သင် အခုချိန်အထိ ချိန်ပါ ဖြစ်နေတဲ့ အကြောင်းများ
သင့်ကို ဘာကြောင့် ဆော်တွေ မကြိုက်တာလဲ ဆိုတာ စဉ်းစားရ ခက်နေလား ။ သင့်ဆီမှာ ဆော်တွေ ကြွေနိုင်တဲ့ အလုပ် ၊ ဝင်ငွေ ၊ ခန္ဒာကိုယ်တွေ ပိုင်ဆိုင်နေပါလျှက်နဲ့ ကြောင်သမျှ ဆော် မှန်သမျှ ရှောင်ရှောင် သွားတာ ကြုံနေရ ပါသလား ။ ဘာကြောင့် ဆော်တွေက သင့်ကို ရှောင် ရှောင် သွားတာလဲ သိချင်ရင် ဘယ်လို ရှောင်ရမလဲ သိချင်ရင် အဆုံးထိ ဖတ်လိုက်ပါ ။
1) လေကြောရှည်ခြင်း
ကိုယ်ကြိုက်နေတဲ့ ကောင်မလေးတွေတဲ့ အခါ သူကြိုက်လာအောင် သင့်ရဲ့ ဘဝ အကြောင်းတွေ၊ သင်မိဘ အကြောင်းတွေ ၊ သင်ဘယ်လောက် အလုပ် ကြိုးစားတာတွေ ၊ ညီအကို မောင်နှမ အကြောင်းတွေ ၊ သင်ဘယ်လောက် စိတ်ထားကောင်းတာတွေ အစ ရှိတဲ့ သင့်ရဲ့ ကောင်းတဲ့ အချက်အလက်တွေပဲ သူအထင်ကြီးအောင် ဖောက်သည် ချမိ ပါလိမ့်မယ် ။
ဘယ်လောက်ပဲ သူ အထင်ကြီးအောင် လုပ်လုပ် သင့်အကြောင်းတွေချည်း ပိတ်ပြောနေမယ့် တကိုယ်ကောင်းဆန် တဘို့တည်း ကြည့်တဲ့ သင့်ကို သူနောက်တခါ တွေ့ချင်မှာ မဟုတ်တော့ပါ ။
အမှန်က သင့်အကြောင်းပြောမယ့် အစား သူ့အကြောင်းကို မေးပြီး သူပြောတာကို နားထောင်ပါ ။ သူမေးလာရင်တောင်မှ လိုရင်း တိုရှင်း လုပ်ပြီး သူ့ဘက်ပြန်လှည့်ပြီး သူစိတ်ဝင်စားတာတွေ ၊ ရောက်ဖူးတဲ့ နေရာတွေ ၊ မောင်နှမ အကြောင်းတွေ ၊ အားကစားတွေ၊ ဘဝ ရည်မှန်းချက်တွေ ၊ သွားတက်တဲ့ နေရာတွေ ၊ သူ့ အိမ်မွေး တိရိတ္ဆန်တွေ မေးပါ ။ ဒီလိုနဲ့ သူ့အကြောင်းတွေကို သင်ပိုသိလာပြီး သူ့ကို ပို ဂရုစိုက်ကာ သူ့အသည်းကို ဆွတ်ခူးနိုင်မှာပါ ။
2) ရည်းစားဟောင်းများ အကြောင်း ပြောခြင်း
အရင် ရည်းစားနဲ့ ဘာကြောင့် ပြတ်သွားတာလဲ ဆိုတာကို စကားမစပ်လို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် သူမေးလို့ ဖြစ်ဖြစ် ပြောမိ ပါလိမ့်မယ် ။ စကားမစပ်လို့ ပြောမိပြီ ဆိုကတည်းက သင် သူ့ကို သတိရနေသေး လို့ပဲ လို့ ယူဆ ပါလိမ့်မယ် ။
သူမေးလို့ ပြောတယ် ဆိုရင် ဝေဝေ စာစာ ပြောမိလို့ ကတော့ မပြတ်နိုင်သေးဘူးလို့ ထင်သွား ပါလိမ့်မယ် ။ ဘယ်ကောင်မလေး ကမှ သူ့ရည်းစား အရင်ဆော်အကြောင်း ကို အသေးစိတ် မသိချင် ပါဘူး ။
ဘယ်လိုပဲ ပြောပြော မကောင်းတဲ့ ဘက်ကို ဦးတည်နေ မှာပါ ။ ပြတ်သွားတယ် ဆိုတာ အကြောင်း တစ်ခုခုရှိလို့ အဆင်မပြေလို့ပါ ။ အတိတ်ကို အတိတ်မှာ ထားခဲ့ပါ ။
အမှန်က သူမေးရင်တောင် ဒီလို လိုရင်း တိုရှင်းဖြေပါ " စိတ်သဘောထား မတိုက်ဆိုင်လို့ လမ်းခွဲ လိုက်တယ် " ဆက်ပြီး အတင်း မေးလာရင် " ပြီးခဲ့တာတွေ က ထားလိုက်ပါတော့ ။ အခုက သူတယောက်ထဲ အကြောင်းကိုပဲ စိတ်ဝင်စားတယ် " ပေါ့ ။
3) သူ ယုံကြည်တာ ၊ ကိုးကွယ်တာ ၊ ကြိုက်တာတွေ ဟာသ လုပ်ခြင်း
