တပတ်အတွင်း အကိတ်ဖြစ်အောင် ပြုလုပ်နည်း (5) နည်း
မိန်းခလေး ဆိုတာ ကိတ်မှ ကြည့်ကောင်းတာ အမှန်ပါပဲ ။ မလှပဲ နေပါစေ အုံးတော့ ၊ ရှိုက်ဖို ကြီးငယ် အသွယ်သွယ်နဲ့ ဖုသင့်တဲ့ နေရာဖု ၊ ဖောင်းသင့်တဲ့ နေရာ ဖောင်းနေမှ ပုရိသ ယောက်ျားတို့ရဲ့ ဝိုင်းဝိုင်း လည်ခြင်းကို ခံရ တာပါ ။
ကဲ .... ဒါ့ကြောင့် နေ့ချင်း ညချင်း အကိတ်မ ဖြစ်ချင်တဲ့ LCD ညီမလေးတွေ အတွက် တပတ် အတွင်း ကိတ်နည်း (5) နည်း ကို ဖော်ပြပေးလိုက် ပါတယ် ။
၁) စားပါ
24 နာရီ လုံးလုံး အစားနဲ့ ပါးစပ် မပြတ်ဖို့ အရေးကြီး ပါတယ် ။ စားမှ အသား တိုးမည် ။ အသားတိုးမှ ကိတ်နိုင်မည် ။ ဒါ့ကြောင့် ကိတ်ခြင်းနဲ့ စားခြင်းက တိုက်ရိုက် အချိုး ကျပါတယ် ။ စားသာ စားပါ ။
၂) နေပုံထိုင်ပုံ ပြောင်းပါ။
စားရင်လည်း ကော့ ပြီးတော့ စားပါ ။ သွားရင် လည်း ကော့ ပြီးတော့ သွားပါ ။ အိပ်ရင်လည်း ကော့ ပြီး အိပ်ပါ ။ စားတာ ၊ သောက်တာ ၊ နေတာ ထိုင်တာက အစ ကော့ နိုင်သမျှ ကော့လထားပါ ။ အကိတ်မ ဖြစ်စေရန် အတွက် ကော့ နိုင်သမျှ အစွမ်းကုန် ကော့ မှ တော်ကာ ကျပါမယ် ။ (ဘာကော့ ရမလဲ ဆိုတာ လမ်းမညွှန်တော့ ပါ ။)
၃) ထိုင် ထ လုပ်ပါ
တနေ့ ထိုင်ထ အခါ ၃၀၀၀ လောက် လုပ်ပေးပါ ။ မနက် ၁၀၀၀ ။ နေ့လယ် ၁၀၀၀ ။ ညနေ ၁၀၀၀ ။ စသည်ဖြင့် လုပ်ပေးပါ ။ တပတ်အတွင်း ကိတ်လာစေ ရပါမယ် ။
၎) ဆေးစွမ်းကောင်းများ မှီဝဲပါ
တပတ်အတွင်း အမြန် ကိတ်ဖို့ အတွက် ဆေးစွမ်းကောင်းတွေ အသုံးပြု ရပါမယ် ။ အောက်မှာ မြန်မာ့ အိမ်တွင်းမှု ကိတ်နည်း ဆေးစွမ်း တမျိုး ဖော်ပြပေးထား ပါတယ် ။
ငရုတ်သီး တစ်ပိသာနဲ့ ကလော်သီး တပိသာကို ထောင်းပါ ။ ထို့နောက် ပရုတ်ဆီနှင့် ဆတူ ရော၍ မိမိ ကိတ်ချင်သည့် နေရာကို အုံထားပါ ။ ( တဖြည်းဖြည်းချင်း ကိတ်သယောင်ယောင် ဖြစ်လာပါလိမ့်မယ် ။ )
၅) အချိုဓာတ် ကို အသုံးပြုပါ
ထန်းလျက်ရည် ဖြစ်ဖြစ် ၊ သိကြားရည် ဖြစ်ဖြစ် မိမိ ကိတ်ချင်တဲ့ နေရာတွေကို သုတ်လိမ်းပါ ။ ပြီးတော့ ခပ်ကြီးကြီး ပုရွတ်ဆိတ်အုံ ပေါ်မှာ ပက်လက်လှန် အိပ်နေပါ ။ (နေ့ချင်း ညချင်း ယောင်ကိတ်ကိတ် လာပါလိမ့်မယ်)
ခဲတံ (MinKhant)
Post a Comment