Header Ads

ဗုဒၶဟူး သားသမီးမ်ား ဒီတစ္ပတ္ ေဆာင္ရန္ ေရွာင္ရန္ (July 25 မွ 31 ထိ)


(For Zawgyi)

ဒီတပတ္အတြင္း သင့္အတြက္ ပညာေရး၊ လူမႈေရး၊ စီးပြားေရး အတြက္ အေကာင္းဆုံး အႀကံေပးႏုိင္တာက အဂၤါ သားသမီးေတြပါ။ ဒီကာလ အတြင္း မိတ္ေကာင္း ေဆြေကာင္းေတြနဲ႔ ေတြ႔ႀကဳံ ခင္မင္ရကိန္း ရွိေနသလုိ စပ္တူကိစၥေတြ၊ စာခ်ဳပ္စာတမ္း ကိစၥေတြလည္း ေအာင္ျမင္တဲ့ ကာလပါ။

ျပည္တြင္း ျပည္ပခရီးေတြ မထင္မွတ္ဘဲ သြားရကိန္း ရွိသလုိ ေငြကံေလးလည္း ေကာင္းေနပါတယ္။ မထင္မွတ္ဘဲ အလွဴအတန္းေတြ၊ ဘာသာေရး အလုပ္ေတြ လုပ္ရကိန္း ရွိပါတယ္။

အိမ္ၿခံေျမ သမားေတြ၊ ပရိေဘာဂ သမားေတြ ၊ အေရာင္းအ၀ယ္ သမားေတြ ၊ စက္ပစၥည္း ေရာင္း၀ယ္သူေတြ အေျခအေန ေကာင္းေနသလုိ အေမြ ကိစၥေတြလည္း ေအာင္ျမင္တတ္တဲ့ အခ်ိန္ ကာလပါ။

က်န္းမာေရးက ေကာင္းေနေပမယ့္ ေလေအာင့္တာေတြ ၊ဒူးေခါင္းနာ တာေတြ၊ အေၾကာတက္တာေတြ ျဖစ္တတ္ပါတယ္။ ပညာေရးကေတာ့ မႀကိဳးစားရင္ ဘာမွ ျဖစ္မလာမဲ့ အခ်ိန္အခါပါ။

အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္နဲ႔ ရန္ျဖစ္လုိက္ ျပန္ခ်စ္လုိက္ျဖစ္ ေနေပမယ့္ ငယ္ရြယ္သူေတြ အတြက္ကေတာ့ ပန္းခင္းတဲ့ လမ္းပမာ သာယာေန တတ္ပါတယ္။

ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အား စံပယ္ပန္းကုိ ေၾကြပန္းကန္ျဖင့္ ယခု တစ္ပတ္လုံး ကပ္လွဴ ပူေဇာ္ေပးပါ။

ျပည္ပ ထြက္ခြာလုိသူမ်ား။ ။ ဥပုသ္ အဖိတ္ေန႔တြင္ သီလရွင္ငယ္မ်ားအား သၾကားယာဂု ဆြမ္းကပ္ လွဴဒါန္းေပးပါ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား။ ။မိမိ ေလွ်ာက္ထားေသာ အလုပ္ရွိရာ အရပ္ရွိ ဘုရားတြင္ အဂၤါသားသမီးကုိ အေဖၚေခၚ၍ အဓိ႒ာန္ ပုတီးစိပ္ေပးပါ။

အိမ္ေထာင္ေရး ၊ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။အိမ္ထဲတြင္ စက္ပစၥည္း အေဟာင္းအပ်က္ ရွာေဖြလႊင့္ပစ္ပါ။ နံနက္ ဆြမ္းခံၾကြလာသည့္ သံဃာေတာ္အား ေကာက္ညွင္းေပါင္း ကပ္လွဴေပးပါ။

လူမႈေရး အတုိက္အခံ မ်ားသူမ်ား။ ။ေန႔စဥ္ မုိးလင္းသည္ႏွင့္ ေမတၱာသုတ္ ရြတ္ဖတ္ ပူေဇာ္ၿပီးမွ မ်က္ႏွာသစ္ပါ။