လူဆိုတာ ကိုယ့်အကြိုက် ကိုယ် လုပ်နေကြတဲ့ သူတွေပါ ။ သူ့ဟာသူ ကိုရီးယား ရောဂါ ထနေတာ ၊ ဘာသာခြားနေတာ ၊ ငွေ အသုံးကြမ်းတာ၊ စိုင်းစိုင်းကို ကြွေတာ ၊ ဖြစ်ချင်တာ ဖြစ်နေပါစေ ကိုယ်က သွားလှောင်မိရင် ၊ ဟာသ လုပ်မိရင် မဆက်သေးတဲ့ သံရောဇဉ် ကြိုးလေး ဖြတ် ခနဲ ပြတ်သွား ပါလိမ့်မယ် ။
ကိုယ့်ဟာကိုယ် ဘောပွဲ ကြည့်တာ သူ လာ ပြသာနာ ရှာလို့ မရသလို ၊ သူ ကြိုက်ချင်တာ ကြိုက်တာကို ကိုယ်က သွားပြောလို့ မရပါဘူး ။ မကြိုက်တက်ရင် နဂိုထဲက မတွဲနဲ့ပေါ့ ။
အမှန်က ကိုယ် စိတ်မဝင်စားတဲ့ အကြောင်းတွေ ပြောလာရင် ဥပမာ ကိုးရီးယားကားတွေ အကြောင်း ပြောလာရင် " ကိုးရီးယားကား သိပ် စိတ်မဝင်စားလို့ မကြည့်ဖြစ်ဘူး " လို့ပဲ ငြင်းလိုက် သူ ဘာမှ ဆက်ပြောမှာ မဟုတ်ဘူး ။
4) ကိုယ့်အတွင်းရေး များကို ပြောခြင်း
လူတိုင်း ကတော့ ကိုယ့်အဆင်မပြေမှုနဲ့ ကိုယ် ရှိပါတယ် ။ အိမ်မှာ အဆင်မပြေတာ ၊ မိဘတွေ က အဆင်မပြေတာ ၊ မောင်နှမတွေ အနိုင်ကျင့် ခံရတာ ၊ စတာတွေကို သနားအောင် သွားပြောတတ်ကြ ပါတယ် ။ စတွဲတွဲချင်း ဘယ်ဆော် ကမှ ကိုယ့်ပြသာနာတွေကို မသိချင် ပါဘူး ။
ချိန်းတွေ့တယ် ဆိုတာ ပျော်ဖို့ ရွှင်ဖို့ လေ ။ အပူတွေကို ဖောက်သည်ချ ပြီး စိတ်ညစ်စရာတွေ တွေးရမှာ မဟုတ်ဘူး ။ အမှန်က သူနဲ့ ကြိုက်သွားပြီ အဖြေရပြီ ဆိုတော့မှ ဒါတွေကို စပြောရမှာ ။ အစိမ်း သက်သက်ကြီး တွဲခါနီး သွားပြောလို့ ကတော့ ဂွမ်းသွား မှာပေါ့ ။
5) ကြွားလုံး ထုတ်ခြင်း
ပထမဆုံး ချိန်းတွေ့တဲ့ ၁ ခေါက် ၂ ခေါက် လောက်မှာ သူအထင်ကြီးအောင်လို့ သင့်အိမ်က ဘယ်လောက် ချမ်းသာတာ ၊ သင်က ဘာအကောင်ကြီး ၊ သင်အလုပ်က ဝင်ငွေ သိပ်ကောင်းတာကို ပြောရင် သူ ချက်ချင်း ကြွေပြီး သူ့မှာ သင့်ထက် ကောင်းတဲ့ ယောက်ျား မရှိ ဟု ထင်သွားပြီး သင့်နားက ခွာတော့မှ မဟုတ်တော့ဘူး ........ ဟိတ် ထ ထ ထ အိပ်မက် မက်မနေနဲ့ ။ ဒီလို ကြွားလုံးထုတ်ပြီး ကိုယ့်ဘက် ပါလာတဲ့ မိန်းမက ငွေမက်တဲ့ မိန်းမပဲ ရမယ် ။
တကယ်ကောင်း တဲ့ ခေတ်ပညာတက် မိန်းခလေး တွေက တော့ သင့်ကို စိတ်ထဲက လှောင်နေပါ လိမ့်မယ် ။ တကယ်ကို ချောတဲ့ လှတဲ့ ကောင်မလေးတွေဆို အဲ့ဒီလို ငကြွားမျိုးတွေ သင့်ထက် ချမ်းသာတဲ့ ငကြွားတွေ က အပျို မဖြစ်ခင် ကထဲက လာကြောင်နေတာ လက် မပြောနဲ့ ခြေချိုး ရေတာတောင် မလောက်ဘူး ။
အမှန်က သင့်ဘဝရဲ့ ရည်မှန်းချက်တွေ အများ အကျိုးကို ဘယ်လို ဆောင်ရွက်မှာတွေ မိဘကျေးဇူး ဘယ်လို ဆပ်မှာတွေကို ပြောပါ ။ ဘဝရဲ့ ပန်းတိုင်တွေ ဘယ်လို ဆွတ်ခူးမလဲ ဆိုတာ ဘယ်လို ကြိုးစားနေသလဲဆိုတာကို ပြောပါ ။ ငွေနဲ့ ပက်သက်တာ မှန်သမျှကို လုံးဝ ရှောင်ပါ ... ကြွားတယ် လေလုံး ကြီးတယ် ထင်လောက်သော စကားများကိုလည်း ရှောင်ပါ ။ ကိုယ့်လေနဲ့ကိုယ် မလွင့်သွားပါစေနဲ့ ။
Gentleman
Post a Comment