ရင်လုပြီး လင်ထုကြတော့မည် ...
ခေတ်က ကြီးကြီးမားမား ပြောင်းလဲ သွားတယ် ။ တိတိ ကျကျ ပြောရရင် တချိန်က ပြောခဲ့တဲ့ မိန်းမတွေ ရင်ထုပြီး လင်လုကြတဲ့ခေတ် ရောက်နေပြီ ။ ဒီစာရေးနေတဲ့ ကျုပ်လည်း ခုချိန်မှာ အသက်၇၀ ကျော် အဘိုးကြီး ဖြစ်နေပြီ ။
လမ်းမပေါ်မှာလည်း မိန်းမတွေ ဟိုနား တစု ဒီနား တစုနဲ့ ရှိနေကြတယ် ။ ဆေးလိပ်လေးတွေကိုယ်စီနဲ့ ။ တချို့ကတော့ မူးနေကြတယ် ။ ယောက်ျားတွေ ကတော့ အိမ်ထောင်သည်တွေ လောက်ပဲ လမ်းပေါ်မှာ တွေ့ရတော့တယ် ။ လူပျို အရွယ် ယောက်ျားသား တွေကို မိဘတွေက အိမ်ထဲမှာပဲ ထားကြ တော့တယ် ။
" ဟဲ့ .. ဇေယျာ ... နင် အပြင် မထွက်နဲ့နော် ကြားလား "
" ဗျာ .. လမ်းထိပ် ခဏ "
" မရဘူး သွား အထဲဝင် .... အခုခေတ် မိန်းမတွေက လွယ်တာ မဟုတ်ဘူး
မတော်တကာ နင့် ကို ကားတင် ပြေးသွား ဘယ့်နှယ့် လုပ်မတုန်း "
" လိုက်သွားမှာပေါ့ "
" ဘာ .. တော်တော် မိုက်တွင်းနက်တဲ့ သား "
" ဂစ် "
အဲဒီလို တယူသန်တဲ့ မိဘတွေ ရှိသလို တဇွတ်ထိုး လုပ်တတ်တဲ့ ယောက်ျားတွေလည်း ရှိတယ်။
စီးပွားရေး အဆင်မပြေတဲ့ မိသားစုတွေ မှာတော့ ကိုယ့်သားကိုယ် အပြင်ကို မလွှတ်ချင် ပေမယ့်လည်း စီးပွားရေး အဆင် မပြေတော့ အပြင် ထွက်ပြီး အလုပ် လုပ်ခွင့် ပေးရတယ် ။
တချို့က အလုပ်အကိုင် ကောင်းကြ ပေမယ့် တချို့ကတော့ ဘဝ အကျိုးပေး ကံကြောင့် ကေတီဗီ တို့ , မာဆက်တို့ မှာ အလုပ် လုပ်ကြရတယ် ။ အဲလို နေရာတွေမှာ တချို့သော ပိုက်ဆံ ရှိတဲ့ ဘောစိ အမျိုးသမီးတွေ ကတော့ ...
" ဂျာရီး ... ကောင်လေးတွေ အသစ် ရောက်တယ်ဆို "
" အေး "
" ဟယ် ... အဖိုင်းရီးဒေလား "
" အေး ... ခဏလေး ခေါ်ပေးမယ်လေ ... ကြည့်ကြည့်ပေါ့ ကောင်မရယ်
ဟေ့ ရန်ရှင်းပိုင် ၊ ကိုဇေ ၊ မောင်ဖြိုးကြည် ခဏ ထွက်ခဲ့ကြဟေ့ "
ကောင်ကလေး သုံးယောက် ခေါင်လေး ငုံ့ပြီး ရှက်ကိုးရှက်ကန်းနဲ့ ထွက်လာကြတယ် ...
" ဟဲ့ ကောင်တွေ ခေါင်းမော့ လေကွာ မင်းတို့က ရှက်နေတာလား "
ကောင်လေး သုံးယောက် ခေါင်းမော့ လာတော့
" ဖွီ ... တယောက်မှလည်း ပုံမလာဘူး ကွကိုယ်ပဲ ရီမု နှိပ်တော့မယ် "
" အွန့် "
ကောင်လေး သုံးယောက် ခေါင်းလေးတွေ ငုံ့ပြီး ရှက်ကိုးရှက်ကန်းနဲ့ အခန်းထဲ ပြန်ဝင် သွားတယ် ။
အဲလို ကံဆိုးတဲ့ ယောက်ျားတွေ ရှိပေမယ့် လည်း ယောက်ျားတွေ ရှားပါးတဲ့ ခေတ် ရောက်နေပြီ ဆိုတော့ မဖြစ်မနေ ခေါ်လိုက်ရတဲ့ အချိန်လည်း ရှိပါတယ် ။
ဒါဆိုရင် အဲဒီလို ဖိနှိပ်ခံ ဘဝ ရောက်နေရတဲ့ ယောက်ျားတွေကို ကယ်တင်မဲ့သူ မရှိကြတော့ ဘူးလား ။
အခုဆိုရင် အခြေနေတွေဟာ ဆိုးသထက် ဆိုးလာပြီး ကိုယ့်ကိုယ်ကို သတ်သေသွား ကြတဲ့ အမျိုးသားတွေ လက်ချိုး ရေလို့တောင် မရတော့ ပါဘူး ။
တချို့ အမျိုးသမီးတွေဆို အုပ်စုဖွဲ့ ဓားထောက်ပြီး အဖြေ တောင်းတယ် ။ မပေးရင် ဘောင်းဘီချွတ် ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်တယ် ။ ယောက်ျားလေး ဘက်က တရားစွဲလို့ တချို့အမျိုးသမီး အတော် များများကလည်း ထောင်ထဲမှာ ရောက်ကုန်ပြီ ။
