သင့်ရဲ့မွေးလအလိုက် စိတ်နေသဘောထားများ
January = ဘ၀ကို အေးအေးဆေးဆေးလေး နေတတ်သူ ၊ ဒေါသစိတ်ကို ထိန်းနိုင်သူ ၊ အချစ်ကြီးတယ် သံယောဇဉ် တွယ်တာ မြန်တယ် ၊ မေ့နိုင်တဲ့စိတ် မွေးဖွားတတ်တယ်။
February = အာရုံ လာနောက်တာ မကြိုက်ဘူး ၊ စိတ်ထဲမှာ ရှိတာကို ဖွင့်ဟ ပြောဆိုတတ်တယ် ၊ အမုန်း မပွားဘူး ၊ တစ်ယောက်တည်း ရှိနေချိန် ဝါသနာပါတဲ့ အလုပ်မျိုး လုပ်တတ်သူ။
March = ဒေါသတွေ ထွက်လာရင် ဘာမှ မကြည့်တော့ဘူး ၊ အရွဲ့ အရမ်းတိုက်တယ် ၊ အားနာ တတ်တယ် ၊ ကူညီချင်စိတ် အပြည့်ရှိတယ် ၊ သနားတဲ့ စိတ်ကြောင့် ခံစားနေရတတ်တယ် ၊ အရမ်း ချစ်တတ်ကြတယ်။
April = တစ်ယောက်တည်း ရှိနေချိန် အတွေးများစွာနဲ့  စဉ်စားနေ တတ်ကြတယ် ၊ ဦးဆောင်သူ အဖြစ် ရပ်တည်ချင်စိတ် ရှိတယ် ၊ ဒေါသ ကြီးတယ် ၊ ဘာပဲ လုပ်လုပ် တိတိကျကျ လုပ်ရမှ ကျေနပ်တယ် ၊ ကိုယ်ဘက်က စေတနာထားပြီး လုပ်ပေးလိုက်တဲ့ အရာအပေါ် ဘာအကျိုး အမြတ်မှ မရရင် နေပါစေ ၊ သူတစ်ပါး စိတ်ချမ်းသာရင် ကျေနပ်နေ တတ်ကြတယ် ၊ သနားကြင်နာစိတ် ရှိကြတယ်။
May = အရမ်း အားနာတတ်တယ် ၊ ကိုယ်ကြောင့် သူတစ်ပါး စိတ်ညစ်သွားမှာ စိုးရိမ်တတ်တယ် ၊ အားငယ်တတ်တယ် ၊ ဝမ်းနည်းစရာတွေ တွေ့ ကြုံလာရင် ငိုတတ်ကြတယ် ၊ အေးအေးချမ်းချမ်း နေထိုင်ချင်စိတ် ရှိကြတယ်။
June = ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကြိုးစားချင်စိတ် ရှိကြတယ် ၊ ဒါပေမဲ့ လက်လျှော့လိုက်ပီ ဆိုရင်တော့ လုံးဝ ဥပေက္ခာ ပြုနိုင်ကြတယ် ၊ အချစ်ကြီးတယ် ၊ ခံစားရမှာ ကြောက်တတ်ကြတယ် ၊ ဘယ်လောက်ပဲ ခံစားနေရပါစေ တခြားလူ မသိအောင် ဟန်ဆောင် တတ်ကြတယ်။
July = ဂျစ်ကန်ကန် နေထိုင်တာ မဟုတ်ဘူး ၊ စိတ်ထဲ ဘဝင် သိပ်မတွေ့ လို့  ဂျစ်ကန်ကန်လို့ ထင်ခံရတာ ၊ အေးအေးဆေးဆေး နေတဲ့ အချိန်ဆို အ တယ် ထင်လို့  အကြောင်းသိအောင် လုပ်ပြ ပြောဆိုပြတာ ၊ အားနာတတ်တယ် ၊ အမုန်း မပွားချင်ဘူး ၊ သံယောဇဉ် တအားကြီးတယ်။
August = သူတစ်ပါး ကိုလည်း အနိုင်မကျင့်ဘူး ၊ ကိုယ်အပေါ်ကို အနိုင်ယူ လာရင်လည်း ငြိမ်မခံတတ်ဘူး ၊ မဟုတ် မခံ နေထိုင်တယ် ၊ အချစ်ကြီးတယ် ၊ မုန်းသွားပီဆို လှည့်ကို မကြည့်တတ်ဘူး။
September = စကားများတာ နားပူတာ မကြိုက်ဘူး ၊ ဒါပေမဲ့ တစ်ခါတလေ စကားအများကြီး ပြောတတ်ကြတယ် ၊ သံယောဇဉ် အရမ်းကြီးတယ် ၊ နာကျင်လာအောင် လုပ်တဲ့ သူတွေကို ကောင်းကောင်း ပညာပြန်ပေးတတ်တယ် ၊ ကူညီချင်စိတ် အပြည့်ရှိတယ်။
October = ကိုယ်ရဲ့ လက်အောက် ငယ်သားများအပေါ် ကူညီချင်ကြတယ် ၊ အားနာတတ်တယ် ၊ အချစ်ကြီးတယ် ၊ ဘာလေးပဲ စားစား သူတစ်ပါးကို ကျွေးချင်ကြတယ် ၊ အေးချမ်းစွာ နေထိုင်ရတာ သဘောကျတယ် ၊ အချစ်ကြီးတတ်ကြတယ်။
November = စိတ်ထဲမှာ လူတစ်ယောက်ကို လက်မခံတော့ဘူး ဆိုရင် လုံးဝ လှည့်မကြည့်တော့ပါ ၊ စိတ်ထဲမှာ ဘယ်လောက် ခံစားနေရပါစေ ၊ ဘာမှ မဖြစ်သလို နေတတ်ကြတယ် ၊ အချစ်ကြီးတယ် ၊ ဟန်ဆောင်တာ လိမ်ညာတာ အရမ်း မုန်းတယ်။
December = စိတ်ထားလေး နူးညံ့တယ် ၊ နှလုံးသားရေး ကိစ္စကို ကံဆိုးနေတယ် ထင်တတ်တယ် ၊ အေးချမ်းစွာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေကြတယ် ၊ အမုန်းဆိုတာ မရှိပေမဲ့ မုန်းသွားတဲ့ သူဆို လုံးဝပဲ ၊ သူ ဘဝမှာ အမှတ်တရ များစွာကို မှတ်သားတတ်ကြတယ် ၊ အချစ်ကြီးတယ် ၊ သံယောဇဉ် တွယ်တတ်ကြတယ်။
credit original
Post a Comment