Header Ads

KTV စော်တွေကနေ ပြန်ပီး စပွန်ဆာ ပေးထားတဲ့ ချာတိတ်လေးတွေ


***ktv က စော်တွေကို စပွန်ပေးထားတဲ့ ဘဲရီးတွေထက် အဲ့ဒီ ktv က စော်တွေကနေ ပြန်ပြီး စပွန် ပေးထားတဲ့ ချာတိတ်လေးတွေ ဆိုတာ ရှိသေးတယ်ဗျ ၊ အဲ့ ချာတိတ်တွေကိုနော် စော်တွေက အပြင်မယ် အခန်းသတ်သတ် ငှားပြီးထားတာ..  အဲ့ ချာတိတ်တွေက အရက်သောက်လိုက် ဆေးချလိုက် ညညဆို သူတို့စော် ပြန်အလာကို အခန်းထဲမယ် တစ်ယောက်ထဲ ဂျို သွေးပြီး စောင့်လိုက်နဲ့ ဟုတ်နေတာပဲ..

တစ်ခါ တစ်ခါဆို ပုံမှန်ပြန်ချိန်ထက် နောက်ကျရင် မင်းက ဘယ်ကောင်နဲ့ လိုက်အိပ်နေတာလဲ ဘာညာနက် မေးမေးပြီး ရိုက်သေးတာ ၊ ဒီမျက်နှာလေးနက် လုပ်စားနေရတာ သိရဲ့နက် အဲ့မျက်နှာလေးကိုပဲ ရွေးပြီး ထိုးတဲ့ကောင်က ရှိသေး..

နောက်ရက်ဆို အဲ့ ကောင်မလေးတွေမယ် မျက်နှာတွေ ညိုမဲနေလို့ အလုပ်မဆင်းနိုင်ဘူး ၊ အဲ့လို အလုပ်မဆင်းနိုင် ပြန်တော့လည်း မရဘူးဗျာ မင်းအလုပ်မဆင်းရင် ပိုက်ဆံ ဘယ်လိုရမလဲ ၊ ငါသုံးစရာ မရှိတော့ဘူး ၊ မိတ်ကပ်ထူထူဖို့သွား ဆိုပြီး မရမက လိုက်ပို့တဲ့ ကောင်တွေဗျာ၊ တစ်ကယ့်ကောင်တွေ..

အဲ့မယ် ထူးခြားတာက ktv က စော်တွေက ဒီ ချာတိတ်တွေဟာ သူတို့ကို တစ်ကယ် ချစ်တယ်လို့ သတ်မှတ်ထားတဲ့ ယုံကြည်မှုပဲ ၊ တစ်ကယ် ယုံတာနော် သိပ်အံ့သြဖို့ ကောင်းတယ်..

စဉ်းစားကြည့်..  ဘယ်ယောကျာ်းမှတော့ ကိုယ့်တစ်ကယ် ချစ်တဲ့စော်ကို တခြား ဘဲတွေက ဖက်နေတာ နမ်းနေတာ ဟိုဒီလျှောက်ကိုင် နေတာကို သိသိရက်နဲ့ ခွင့်လွတ် နားလည်ပြီး အရမ်း ချစ်ပြနေဖို့ ဆိုတာ ဖြစ်ရောဖြစ်နိုင် မလားပေါ့ ၊

ထားပါတော့... ဒါ သူတို့ကိစ္စ ။ အဓိက ပြောချင်တာက ဘဲတစ်ဗွေ အကြောင်း..

အဲ့ဒီဘဲကို ရပ်ကွက်ထဲမယ် အရင်က ခဏခဏ တွေ့ရတယ်..  ဘာအလုပ်မှ မလုပ်ဘူး အဒေါ်အိမ်မှာ ကပ်နေတယ် ရပ်ကွက်ထဲက ဘော်ဒါတွေနဲ့ ဟိုဒီပတ်သွားလိုက် တစ်ခါတစ်လေ ပွဲစားရောင်ရောင် ဘာရောင်ရောင်နဲ့ ကျောက်တွေရှာပြီး ပွဲတိုက်လိုက်နဲ့နေတာ..

