ကလိမ်ကကျစ်ကျမှု အတွက် သင်ခန်းစာ ...
တခါတုန်းက ရွာတရွာမှာ ဆားကုန်သည် တယောက် ရှိတယ် ။ အဲ့လူဟာ သူ့ရဲ့ ဆားတွေကို သယ်ဆောင်ဖို့ အတွက်လည်း မြည်း တကောင် ရှိပါသည် ။ ဆားအရောင်း ထွက်တိုင်း မြည်းရဲ့ ကျောပေါ် ဆားထုပ်တွေ တင်ပြီး အရောင်း ထွက်ပါတယ် ။
သူတို့တွေ ရွာက ထွက်ရင် စမ်းချောင်း တခုကို အမြဲ ဖြတ် ရတယ် ။ တရက်တော့ ဆားကုန်သည် နဲ့ မြည်းဟာ ဆား အရောင်း ထွက်လာစဉ် ရွာထိပ် စမ်းချောင်း အဖြတ်၌ မြည်း ရေထဲ ချော်လဲ ပါတယ် ။
ဆားတွေက ရေထဲ ပျော်ဝင်သွားပြီး ကုန်သည် ကတော့ အရင်းတွေ ဆုံးခဲ့ပေမယ့် မြည်းက သူ့ကျောပေါ်က ဝန်ပေါ့သွား သိရလို အတွေးရူး တခုရ ပါသွား ပါတယ် ။
နောက် တခေါက် အရောင်း ထွက်ချိန်မှာလည်း စမ်းချောင်း အဖြတ် ရေထဲ သက်သက်မဲ့ လှဲချ လိုက်ပါတယ် ။ ဆားတွေ အရေပျော် သူလည်း ဝန်ပေါ့ သွားပေမယ့် ဆားကုန်သည် ကတော့ ဆုံးရှုံးသွား ပါတယ် ။
နှစ်ခေါက် သုံးခေါက် လောက်ကျတော့ ဆားကုန်သည်ဟာ မြည်းရဲ့ ရည်ရွယ်ချက်ကို သံသယ ရှိခဲ့ ပါတယ် ။ နောက်တကြိမ် မှာလည်း မြည်းက ထပ်လုပ်တော့ မြည်းရဲ့ ကလိမ်ကကျစ် ကျမှုကို သဘောပေါက်ပြီး မြည်းကို သင်ခန်းစာ ပေးရန် ဆုံးဖြတ် လိုက်တယ် ။
နောက် တခေါက်မှာ မြည်းကျောပေါ် ဆားတွေ မတင်ပဲ ဝါဂွမ်းချည် အိတ်တွေ တင်ပြီး အသေအချာ ချည်နှောင်ကာ ထွက်ခဲ့ပါတယ် ။ မြည်းက ထုံးစံအတိုင်း စမ်းချောင်း အရောက် ရေထဲလှဲချ လိုက်ပါတယ်။
ဒီတခါက ဆားမဟုတ်ပဲ ချည်တွေ ဖြစ်နေတော့ အရည် မပျော်ပဲ ရေတွေ ရွှဲကာ တစ်လမ်းလုံး လေးလံစွာ ဖြင့် ဒုက္ခရောက်ခဲ့ ပါတယ်။ မြည်းလည်း တကြိမ်ထဲနဲ့ သင်ခန်းစာ ကောင်းကောင်း ရသွားပြီး နောက်အခါ ရေထဲ လှဲချတာ မလုပ်ရဲတော့ ပါဘူး ။
--------------------
လူတယောက်ကို လှည့်စားချင်ရင် အကြိမ် အနည်းငယ်သာ လှည့်စားလို့ ရမှာဖြစ်တယ် ။ အကြိမ်ရေ များလာရင်တော့ လှည့်စားတဲ့လူပဲ ပြန်ခံရမှာ ဖြစ်ပါတယ် ..... ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ။
မှတ်စုကြမ်း
Post a Comment