က်န္းမာေရး မေကာင္းသူမ်ား ။ ။ လမ္းထဲရွိ ေခြးမ်ားအား ညဘက္ အစာေကၽြးပါ။

ထီကံေကာင္း လုိသူမ်ား။ ။ သင့္ေရွ႕ ထီကားေရာက္လာပါက ႀကဳံရာ ထီတစ္ေစာင္ ထုိးလုိက္ပါ။

(For Unicode)

ဒီတပတ်အတွင်း သင့်အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေး အတွက် အကောင်းဆုံး အကြံပေးနိုင်တာက အင်္ဂါ သားသမီးတွေပါ။ ဒီကာလ အတွင်း မိတ်ကောင်း ဆွေကောင်းတွေနဲ့ တွေ့ကြုံ ခင်မင်ရကိန်း ရှိနေသလို စပ်တူကိစ္စတွေ၊ စာချုပ်စာတမ်း ကိစ္စတွေလည်း အောင်မြင်တဲ့ ကာလပါ။

ပြည်တွင်း ပြည်ပခရီးတွေ မထင်မှတ်ဘဲ သွားရကိန်း ရှိသလို ငွေကံလေးလည်း ကောင်းနေပါတယ်။ မထင်မှတ်ဘဲ အလှူအတန်းတွေ၊ ဘာသာရေး အလုပ်တွေ လုပ်ရကိန်း ရှိပါတယ်။

အိမ်ခြံမြေ သမားတွေ၊ ပရိဘောဂ သမားတွေ ၊ အရောင်းအဝယ် သမားတွေ ၊ စက်ပစ္စည်း ရောင်းဝယ်သူတွေ အခြေအနေ ကောင်းနေသလို အမွေ ကိစ္စတွေလည်း အောင်မြင်တတ်တဲ့ အချိန် ကာလပါ။

ကျန်းမာရေးက ကောင်းနေပေမယ့် လေအောင့်တာတွေ ၊ဒူးခေါင်းနာ တာတွေ၊ အကြောတက်တာတွေ ဖြစ်တတ်ပါတယ်။ ပညာရေးကတော့ မကြိုးစားရင် ဘာမှ ဖြစ်မလာမဲ့ အချိန်အခါပါ။

အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်နဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ် နေပေမယ့် ငယ်ရွယ်သူတွေ အတွက်ကတော့ ပန်းခင်းတဲ့ လမ်းပမာ သာယာနေ တတ်ပါတယ်။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား စံပယ်ပန်းကို ကြွေပန်းကန်ဖြင့် ယခု တစ်ပတ်လုံး ကပ်လှူပူဇော်ပေးပါ။

ပြည်ပ ထွက်ခွာလိုသူများ။ ။ ဥပုသ် အဖိတ်နေ့တွင် သီလရှင်ငယ်များအား သကြားယာဂု ဆွမ်းကပ် လှူဒါန်းပေးပါ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ။ ။မိမိလျှောက်ထားသော အလုပ်ရှိရာအရပ်ရှိ ဘုရားတွင် အင်္ဂါသားသမီးကို အဖေါ်ခေါ်၍ အဓိဋ္ဌာန် ပုတီးစိပ်ပေးပါ။

အိမ်ထောင်ရေး ၊နှလုံးသားရေး အဆင်မပြေသူများ။ ။အိမ်ထဲတွင် စက်ပစ္စည်း အဟောင်းအပျက် ရှာဖွေလွှင့်ပစ်ပါ။ နံနက် ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။

လူမှုရေး အတိုက်အခံ များသူများ။ ။နေ့စဉ် မိုးလင်းသည်နှင့် မေတ္တာသုတ် ရွတ်ဖတ် ပူဇော်ပြီးမှ မျက်နှာသစ်ပါ။

ကျန်းမာရေး မကောင်းသူများ ။ ။ လမ်းထဲရှိ ခွေးများအား ညဘက် အစာကျွေးပါ။

ထီကံကောင်း လိုသူများ။ ။ သင့်ရှေ့ ထီကားရောက်လာပါက ကြုံရာ ထီတစ်စောင် ထိုးလိုက်ပါ။

OpinionLeadersMedia

No comments

Powered by Blogger.