လာမယ်၊ ပျော်စရာကောင်းတဲ့ နေရာကို ခရီးထွက်ရမယ့် နိမိတ်ဖြစ်ပါတယ်။
8) " ကိုယ်ဝန်ဆောင် နေတယ်" လို့ မက်ရင်
အလုပ်အကိုင် တိုးတက်စေဖို့ အခွင့်အလမ်းသစ်၊ အကြံဉာဏ်သစ်တွေ ရလိမ့်မယ် ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကိုယ့်ဘဝအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုကို ပိုင်ဆိုင်ရလိမ့်မယ် ဆိုတဲ့ နိမိတ်လည်း ဖြစ်ပါတယ်။
9) " နောက်ကနေ တစ်စုံတစ်ခု လိုက်လို့ မောပန်းစွာ ထွက်ပြေးရတယ်" လို့ မက်ရင်
ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ပြဿနာတွေ အားလုံး အဆင်ပြေသွားလိမ့်မယ် ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။ ဘဝတိုးတက်အောင် ကူညီပေးနိုင်မယ့် သူတော်ကောင်း တစ်ယောက်နဲ့ တွေ့မယ်ဆိုတဲ့ နိမိတ်လည်း ဖြစ်ပါတယ်။ ဒီအိပ်မက်ဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပါတယ်။
10) " ချစ်သူ (or) အိမ်ထောင်ဖက်က သစ္စာဖောက် သွားတယ် " လို့ မက်ရင်
အရေးမပါတဲ့ ကိစ္စတွေကြောင့် အချိန်ကုန် လူပန်းရမယ့် နိမိတ်ဖြစ်ပါတယ်။ အိပ်မက်ကြောင့် ချစ်သူအပေါ်မှာ သံသယတွေ သိပ်မထားပါနဲ့။ ဒီအိပ်မက်ဟာ ချစ်သူဆီကနေ မျှော်လင့်မထားတဲ့ လက်ဆောင်ရမယ် ဆိုတဲ့ အိပ်မက်ကောင်းလည်း ဖြစ်ပါတယ်။
11) " တနေရာကို နောက်ကျမှ ရောက်သွားတယ် " လို့ မက်ရင်
" ကတိ တစ်ခုကို ကိုယ်မတည်နိုင်ဘူး ဆိုရင် ဘာအကြောင်းကြောင့်မှ မပေးပါနဲ့ " လို့ သတိပေးတဲ့ နိမိတ်ဖြစ်ပါတယ်။ ဖြစ်လာမယ့် ဆိုးကျိုးက ကြီးမားနိုင်လို့ပါ။
12) " ထိန်းရခက်တဲ့ ကားကို ကြောက်ကြောက်နဲ့ မောင်းနေရတယ်" လို့ မက်ရင်
အောင်မြင်မှု မရအောင် အကျင့်ဆိုးတွေက ဟန့်တားလိမ့်မယ် ဆိုတဲ့ နိမိတ်ပါ။ ဒါကြောင့် ဒီလို အိပ်မက်မက်တယ် ဆိုရင် လက်ရှိ ကိုယ့်မှာ ရှိနေတဲ့ အကျင့်ဆိုးတွေကို ပယ်ဖျောက်နိုင်အောင် ကြိုးစားလိုက်ပါ။
ထူးဆန်းတဲ့ အိပ်မက်တွေ မက်တိုင်း နိမိတ်တွေကို ပြန်ကြည့်နိုင်ဖို့ ဒီစာလေးကို SHARE ပြီး သိမ်းထားလိုက်နော်...
credit ဂန္ထဝင်
Post a Comment