လူတိုင်းလူတိုင်းမှာ ရှိခဲ့ဖူး ခဲ့တယ် ...
စာသင်ခန်းထဲမှာ စာသင်နေတဲ့ အချိန် စာ လိုက်နားထောင် နေတဲ့ သူ့ရဲ့ မျက်နှာလေးကို ငေးကြည့်နေ ရတာကို ပျော်နေ တတ်တာမျိုး .....
ကိုယ့် ဘေးနားက သူငယ်ချင်းတွေ သိသွားတော့ ကိုယ့်ကို ၀ိုင်းစတဲ့ အခါ ရှက်နေမိတဲ့ အချိန်မျိုး .....
စာသင်ခန်းထဲ သူ မသိအောင် သူ့ခုံအောက်မှာ သကြားလုံးလေး သွားထားရတာနဲ့ ၊ ခုံပေါ်မှာ စာရေးရတာနဲ့ .....
ကိုယ် သူ့ရဲ့ အတန်းရှေ့က ဖြတ်လျှောက်သွားတုန်း သူနဲ့ အကြည့်ချင်း ဆုံရင် ခြေလှမ်းတွေ မှားပြီး အသက်ရှု ရပ်မတတ် ရင်ခုန်ခဲ့ ရတာမျိုး ....
ကျောင်းမှာ သူ့ကို ကြိုက်နေတဲ့ ကိုယ့်ပြိုင်ဖက် ရှိရင် စိတ်ထဲက အလိုလိုကို မုန်းနေမိတာမျိုး .....
သူ့ကို မပေးဖြစ်တဲ့ သူ့အတွက် ရေးထားတဲ့ စာလေးတွေ ၊ စာအုပ် အဖုံးပေါ်က တချိန်လုံး ရေးနေမိတဲ့ သူ့ နာမည်လေးတွေ .....
အရင်က တချိန်လုံး ပျော်ခဲ့ပါတယ် ဆိုတဲ့ စနေ တနင်္ဂနွေဟာ သူ့ကို ချစ်နေတဲ့ အချိန်က စပြီး ပျော်စရာ ကနေ မျှော်စရာ အဖြစ် ပြောင်းလဲသွားခဲ့ရ ဖူးတာတွေ .....
အရမ်း လွမ်းတယ် ဆိုတာ ဘယ်လိုကြီး ဆိုတာ အချစ်က သူနဲ့ အတူ သင်ကြားပေးသွား ခဲ့တယ် .....
ဒီလိုနဲ့ပဲ တချိန်တုန်းက အဖြူ အစိမ်း ဘ၀မှာ အဖြူထည် သက်သက် ပိုင်ဆိုင်ခွင့် မရလိုက်တဲ့ အချစ်ဦး ဆိုတာရှိခဲ့ဖူး ခဲ့ပါတယ် .....
မိန်းခလေး တယောက် ဘ၀မှာ သူဘယ်တော့မှ မမေ့နိုင်တဲ့ ယောက်ျားလေး တယောက် ရှိဖူးသလို ၊ ယောက်ျားလေး တယောက်မှာလည်း သူ ပိုင်ဆိုင်ခွင့် မရခဲ့တဲ့ ကောင်မလေး တယောက် ရှိခဲ့ ဖူးတယ် ....
ကဲ သူငယ်ချင်းတို့လည်း ကျောင်းသားဘ၀တုန်းက သူနဲ့ ပတ်သက်တဲ့ အမှတ်တရလေး တွေကို Comment မှာ ရေးသွားပေးဦးနော် .....
OMG
Post a Comment