Header Ads

ညီမကို ချစ်ရင် ညစာစားသွားပါလား


" လာ လာ သူငယ်ချင်း ....
မင်း ငါ တို့ရပ်ကွက်ထဲ ရောက်တုန်း ရောက်ခိုက်လေး စော် ချောချောလေးအိမ် လိုက်ပို့ပေးမယ် "

" ဖြစ်ပါ့မလားကွာ "

" ဖြစ်ပါတယ်ကွ
ငါတို့ဆီက ဧည့်သည်လာရင် မသိလည်း ရိုက် မထုတ်တတ် ပါဘူး
ဧည့်ဝတ်ကျေအောင် ဧည့်ခံတတ်ကြ ပါတယ်ကွ "

" အဲဒါ ဆိုရင်လည်း သွားကွာ "

" လာ ... ရှေ့က အိမ်ပဲ "

" ဒေါ်လေး ဒေါ်လေးရေ အလည် လာတယ်ဗျို့ "

.....

" ဒေါ်လေးရေ .... "

" ဟေ  လာပြီ လာပြီ နင်တို့ခေါ်တာနဲ့ ချီးကို ပြီးအောင် မပါခဲ့ရ ပါဘူးအေ "

အော် .... သူ ချီးပါတာ ပြီးမပြီးကို အရင် သိအောင် စုံစမ်းထားရမလို ဖြစ်နေပြီ
အိမ်သာထဲ ဆိုတော့လည်း ကိုယ်မှ မမြင်ရတာ ....

" သမီးရေ "

" ရှင် အမေ "

" အေးကွယ် လာပါဦး ခဏ "

" လာပြီ အမေ .... ခဏလေး ဒီမှာ နှစ်ပင်ထဲ ကျန်တော့တာ "

" ဟဲ့ .... ဘာတုန်းဟဲ့ "

လခွမ်းတဲ့မှ ... ဘာတုန်းဟ
ဘာမွှေးတွေ နှုတ်နေတာပါလိမ့်

" ဟို ဂျိုင်းမွှေးနှုတ်နေတာပါ အမေရဲ့ ပြီးပါပြီ "

" ဟူး တော်ပါသေးရဲ့ "

" အေး အေး လာပါဦး ဒီမှာ နင့်အကိုတို့ စားဖို့ ကြောင်အိမ်အောက်က ထိုးမုန့် ယူခဲ့ပါဦး "

အင် ကြောင်အိမ်ပေါ်ကလည်း မဟုတ်ဘူး .....

" ဟုတ် အမေ
အဲ ... ဒီမှာ ပုရွှက်ဆိတ်တွေ တက်နေတယ် "

" အေး အေး မီးခဏ ကင်လိုက် "

" မီးက သေနေပြီ အမေရဲ့ "

" ဟုတ်လား အဲ့တာဆို ခုနက ခွင်ပေါ်က ချထားတဲ့ ဝက်စာအိုးပေါ် တင်ထားလိုက် ပူသေးတယ် အဲ့တာ "

စားရမှာတောင် ပါးစပ်တွေ ကျိန်းလိုက်တာ ...

" ကဲ .... ရပြီကွယ် စားကြ အဲ့ဒီမှာ "

" ဟုတ် ဒေါ်လေး "

" ဟို ဟို ... ဖဲ့မရဘူး ဖြစ်နေတယ် အဲ့တာ "

" အော် အေး အေး သမီးရေ ဝက်သားခုတ်တဲ့ ဓါးမကြီး ယူခဲ့ပါဦးကွယ် "

" တော်ပြီ ရတယ် ... ရတယ် ဒေါ်လေး ဒီတိုင်းပဲ ဝါးတော့မယ် "

ဒီ ထိုးမုန့် စားမယ့်အစား ကြက်ပေါင်ဖိနပ်တာ ပြေးကိုက်လိုက် ချင်တယ်
ငါနော်

" အကိုတို့ စားခဲ့ကြပြီလား "

" ဟုတ် "

ဟင်  ဒီကောင်မလေး အောက်စ လွှတ်နေတာ ပါလား  ....

