ပိုက်ဆံကို အပို မသုံးမိစေဖို့ အကြံပေးချက်(5) ချက်
1) 80/20 rule ကျင့်သုံးပါ
80/20 rule ကို ကျင့်သုံးပါ ။ ဆိုလိုတာက ဝင်ငွေရဲ့ 20 ရာခိုင်နှုန်း ကိုတော့ ပုံမှန် စုဆောင်းနေ သင့်ပြီး ကျန်တဲ့ 80 ရာခိုင်နှုန်းကို မိမိ တိုးတက်ဖို့ အတွက် သုံးစွဲသင့် ပါတယ် ။
2) လစဉ် ဘေလ် များကို ထိန်းချုပ်ပါ
လစဉ် ဆောင်ရတဲ့ ဘေလ်တွေကို ထိန်းချုပ်ပါ ။ လစဉ် မီတာဘေလ် ၊ ရေဖိုး၊ ဖုန်းဘေလ် ၊ ဆီဖိုး စတာတွေကို ပမာဏ တခု သတ်မှတ်ပြီး ၊ အဲဒီ ပမာဏ အတွင်းပဲ ရှိနေအောင် သုံးစွဲပါ ။
3) လှတယ်ဆိုတိုင်း မဝယ်ပါနဲ့
စားသုံးကုန်တွေ ထွက်ဝယ်တာပဲ ဖြစ်ဖြစ် ၊ အဝတ်အစား အတွက် ဈေးဝယ် ထွက်ရင် ဖြစ်ဖြစ် ဒီပမာဏ အတွင်း သတ်မှတ်တာပဲ ဖြစ်ဖြစ် ဝယ်မယ် ဆိုတဲ့ ပစ္စည်းတွေပဲ ဝယ်ယူသင့် ပါတယ် ။ ဒီတိုင်း မျက်စိ ထဲမှာ လှတယ် ဆိုတာနဲ့ မဝယ်ပါနဲ့ ။
4) တကယ်လိုအပ်တာပဲ ဝယ်ပါ
ဘယ်ပစ္စည်းကို မဆို ဝယ်တော့မယ် ဆိုရင် ကိုယ့်အတွက် တကယ် အသုံးလိုရဲ့လား ၊ အခု ဝယ်ပြီးရင်ကော နောက် ဘယ်လောက်ကြာတဲ့ အထိ ဒီပစ္စည်းကို သုံးချင်မှာလဲ ဆိုပြီး ပြန်စဉ်းစားကာ တကယ် အသုံးတည့်မယ့် အရာမျိုးကိုသာ ဝယ်သင့်ပါတယ် ။
5) ငွေစု စီမံကိန်းထားပါ
ငွေစုဖို့ အတွက်ကို နှစ်ရှည် စီမံကိန်း ထားပါ ။ ဒီနှစ် ကုန်ရင်တော့ ဒီငွေ ပမာဏလောက် စုဆောင်းမိ နေရမယ် ဆိုပြီး သတ်မှတ်ထားမယ်ဆို ပိုကောင်း ပါတယ် ။
သင့်ရဲ့ သူငယ်ချင်းတွေ ကိုလည်း Share ပြီး အကြံပေးလိုက်ပါ။
MoneyMonday
Post a Comment