ဘဲနှစ်ဗွေ ထားပါ..
ဘဲနှစ်ဘွေ ထားပါ ။
ပထမ တယောက်ကို " ကိုကို " ဟု ခေါ်ပြီး ဒုတိယ တယောက်ကို " မောင် " ဟု ခေါ်ပါ ။
ကိုကို က အသား ခပ်လတ်လတ် ပုံစံ ရှိရမည် ။ ပြီးတော့ အရပ်လေး ရှည်နေရမည် ။ မောင် သည် အသားမဖွေးလည်း ညိုချော ဖြစ်နေရမည် ။ အရပ်သည် က Sis ထပ် ခေါင်းတလုံး သာနေရမည် ။
ကိုကို သည် Sis ဆိုးသမျှ ကို သည်းခံနိုင်သူ ဖြစ်ရမည် ။ မောင် ကလည်း Sis ကို သိပ်ချစ်သူ ဖြစ်ရမည် ။
ကိုကို သည် Sis ကို သိပ် အူယားလာတဲ့ အခါ ခေါင်းလေးကို ပုတ်လျက် ဆံပင်လေးကို မပွ တပွလေး ဖွပေးရမည် ။ ပြီးတော့ " သိပ်ဆိုးတဲ့ လူဆိုးမလေး " ဟု ပြောပေးတတ် ရမည် ။ ထို အချိန်တွင် Sis က နှုတ်ခမ်းလေး စူလျက် ကလေးလေး တယောက်လို နေနေ တတ်ရမည် ။
မောင် ကတော့ Sis ကို လေးစား ချစ်ခင် မြတ်နိုး ကြင်နာရပါမည် ။ ကိုကို သည် အကြီး ဆိုပြီး အော်မငေါက်ရ ၊ မဆူရပါ ။
မောင် သည် Sis အပေါ်ကို သိတတ် နားလည်မှု ပေးတတ်ရမည် ။ ကိုကို က Sis အလို လိုက်ရမည် ဖြစ်သည် ။
Sis စိတ်ကောက်တဲ့ အချိန် ကိုကို က ချော့တတ်ရပါမည် ။ Sis စိတ်ဆိုးနေတဲ့ အချိန် မောင် က အလိုက် သိတတ်ရပါမည် ။
ကိုကို လို့ ခေါ်တဲ့ အချိန် " ဗျာ " ဟု ထူးပေးရမည် ဖြစ်ပြီး ၊ မောင်ရေ ဟု ခေါ်တဲ့ အချိန် " ခင်ဗျာ " လို့ မောင်က ထူးပေး တတတ်ရပါမည် ။
ကိုကို ကို တနလာင်္နေ့မှ စ ပြီး ဗုဒ္ဓဟူးနေ့ အထိ ၃ ရက် အချိန် ပေးလိုက်ပါ ။ မောင့် ကို ကြာသပတေး မှ စနေ နေ့ အထိ ၃ ရက် အချိန်ပေးလိုက်ပါ ။
တနင်္ဂနွေနေ့ကို အနားယူပါ ။ ( ချိန်းတွေ့တဲ့ အခါ စည်းကျော် ဘောင်ကျော်တာ မျိုးတွေ မိမိ လက်မခံပါ )
နှစ်ယောက်စလုံး ကို Silent တွဲပါ ။ အဆိုပါ နှစ်ယောက်ထဲမှ Sis အပေါ် တကယ် အနွံတာ ခံပြီး ချစ်နိုင်တဲ့ သူကို တသက်လုံး လက်တွဲ သွားပါ ။
တကယ်လို့ နှစ်ယောက်စလုံးက ကိုယ့်အပေါ် သိပ်ကောင်းနေ ခဲ့ရင်တော့ နှစ်ယောက်လုံးကို ယူလိုက်ပါ 😂😂😂
WaiYanMoeMyint
Post a Comment