" ဒေါ်လေး ဒေါ်လေး ဒေါ်လေး သမီးကို ကြည့်ပြော ပါဦး "

" အမယ် ဘာလဲ ငါ့သမီးလှတာကို ပြောမလို့ မို့လား ငါ သိပါတယ် "

" အမ် မဟုတ် ...မဟုတ်ဘူး ဒေါ်လေးရဲ့
ဒေါ်လေးရဲ့ သမီး အောက်က ပေါ်နေတယ် အဲ့ဒါ ပြောတာ "

" ဟင် .... သမီး နင်ဘယ်လို ထိုင်နေတာလဲ အဲ့တာ "

" ဟီး  ကန်တော့နော် အကိုတို့ကလည်း ညီမကို မပြောဘူး ဟွန်း
ဒါမဲ့ ဘောင်းဘီတော့ ပါ ပါတယ် "

" အဝါရောင်လေး မလား "

" ရှင် "

" နှင်းဆီပွင့်လေးတောင် ပါသေးတယ်
ဟမ် မဟုတ်  ... မဟုတ်ပါဘူး ဟို ယောင်သွားလို့ အလကားပြောတာ ဘာမှမြင်ဘူး "

" ဟို ... အမေ သမီး ခုမှ သတိရတယ်
ခုနက အိမ်သာ တက်တာ ရေမရှိလို့ ဒီတိုင်း ထားခဲ့တာ ခု ရေသွားထည့်လိုက် ဦးမယ် "

" ဖြီး ... ဖူး "

" ဖြည်းဖြည်းစားပါ သားတို့ရယ် နင်သွားတာလား ဒေါ်လေး ရေခပ်ပေးမယ် ခဏ "

" ဟုတ် ဒေါ်လေး "

" ဟဲ့ ဒီက သောက်ရေအိုးက ရေခွက်တွေ ဘယ်ရောက်ကုန်တာလဲ အဲ့တာ "

" အမေ ဒီမှာဗျို့ .... အငယ်ကောင် ရေခွက်တွေထဲ ဖုန်တွေ ထည့်ဆော့နေတယ် "

" နေဦး ... နေဦး ဒီကောင်လေးတော့ ပေး  ပေး
ဒီမှာ နင့်အကိုတို့ကို ရေ ခပ်တိုက်ရဦးမယ် ပြီးမှဆော့ "

ခံစမ်းဟ အဲ့တာမှ ....
" သမီးရေ နင့်အကိုတို့ ညနေစားဖို့ ဟင်းကို လမ်းထိပ်နားက သွားဝယ်လိုက်ဦး "

" ဟုတ် အမေ ဘယ်ဆိုင်က ဝယ်ရမှာလဲ "

" အော် နင်ကလည်းဟယ် နေ့တိုင်း ဝယ်နေကျကို မသိဘူးလား
ဖိနပ်ချုပ်တဲ့ ကုလား ဆိုင်လေ "

" ဗျာ ... ဖိနပ်ချုပ်တဲ့ ကုလားဆိုင်"

" အော် ... ဒီလိုပါကွယ်
သူက ဖိနပ်ချုပ်ရင်း ထမင်းဟင်း ရောင်းတာလေ ဆိုင်ကို တွဲဖွင့် ထားတာ "

" ဒေါ်လေး .... ဟို ... ဟိုလေ ကျနော်တို့ ပြန်လိုက်ပါ ဦးမယ်နော် "

" နေပါဦး ငါ့တူတို့ရယ် ညနေစာ စားပြီးမှပြန်ပါ
ဟိုမှာ နင့်ညီမလည်း အိမ်သာ အနောက်ဘက်က အလေ့ကျ ပေါက်တဲ့ ကန်စွန်းရွက်တောင် ခူးနေပြီကို "

" ရ ... ရတယ် ဒေါ်လေး မစားတော့ ပါဘူး
သွားလိုက်ဦးမယ်နော် "

" ကောင်လေးတို့ ညစာကော မစားကြတော့ဘူးလား ဒီထိုးမုန့်လေး ယူသွားပါဦးလား "

" အိ တော်ပီဂျ ဗိုက်ပြည့်နေလို့ သွားပြီ
နောက်လည်းမလာတော့ဘူး ... ဟုတ်ပေါင် နောက်မှ လာခဲ့မယ်ပြောတာပါ ... "

" ဟဲ့ ... ဟဲ့ ကောင်လေး ဒီမှာ ဦးထုပ်ကျန်ခဲ့ပြီ
အမ် ဟင် .... ဘယ်ရောက်သွားကြပါလိမ့် မြန်တာ ငနာလေးတွေ ... "

HeinLinZaw

No comments

Powered by Blogger.