Header Ads

ဖခင်က FB သုံးချင်တဲ့ သမီးလေးအတွက် စည်းကမ်း သတ်မှတ်လိုက်သောအခါ


" ဖေဖေရေ ... သမီး ဆယ်တန်း အောင်ပြီ ဆိုတော့ ဖေ့စဘုတ် သုံးလို့ရပြီ ပေါ့နော် "

ခရီး ရောက်မဆိုက် သမီးရဲ့ ဖေ့စဘုတ် သုံးရတော့မယ် ဆိုတဲ့ အပြုံးနဲ့ အပျော်က ငအွပ်တ် အတွက် ပီတိဖျာမိတာထက် ရင်လေးနေ မိတာ အမှန် ။

" အင်းပေါ့ "

" ဟေး .... ဝမ်းသာ လိုက်တာ "

" ဒါပေမဲ့ စည်းကမ်းလေး နဲ့တော့ သုံး
မလိုက်နာနိုင်ရင်တော့ မသုံးရဘူး "

" ဟွန်း ..... ဖေဖေ မညစ်ပတ်နဲ့နော်
သမီးနဲ့ ကတိပေးတုန်းက အဲ့တာတွေ ပါလို့လား "

" အဲ့ဒီတုန်းက သမီး ဖေ့စဘုတ် သုံးခွင့် မရသေးဘူးလေ
အခု သုံးရတော့မှာ ဆိုတော့ စည်းကမ်းချက်ကိုတော့ မဖြစ်မနေ ထုတ်ရမယ် "

" ဖေဖေ့ သဘောပဲ လုပ် ကြိုက်သလိုလုပ် "

သမီးလေး စိတ်ဆိုးသွားမှန်း သိပေမဲ့ ငအွပ်တ် ခမျာ မိတဆိုးလေး သမီး အလိမ္မာမို့ ပြောရ ဆိုရ လွယ်တယ်ဆိုတာ သိနေလေတော့ .....
" ကဲ သမီး သုံးရမဲ့ စည်းကမ်းကတော့ ...

No (1) Live မလွှင့်ရဘူး ။

No (2) လင်ရှာတဲ့ အမူအရာ ပါတဲ့စာ ၊ ပုံ ၊ မြူစွယ် ဖြားယောင်းတဲ့ ပိုစ့် ကို မတင်ရဘူး ။

No (3) သမီး အတက် မခံရဘူး ။ ဘယ်သူ တက်လုပ်လုပ် လက် မခံရဘူး ဖျက်ရမယ် ။

No (4) သမီး ဘယ်ယောကျာ်လေး ကိုမှ ဖောလိုး မလုပ်ရဘူး ။ ဖောလိုး ချင်ရင် မိန်းကလေးပဲ ဖောလိုးပါ ။

No (5) သမီးရဲ့ FB အကောင့် ထဲမှာ ယောကျာ်လေး သူငယ်ချင်းဟာ ဖေဖေနဲ့ ရင်းနှီးတဲ့ ယောကျာ်လေးပဲ ဖြစ်ရမယ် ။

No (6) ဘယ်ယောကျာ်းလေး ကိုမှ Like မပေးရဘူး လိုက်ပေးရင် ပေါ်တဲ့ဟာ လုပ်ထား ။

No (7) ယောက်ျားလေး လာ Hi ရင် ချက်ဘောက်မှာ Get Out လို့ တခါထဲ ပြောပါ ။

No (8) ချက်ဘောက်မှာလဲ မဖွန်ရဘူး ။ မကြူရဘူး ။

No (9) ချက်ဘောက်မှာ ဘယ်သူက ပုံ တောင်း တောင်း မပေးရဘူး ။

No (10) ဗီဒီယိုခေါ် မပြောရဘူး ဒါပဲ ...... "

" အင်း .....
ဖေဖေ အဲ့တာဆို သမီးက ဖေ့စဘုတ် သုံးတာ ဘာလုပ်ရ မှာလဲ "

" သတင်း ဖတ်လေ "

" ဟင် .... "

" ဖေ့စဘုတ် သုံးတာက ဗဟုသုတ တိုးပွားဖို့လေ သမီးလေးရဲ့ "

မနက်ခင်းရောက်တော့ သမီးက တော်တော်နဲ့ မထလို့ သူ့အခန်းထဲ ဝင်ကြည့်တော့
လူ မရှိပဲ ကုတင်ပေါ်မှာ စာတစ်စောင် တွေ့တယ်လေ

သို့ ....  ချစ်ရသော ဖေဖေ
ဖေဖေ့ရဲ့ ဖေ့စဘုတ် စည်းကမ်းကို မလိုက်နာနိုင်လို့ သမီး ရည်းစားနဲ့ လိုက်သွားပါပြီ ....
သမီး ဖေ့စဘုတ်လဲ မသုံးတော့ပါဘူး

ဖေဖေ့ သမီး ဝိုက်ဘာ

ဟိုက်စကိုက် .....
သမီးလေး တယောက်ရှိပါတယ်
ဖေ့စဘုတ် မသုံးရတာနဲ့ လင်နောက် လိုက်သွားလေရဲ့ဗျာ
ကဲ စာဖတ်သူ တို့ကော ငအွပ်တ်ရဲ့ စည်းကမ်းကို လိုက်နာနိုင်ပါ သလား ....

အွပ်တ်

No comments

Powered by Blogger.