အုပ်စုဖွဲ့ မုဒိန်းကျင့်မှု အသွင်ယူ ပေါင်းသင်း နေထိုင်မှု အတင်းအဓ္ဓမ ခိုင်းစေမှု စတဲ့ အမှုတွေနဲ့ ရင်ဆိုင်နေကြတဲ့ လူတွေလည်း ရှိတယ် ။
အခုချိန်မှာ စာရေးသူ ဖြစ်တဲ့ ကျုပ်ကတော့ အဘိုးကြီး ဆိုတော့ ဘယ်သူမှ ဂရုမစိုက်ကြဘူး ။
တကယ်တမ်း ကျုပ်က အွန်လိုင်းမှာ ပျံ့နေတဲ့ ဗီဒီယိုဖိုင် တစ်ခု နောက်ကို လိုက်နေတာ ... ။ နာမည်က " မောင့် အရိုင်းပန်း " တဲ့
ဟိုး အရင် နှစ်ပေါင်းများစွာ တုန်းကတော့ မြန်မာ အပြာကား ပန်းခရမ်းပြာ ဆိုပြီး ပထမအကြိမ် ထွက်ရှိခဲ့ ဖူးတယ် ။
အခု " မောင့်အရိုင်းပန်း " အပြာကားက ဒုတိယအကြိမ် ထွက်လာတာပေါ့ ။ လူငယ် မိန်းခလေးတွေ ကြားမှာလည်း အဲဒီကားဟာ တော်တော် ရေပန်းစား လာတယ် ။
" ဟဲ့ ကောင်မ ... ကြည့်ပီး ပီလား "
" ဘာလဲ အရိုင်းပန်းလား "
" အေး ... "
" ထရေလာ ဗားရှင်းပဲ ကြည့်ရသေးတယ် "
" ဟင့် .. viber ကနေ ဝမ်းဂစ်ကျော် ရှိတာ ဝယ်လိုက်လေ "
" နင်နဲ့ ငါ တယောက် တဝက် စပ်ဝယ် ကြမလား "
" လုပ်လိုက်လေ "
ငတိမ ၂ ယောက် ပြောချင်တာ ပြောနေကြပြီး သူတို့နောက်မှာ ထိုင်နေတဲ့ ကျုပ်ကို သတိ မပြုမိကြဘူး ..
ကျုပ်ကလည်း အခြေနေကို စောင့်ကြည့်နေလိုက်တယ် ....
ခဏကြတော့ ...
" ရပြီ .. လင့် ရပြီ "
" ဟယ် .. ဝမ်းဂစ်ကျော် ဆိုတော့ ဒေါင်းရင် အကြာကြီး စောင့်ရမယ် "
" စောင့်ပေါ့ "
" အာ့ဆို ဒေါင်းပီ "
နာရီဝက်ခန့် ကြာတော့ ..
" ရပြီ ရပြီ "
ကျုပ်နားကို ပိုပြီး အာရုံ စိုက်လိုက်တယ်
" အသံချဲ့လေဟာ "
" ဟင် .. ဘာလဲဟ "
" နည်းနည်း ထပ်ချဲ့ လိုက်အုံး "
ကျုပ်နားထဲမှာ သီချင်းသံ လိုလို ကြားနေရတယ် ။ တဖြည်းဖြည်း ကျယ်လာပြီ ကျယ်လာပြီ ။ ကျုပ်သိနေတယ် ဒီအသံကို .. မှန်းစမ်း
♪ မောင့်အသည်းပန်း မောင့်အရိုင်းပန်း
ဟာ .. ငိုးမ
စိုင်းထီးဆိုင်ရဲ့ မောင့်အရိုင်းပန်းသီချင်း ငတိမ ၂ ယောက်တော့ ဂျင်းထည့် ခံလိုက်ရပြီ ။
အခြေနေကို သိပြီးတာနဲ့ ကျုပ်လည်း ထိုင်ရာကနေ ကဗျာကယာ ထ ထွက်လာခဲ့ လိုက်တယ် ။ မဆီမဆိုင် တချိန်တုန်းက ခင်မောက်တိုးရဲ့ ပန်းခရမ်းပြာကို ပြေးမြင်မိသေး ။
ဪ.. ခေတ်ကြီးကလည်း တဖြည်းဖြည်း ကြောက်စရာကောင်းလာပြီ ။ နောက်ဆို ဘာတွေများ ဆက်ဖြစ်အုံး မလည်း မပြောတတ်ဘူး
အမျိုးသမီးတွေ ကလည်း ပွင့်လင်းလာပြီ ။ ဖေ့ဘွတ်ပေါ်မှာ ထင်ရာ စိုင်းပြီး မကြွားသင့်တဲ့ အရာတွေလည်း ထုတ်ကြွား ကုန် ကြပြီ ။ မစ်ဇူကာဘတ်က Live ခလုပ် တပ်ပေးလိုက်တာ အလကား မဟုတ်ဘူး ဆိုတာ အခု သိလိုက်ရပြီ ။
ဘာပဲဖြစ်ဖြစ် သူတို့ ပစ္စည်းနဲ့ သူတို့ ကြွားတာက သူတို့အပိုင်း ။ ဘာလာလာ အခြေအနေကို ကြည့်ပြီး အားပေးရမှာက ကျုပ်တို့ အပိုင်း ။
ယုံတယ် မလား
မိန်းမတွေ ရင်ထုပြီး လင်လုတဲ့ ခေတ် ရောက်လာပြီလေ
အဟက်... အဟက် ... အန့်အောဘ !
( ထိုစဉ် အမျိုးသမီးတသိုက် ဤစာဖတ်ပြီး ချီတက်လာကြ လေသည် )
SeinThaung
Post a Comment