ပညာလည်း မတတ်ဘူး ၊ သုံးစရာ ပက်ဆံလည်း တစ်ကျပ်မှ မရှိတဲ့ကောင် ၊ ဘယ်သူကမှလည်း ဒီကောင့်ကို လူရာ မသွင်းဘူး ၊ အလကားကောင် ဆိုပြီး ပစ်ထားကြတာ.. အဲ့ကောင်နော် တစ်ရက်မှာ ကျောက်ပွဲသွားတိုက်ရင်းနက် အသက် ၄၀ ကျော် လောပန်းဘွားတော် တစ်ယောက်နဲ့  သွားတွေ့တာ..

ဒီဘဲက တော်ကီတော့ ကောင်းတယ် ၊ အဲ့လိုနက် ဘွားတော်ဆီ ကျောက် ခဏခဏ သွားပြရင်း ကော်ပေါက်တိုးပြီး ဘွားတော်နက် ညိသွားတယ် ၊ ချက်ခြင်းပဲ ဘွားတော်ကို ကောက်ယူ အရှင်မွေး နေ့ချင်းကြီးပြီးတော့ လန်ခရူဇာတွေ ဘာတွေနက် ဖြစ်သွားတယ်..

ရပ်ကွက်ထဲ ပြန်လာတယ်နော်.. လန်ခရူဇာနက် ရေဘင် မျက်မှန်နက် ၊ ပက်ဆံကို သူများတွေလို တစ်သောင်းတန် လေးငါးဆယ်ရွက်ပဲ ကိုင်သုံးတာ မဟုတ်ဘူး.. ဆယ်သိန်းအုပ် နှစ်အုပ်လောက်ကို လက်ထဲမယ် ကိုင်ပြီး လဖေ့ရည်ဆိုင်ထဲ ဝင်လာတာ..

သူ လဖေ့ရည်တစ်ခွက် သောက်မယ် ၊ ပြီးရင် ဆိုင်ရှင်ကို လှန်းခေါ်တဲ့ပြီး တစ်ဆိုင်လုံး မှာသောက်နေတဲ့ တစ်ခြား လူတွေရဲ့ ဘေလ်တွေပါ ဘယ်လောက်ကျလဲ ဆိုပြီး ရှင်းတာ ၊ သုံးလေးခါလောက် အဲ့လို ရှင်းပေးလိုက်တာနက် ရပ်ကွက်ထဲက ဘဲတွေက သူ့ဆို ဘောစိဘောစိနက် ဖြစ်ကုန်ကြတယ် ၊

ကဲ လိုရင်းက အခုမှလာမှာ ၊ အဲ့လိုနက် ဘွားတော်နဲ့ အတူတူ နေရင်းကနေ တစ်ရက်မှာ အဖော်ကောင်းပြီး ktv ရောက်လာတယ် သိပ်မကြာဘူး အဲ့ ktv က စော်တစ်ဗွေနက် ညိသွားတယ်..

ရိုးရိုး ညိတာတောင် မဟုတ်ဘူးဗျာ ၊ သူက အဲ့စော်ကို သူ့အိမ်တွေ ဘာတွေခေါ်သွားပြီး ဘွားတော်နက်ပါ ခပ်တည်တည်နက် မိတ်ဆက်ပေးတာ..  ကျောင်းတုန်းက သူငယ်ချင်း ခုမှပြန်တွေ့ကြတာ ဘာညာပေါ့ ၊ သိပ်မကြာဘူး ဘွားတော် သိသွားတယ်..

အဲ့လိုနက် ဘွားတော်က ဒီလို မလုပ်ဖို့ ငိုယိုပြီး တောင်းပန်တာ တောင်းပန်တာတောင် သာမန် ငိုယိုပြီးတောင်းပန်တာ မဟုတ်ဘူးဗျာ ၊ ဆိုဖာခုံပေါ်မှာ ခြေကလိမ် ချိတ်ပြီး ထိုင်နေတဲ့ ကိုရာဇာနေဝင်းကို သူ့ရှေ့မှာ ခွေခွေလေး ထိုင်ပြီး အဲ့ကောင်ရဲ့ ခြေသလုံးပေါ်ကို ပါးကလေး အပ်ပီးတော့ကို တောင်းပန်တာ ။

