Fan တွေ အချင်းချင်း တိုက်ခိုက်နေပေမယ့် မောင်ချိုနဲ့ စည်းလုံးမှုရှိနေတဲ့ ဖြိုးမြတ်အောင်
Myanmar Idol Season 3 ဟာ Level မြင့်လာတာနဲ့အမျှ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ၊ fan အချင်းချင်းကြား အငြင်းပွားမှုတွေဟာ တစထက်တစ ပိုမြင့်တက် လာပါတယ်။ အထူးသဖြင့် ပြိုင်ပွဲ တစ်ခုလုံးမှာ အဓိကထား တိုက်ခိုက်နေကြတာကတော့ ဖြိုးမြတ်အောင် Fan တွေနဲ့ ချမ်းမြေ့မောင်ချို ရဲ့ Fan တွေပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကတော့ အပြန်အလှန် တိုက်ခိုက်နေကြတဲ့ တစ်ဖက် Fan တွေရဲ့ တိုက်ခိုက်မှုတွေ အပေါ်မှာ...
“ သူတို့ တိုက်ခိုက်တဲ့ အပေါ်မှာ ဘာမှ အထွေအထူး ပြောစရာ မရှိပါဘူး။ တိုက်ခိုက်မှုတွေက ကျတော့်အတွက် ပိုပီး ခွန်အားတွေ ဖြစ်စေတယ်။ ဘာလို့လဲဆိုတော့ သူတို့ဝေဖန်တဲ့ အရာတွေဟာ ကိုယ့်အားနည်းချက်တွေ ဖြစ်နေနိုင်တယ်။ ကိုယ်တိုင်လည်း ပြန်ပြင်ဆင် ဖြစ်တယ်။ သူတို့ကိုလည်း ပြန်ပီးတော့ ကျေးဇူးတင်ပါတယ်။ ”
ဒီလို ချမ်းမြေ့မောင်ချို Fan နဲ့ ဖြိုးမြတ်အောင် Fan တို့ တိုက်ခိုက်နေကြတာနဲ့ ပတ်သက်ပြီး ဖြိုးမြတ်အောင် အနေနဲ့ သူတို့ နှစ်ဦးရဲ့ ဆက်ဆံရေးကို ခုလိုပဲ ပြောလာပါတယ်။
“ ကျတော်တို့ အချင်းချင်းက မိသားစုဝင်တွေ လိုပါပဲ။ တခါတလေ မောင်ချိုကို ညီလေးမောင်ချို လို့ စဖြစ်ပါတယ်။ ပြိုင်ပွဲဝင် မောင်နှမတွေ အချင်းချင်း စည်းစည်းလုံးလုံး ရှိပါတယ်။ အပြင်မှာ သူတို့ဘာသာ သူတို့ တိုက်ခိုက်မှုလေးတွေ ဖြစ်နေတာပါ။ ”
Source - မြန်မာတိုင်းမ် ၊ We Love Cele
Post a Comment