ကိုယ့်ချစ်သူ ကောင်မလေးကို တကယ်ချစ်တယ်ဆိုမှ ဒီစာကို ဖတ်ပါ ...
မင်း သူ့ကို အရမ်းချစ်တယ် ဆိုတာကို သိလို့ သူမ မင်းကို စိတ်ကောက် တာပါ ။သူမရဲ့ အပြင်ပန်းက စိတ်ဆိုးချင်ယောင် ဆောင်နေပေမယ့် စိတ်ထဲက မင်းချော့တာလေး တွေကို ကြည်နူးနေ တတ်တာပါ ။
2) မအော်ငေါက် ပါနဲ့
မိန်းခလေးတွေက အရမ်း ခံစား လွယ်ပါတယ် ။ စိတ်အား ငယ်တတ်တယ် ။ ချစ်သူတွေ ဆိုရင် ပိုတောင် ခံစားလွယ်တယ် ။ ဘာအကြောင်းပဲ ရှိရှိ မအော်ပါနဲ့ ။ စကားနဲ့ပဲ ပြောပါ ။ သူတို့လေးတွေပဲ အော်ပါစေ ။
3) လက်မပါနဲ့
သူ့ရဲ့ မိဘတွေ ကတောင် သူ့ကို မရိုက်ရက်တဲ့ နုနယ်တဲ့ မိန်းခလေးပါ ။ သင်က ရိုက်ဖို့ နေနေ သာသာ အော်မိရင်တောင် လွန်လှပါပီ ။ သူ့မိဘတွေထက် မင်းက ပိုကောင်းအောင် ထားနိုင်ရင်တောင် လက်ပါဖို့ အခွင့်အရေး မင်းမှာ မရှိဘူး ။ ( ဒါပေမဲ့ အခုတလော မိန်းခလေးတွေကပဲ လက်ပါနေသလိုပဲ ) ။
4) အလို လိုက်ပါ ၊ သည်းခံပါ ၊ အလျှော့ပေးပါ
ကိုယ့်ချစ်သူကို အလျှော့ပေးတာက ဘယ်လောက်ချစ်လဲ ဆိုတာ အလုပ်နဲ့ သက်သေ ပြတဲ့ သဘော ပါပဲ ။ ချစ်သူ ဘဝမှာတောင် အလျှော့ မပေးနိုင်ရင် လက်ထပ်ပီးရင် မင်း ဘယ်လို လုပ်မလဲ ။ ငါ့ချစ်သူက ငါ့ကို ဘယ်လောက် အလျှော့ ပေးတယ် ၊ ဘယ်လောက် ချစ်တယ် ဆိုပီး သူငယ်ချင်းတွေကို ကြွားချင်တာ မိန်းခလေးတွေပါပဲ ။ သူမကို ကြွားခွင့် ရအောင် သည်းခံ အလျှော့ပေး လိုက်ပါ ။
5) မငိုစေနဲ့
ချစ်သူ ထားတာ တဘဝလုံး ပျော်ရွှင်ရဖို့ပါ ။ သူမကို ပျော်အောင် မထားနိုင်သေး ရင်တောင် ဘာအကြောင်းကြောင်းနဲ့မှ မငိုပါစေနဲ့ ။
6) ရစ်ပါစေ
သူမ မင်းကို ရစ်တာက အရမ်း ချစ်လို့ရယ် မင်းကို စိတ်ပူလို့ရယ် ဆိုတာ သိထားပါ ။ သူမ ရစ်တာလေးတောင် သည်းမခံနိုင်ရင် ဘယ်လို အာမခံချက်နဲ့ မင်းကို လက်ထပ်နိုင်မှာလဲ ။ ချစ်လို့ ရစ်တယ် တွေးပေးလိုက်ပါ။ ( မိန်းခလေးကလည်း သိပ်မရစ်နဲ့ပေါ့ စိတ်ညစ်လို့ ပင်ပန်းနေတုန်း သွားရစ်ရင် လူသတ်မှုတွေ ဖြစ်ကုန်မယ် ) ။
7) ပူဆာပါစေ
သူမ ပူဆာတယ် ဆိုတာ သူမ မင်းအပေါ် အရမ်း အားကိုးလို့ ၊ မင်း အလိုလိုက်မှန်း သိလို့ နွဲ့ဆိုး ဆိုးတာပါ ။ တတ်နိုင်သလောက် လိုက်လုပ်ပေးပါ ။ မိန်းခလေးကလည်း ကိုယ့်ချစ်သူ မတတ်နိုင်တာတွေ သိပ်မပူဆာနဲ့ပေါ့ ။
ချစ်တာ နဲ့ ရယူတာ တခြားစီပါ ။ မတော်တဆ မင်းနဲ့ ကွဲသွားခဲ့ရင် သူမရဲ့ အိမ်ထောင်ရေးမှာ မင်း ရယူခဲ့တာက အမည်းစက် ဖြစ်သွားမှာပဲ ။ ဒါ့ကြောင့် သူမကို မြတ်နိုး တန်ဖိုးထားပါ ။
THP
Post a Comment