မြင်ယောင်ကြည့် ဘယ်လောက် ရင်နာစရာကောင်းတဲ့ မြင်ကွင်းလဲလို့... အဲ့မြင်ကွင်းကို ကြည့်ပြီး စိတ်မသက်သာလို့ ကျနော် သူတို့နားကနေ ထွက်လာခဲ့လိုက်တယ်..  လင်မယားခြင်း ပါဆင်နယ်တွေမှာ ကိုယ်က ဝင်ပါလို့လည်း ကောင်းတာ မဟုတ်ဘူး ၊

ထားတော့ အဲ့မယ် ဘာတွေ ဆက်ဖြစ်ကြလဲ ဆိုတာတော့..  နောက်ပိုင်းမှ ပြန်ကြားရတာ ဒီကောင်က ဘွားတော်ကို ဆောင့်တွန်းတဲ့ပြီး ktv က သူ့စော် ကောင်မလေးဆီ ဖုန်းဆက်တယ် ဘွားတော်ရှေ့မယ်ကို စပီကာဖွင့်ပြီး ဆက်တာနော်..

အေး ဆော့ ( ဆော့ ဆိုတာ ကချင်လို အချစ်လို့ ခေါ်တာ ) အေး ဆော့ပေါ့.. ကိုယ်မင်းနဲ့ တွေ့ချင်နေတာကို ဒီမယ် ဘွားတော်က မလွှတ်ဘူး ၊ ခြေထောက်ကို အတင်းဆွဲထားတာ ၊ အက်ဒါ ကိုယ်ဘာလုပ်ရမလဲပေါ့..

အဲ့မယ် ကေတီဗီက စော်က..  ဘာ အဲ့ဒီ ဘွားတော်က ဘာမို့ ငါ့ဘဲကို ဆွဲထားရတာလဲ..  ပါး နှစ်ချက်လောက် ရိုက်လိုက်စမ်း ၊ ဆိုပြီး ပြန်ပြောတာ..

ဟိုနလပိန်းတုံးကလည်း ဖုန်းကို ဘွားတော်နား တိုးကပ်ပြီး..  ဆော့ ခုနက ဘာပြောတာလဲ ကိုယ်မကြားလိုက်လို့ ပြန်ပြောပါဦးဆိုတော့ ၊ ပါးနှစ်ချက် ရိုက်ခိုင်းတာ ဆိုပြီး ဟိုဘက်က လှန်းအော်ရော ၊

အဲ့မယ် ဘွားတော်ကို ဘယ်တစ်ချက် ညာတစ်ချက် ဖျန်းဖျန်းနက် ရိုက်ပြီး..  ကဲ ဆော့ ကြားတယ်နော် ကိုယ်ရိုက်လိုက်ပြီ ၊ ကိုယ်ဆော့ကို ဘယ်လောက်ချစ်တယ် ဆိုတာ ဆော့သိပြီနော် ဆော့စကားဆို ကိုယ်အမြဲနားထောင်တယ်နော်.. ကဲ နောက်ရော ဘာဆက်လုပ်ရဦးမလဲ ဆိုပြီး ထပ်မေးတာ..

ရပြီ သူ့ကို ပစ်ထားပြီး ဆော့ဆီ လာခဲ့တော့ဆိုမှ ဘွားတော်ကို ဒီတိုင်းထားခဲ့ပြီး ၊ အဲ့စော်ဆီ လစ်တာ..

ဒါက သာမန်နှိပ်စက်နည်း တစ်မျိုးပဲ ရှိသေးတာ နောက် အဲ့ထက် ပိုဆိုးတဲ့ နှိပ်စက်နည်းတွေ အကုန်သုံးပြီး စုံပလုံ စိနေအောင် နှိပ်စက်သေးတာ..  နောက်ဆုံးတော့ ဘွားတော်လည်း မခံနိုင်တော့ဘူး ရပ်ကွက်ထဲကအုပ်ချုပ်ရေးမှူးတွေ ဘာတွေခေါ်ပြီး ကွဲဖို့ကွာဖို့ လုပ်ရတော့တာ..

