ချစ်သူအဖြစ် ရွေးသင့်တဲ့ လူ (10) မျိုး
(1) ကိုယ် ပြောတာတွေကို ကောင်းကောင်း နားထောင်ပေးတတ်တဲ့ လူ ။
( သူဟာ သင့်ကို ကုသပေးမယ့် လူဖြစ်ပါတယ် ။ )
(2) ဝီရိယ ရှိရှိ အလုပ် လုပ်တတ်တဲ့ လူ ။
( သူ့ရဲ့ ဘ၀ဟာ အမြဲ ပြည့်စုံနေ ပါလိမ့်မယ် ။ )
(3) သင့်ရဲ့ အသေးအဖွဲ ကိစ္စလေး တွေမှာတောင် စိတ်ဝင်တစား ရှိတဲ့ လူ ။
( သူက အမြဲတမ်း သင့် အကြောင်းကို တွေးတောနေ ပါတယ် ။ )
(4) မနက်ဖြန် အကြောင်း ပြောတတ်တဲ့ လူ ။
( သူဟာ တနေ့မှာ သေချာပေါက် အောင်မြင် ပါလိမ့်မယ် ။ )
(5) အမြဲ ကြည်လင်စွာ ပြုံးရယ်တတ်တဲ့ လူ ။
( သူဟာ အဝေး ရောက်နေတဲ့ လာဘ်ကိုတောင် ရောက်လာအောင် စွမ်းဆောင်ပေးမယ့် လူဖြစ်ပါတယ် ။ )
(6) သေချာ ရေရာတဲ့ စကားကို ပြောတတ်တဲ့ လူ ။
( သူဟာ စံ တခု သတ်မှတ်ထားပြီး ဘ၀ကို နေထိုင်တတ်တဲ့ လူ ဖြစ်ပါတယ် ။ )
(7) တွေးလိုက်တာနဲ့ တကယ် တော်တယ်လို့ ခံစားရတဲ့ လူ ။
( သူဟာ ခေတ် တခုကို ဦးဆောင်ပေးမယ့် လူ ဖြစ်ပါတယ် ။ )
(8) အသက်ရှင်သန်နေခြင်း ကိုပဲ ကျေးဇူးတင်တတ်တဲ့ လူ ။
( သူဟာ ဘေး ပါတ်ဝန်းကျင်ကို အမြဲ နွေးထွေးစွာ ဆက်ဆံတတ်တဲ့ လူ ဖြစ်ပါတယ် ။ )
(9) ဘယ်လောက်ပဲ အသေး အမွှား ကိစ္စပဲ ဖြစ်ပါစေ လေးလေး နက်နက် လုပ်တတ်တဲ့ လူ ။
( သူဟာ အသေးစား ပျော်ရွှင်မှုလေးတွေ ကိုတောင် အမြဲ ကျေးဇူးတင်တတ်တဲ့ လူ ဖြစ်ပါတယ် ။ )
(10) စာဖတ်ခြင်းနဲ့ တွေးခေါ်ခြင်းကို ကြိုက်နှစ်သက်တဲ့ လူ ။
( သူ့ဆီမှာ အမြဲ သင်ယူ လေ့လာစရာ တွေနဲ့ ပြည့်နေ ပါလိမ့်မယ် ။ )
စဉ်းစားဆင်ခြင်နိုင်ပြီး လူကောင်းများနှင့် တွေ့ဆုံနိုင်ကြပါစေ ။
Chang Mya Mya Thaw
Post a Comment