Header Ads

အချစ်နဲ့ဘဝကို အောင်မြင်အောင် တည်ဆောက်ပါ


ကောင်လေးတွေရဲ့ အားနည်းချက်က ကိုယ်ချစ်သူက တခြား ကောင်လေးတွေ ကောင်းကြောင်း ၊ တော်ကြောင်း လာပြောတာကို မကြိုက်ဆုံးပဲ ။

အဆိုတော် သရုပ်ဆောင် မင်းသားတွေကို အားပေးတာ လက်ခံပေမယ့် ဘယ်ကောင်လေး ကဖြင့် ဘယ်ကောင်မလေးကို ဘာတွေ ဘယ်လိုတွေ ဝယ်ပေးတာ ၊ ဘယ်လို ထားတာ အားကျလိုက်တာလို့ ကိုယ့်ချစ်သူက လာပြောတာကို ဘယ်ကောင်လေးမှ မကြိုက်ပါဘူး ။

ကိုယ့်ချစ်သူကို သူများတွေလို လုပ်ပေးနိုင်ချင်မှ လုပ်ပေးနိုင် ပါလိမ့်မယ် ။ ဒါပေမယ့် ကိုယ်ချစ်သူအပေါ် ချစ်တဲ့ အချစ် ကတော့ ဘယ်သူ့ထက်မှ မလျှော့ပါဘူး ။

လူဆိုတာမျိုး ကလည်း သူ့အကျိုးပေးနဲ့ သူ ၊ ကိုယ့်အကျိုးပေးနဲ့ ကိုယ်လေ ။ နောက်ပြီးတော့ လုပ်တိုင်းလည်း ဖြစ်တာ မဟုတ်ဘူး ။ ဒါပေမယ့် မလုပ်ပဲနဲ့ လည်း နေလို့ မရပါဘူး ။ ကံ ဥာဏ် ဝီရိယ တို့ပေါင်းစုံ မိတဲ့ အခါ ကြရင် အရာ အားလုံး အဆင်ပြေသွား မှာပါ ။

လူ တယောက်နဲ့ တယောက်ဟာ ဘယ်အရာကိုမှ ယှဉ်လို့ မရပါဘူး ။ ကိုယ့်ရဲ့ အားနည်းချက်က သူ့ အားသာချက်လည်း ဖြစ်သွားနိုင် တာပဲ ။ သူ့ရဲ့ အားနည်းချက်က ကိုယ့်အားသာချက်လည်း ဖြစ်နိုင်တာပဲ ။

ကိုယ့်ရဲ့ လက်မှာတောင် အတိုအရှည် ရှိတာပဲ ။ အဓိက ကတော့ ကိုယ် ရတဲ့ ဘဝကို ကိုယ်ကျေနပ်ဖို့ ပါပဲ ။ ဒါ အရေးအကြီးဆုံးပဲ ။

နောက်ပြီးတော့ မိန်းခလေးတွေ အနေနဲ့လည်း ကိုယ့်ချစ်သူ ကောင်လေးကို ဘယ်မိန်းခလေးနဲ့မှ မစွပ်စွဲမိပါစေနဲ့ ။ လက်ဆုပ် လက်ကိုင် ပြနိုင်အောင်တော့ ကြိုးစားလို့ ရပါတယ် ။ ကိုယ်မယုံကြည်တဲ့ သူနဲ့ ဆက်ပြီးတော့ လက်မတွဲပါနဲ့ ။

ကိုယ့် ချစ်သူကို ကိုယ့်ရဲ့ သဝန်တိုမှုကြောင့် ဝန် မပိ ပါစေနဲ့ ။ အချစ်ကြောင့် စစ်မဖြစ် ပါစေနဲ့ ။ အချစ်ကြောင့် ငြိမ်းချမ်းရေးသာ ဖြစ်ပါစေ ။

ဒီထဲက စာဖတ်သူတွေ အားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြ ပါစေ အချိန်ရရင် မိတ်ဆွေတို့ရဲ့ အမြင်လေးတွေလည်း မျှဝေသွားကြပါဦး နော် ။

Credit

No comments

Powered by Blogger.