ဒါမက် ဟိုကောင်က လက်မခံဘူးဗျာ ၊ ရှိသမျှ ပက်ဆံတွေ အိမ်တွေ ကားတွေ ထားခဲ့ပြီး သွားမယ် ဆိုရင်တော့ ကွဲပေးမယ်တဲ့ အက်လိုမှ မဟုတ်ရင် ဘယ်လိုမှ ကွဲမပေးနိုင်ဘူး ဆိုပြီး အပြတ်ငြင်းလွှတ်တာ ၊ စီးပွားရေးတွေ လောကမယ် ဒီလောက် ချမ်းသာနေတဲ့ မိန်းမတစ်ယောက်ရဲ့ အိုင်ကျူကို ဒီကောင် လျှော့တွက် လွန်းတယ်..

ဘွားတော်က စောက်ရူးမှ မဟုတ်တာ ချစ်လွန်းလို့သာ ဒီလောက်ထိငြိမ်ပြီး သီးခံနေတာ အဲ့လိုနက် တစ်ရက်မှာ ဘွားတော်က အပြင် အဆက်အသွယ်တွေနက် မူးယစ်ဆေး ရအောင်ဝယ်.. ဟိုကောင့်အိတ်ထဲ ပစ်ထည့်ထားပြီး ၊ သူ့ယောကျာ်းဟာ မူးယစ်ဆေး ရောင်းဝယ် သုံးစွဲနေသူ တစ်ယောက်ပါ လို့ သတင်းပေး ရဲခေါ်တဲ့ပြီး ဖမ်းခိုင်းလိုက်ရတော့တယ်..

ရဲတွေ ရောက်လာပြီး ရှာတော့ ဟိုကောင် ကားခနဲမိတာပဲ သတင်းပေးက မိန်းမကိုယ်တိုင် ဖြစ်နေတော့ ဘယ်လိုမှ ငြင်းမရတော့ဘူး ၊ လက်ဝယ် တွေ့ရှိမှုရယ် ၊ သုံးစွဲမှုရယ် ၊ လက်ဝယ်တွေ့ရှိမှု ဆိုတဲ့နေရာမယ် ပစ္စည်းက များတယ် သုံးစွဲမှုဆိုတဲ့ နေရာမယ်လည်း ဆီးစစ်ရတယ် မလား..

အဲ့လို ဆီးစစ်တဲ့ နေရာမယ်လည်း ၊ ပက်ဆံ ၁၅ သိန်း လောက်မှ အကုန်မခံနိုင်ရင် ၊ ရေထည့် လွှတ်လိုက်ရင်တောင် ဆီးကျတယ် ဆိုတဲ့ မြန်မာ့နည်းမြန်မာ့ဟန် အဖန် ဇယားတွေကလည်း ရှိသေးတယ်လေ ၊ အဲ့ဒီ ၁၅ သိန်းလည်း ဘွားတော်က ထုတ်မပေးတော့ ဟိုကောင်လစ်တာပဲလေ..

နောက်ဆုံးတော့ လက်ဝယ် တွေ့ရှိမှုရယ် ဆီးကျတာရယ်ကြောင့် ၊ နှစ် ၂၀ ထိ ဂျေးထဲ အောင်းသွားရတော့တယ် ၊ ဆိုတော့ ပညာမတတ်တဲ့ လူတွေဆီ ထီပေါက်သလို ဝုန်းခနဲ ပက်ဆံရောက်လာရင် အဲ့ပက်ဆံ ဘယ်လောက် ကြာကြာခံသလဲ ဆိုတာ ကြည့်လိုက်..

နဂိုအခံကိုက ဆိုးချင်တဲ့ ဗီဇရယ် ၊ ပက်ဆံရယ် ပေါင်းလိုက်တော့ ဒီကောင်တွေ ဘဝက ခဏရယ်...  အခွင့်အရေး ဆိုတာကတော့ ကိုယ့်ဆီ ရောက်လာချင်ရင်လည်း ရောက်လာမယ်..  ရောက်လာချင်မှလည်း ရောက်လာမယ်..

ဒါမက် ရောက်လာတဲ့ အချိန်မှာ အဲ့ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချနိုင်ဖို့တာကလည်း ကိုယ့်အသိဉာဏ်က လယ်ဗယ်အဆင့် တစ်ခုမှာတော့ ရှိနေရမယ် မဟုတ်လား...

Credit - Nay

No comments

Powered by Blogger.