ချစ်သူက ရုပ်ရှင်ရုံထဲ အီးပေါက်သောအခါ
" ဘူ ... ပု ... ပွတ် ... "
" ... ဟင် "
အသံ ကြားလို့ ကျနော် လှည့်ကြည့် လိုက်တော့ ရုပ်ရှင်ရုံရဲ့ မီးရောင် ပြပြလေးအောက်မှာ ငတိမ ရဲ့ မျက်နှာလေးက နီရဲနေတယ် ...
ဒါဆိုရင်တော့ သေချာပါတယ် ... ဒါ ဒင်း လက်ချက် ... ဟုတ်တယ်လေ ... ရုပ်ရှင်ရုံထဲ ထိုင်နေတာမှ ကျုပ်တို့ နှယောက်ထဲ ... ကျုပ်ဖင်က မထွက်တာတော့ လုံးဝ သေချာတယ် ....
ဒါပေမဲ့လည်း ချစ်သူ ဖြစ်ကာစ ဆိုတော့
သူလေး ရှက်သွားမှာ စိုးလို့ ဆိုပြီး မရှိ ရှိတဲ့ သတ္တဝါကို ရိုးချပေး ရတယ်
" ကတောက် ... မအေဘေး ကြွက်မသား လူကြားထဲ လာပြီး အီး လာပေါက် နေတယ် "
" ဟုတ်ပါ့ မောင်ရေ ... အဲဒါကြောင့်လည်း ကြွက်ဖြစ်နေတာပေါ့ "
" ငင့် "
ဟုတ်ပ နဲ့တောင် လာတိုးနေသေး ...
ဒင်း ဖင်သရမ်းတာ ကျုပ်က မသိဘူးများ မှတ်နေလား မသိဘူး .....
အလိုက်ကန်းဇိုး မသိ ဝင် ထောက်ခံ နေသေးတယ် ....
အဲ့ဒါက အရေး မကြီးဘူး.. ရုတ်တရက် ကျုပ်နှာခေါင်းထဲကို စူးစူး ဝါးဝါး အနံ့ကြီး ထိုးဝင်လာတယ်
" မောင် "
" ပြောလေ ချစ် "
" ဟို ကြွက်မသားက ဒညင်းသီးတွေ စားထားလား မသိဘူးနော် "
" ငှယ် "
တော်တော် မျက်နှာပြောင် တိုက်တဲ့ မိန်းမ .... ၃ လ လောက် ဝမ်းချုပ် ခံပီး ဒညင်းသီး ဆားရည်စိမ်တွေ စားလာပုံ ရတယ် ....
ကျုပ်မှာလည်း မနည်း အသက် အောင့်ပြီး မရှိတဲ့ ကြွက်မသားကို ဆဲရ ပြန်တယ် ..
" ငိုးမ ကြွက်
အဲ့လောက်တောင် နံရလား မိလို့ကတော့ ဖင်ကို နုတ်နုတ် စင်းပစ်မယ် "
" ရှင့် "
ငတိမ တော်တော် လန့်သွားပုံ ရတယ်
လန့်လည်း မတတ်နိုင်ဘူး အဲဒါမှလည်း ဒင်း နောက်တခါ မပေါက်ရဲမှာလေ
ပြောမဲ့သာ ပြောရတယ် ကျုပ်မှာ ၅ မိနစ် လောက် အီးဒဏ် သင့်ပြီး မူးမေ့ချင် သလို ဖြစ်သွားတယ် ...
ဒီလိုမှန်းသိရင် ရှူဆေးဘူးလေး ဆောင်လာ ပါတယ် ....
အဲဒီလိုနဲ့ ဇာတ်လမ်း တဝက်နား ရောက်တော့ ငတိမက ကျုပ် နားကပ်ပြီး တိုးတိုးလေး ထပ်လာပြောတယ်
" မောင် "
" ပြောလေ ချစ် "
" ဟို ကြွက်မသား အီး ထပ်ပေါက်တော့မယ် ထင်တယ် "
သောက်ကျိုးနည်း အဲလောက်ဆို ကျုပ်က သိလိုက်ပြီ ...
ငတိမရဲ့ ဖင်က ထပ်ဆော် တော့မယ် ...
နှစ်ခါတော့ မရဘူး ခေတ္တ ရှောင်နေမှ ဖြစ်မယ် ဆိုပြီး ထပြေးမယ် လုပ်တော့
" မောင် ... ဘယ်လဲ "
" ရှူဆေးလေး ပြေးဝယ် မလို့ "
" ချစ်လည်း လိုက်မယ် "
" ဟင့်အင်း ... လိုက်နဲ့ "
" ရဘူး လိုက်မှာပဲ "
" လိုက်နဲ့ဆို "
" ရဘူး ... လိုက်မယ် "
" ဘူ ..... ပူ ...... အူ ..... "
" ဟာ .... "
ဒီတခါတော့ ဒင်း ငြင်းလို့ကို မရတော့ဘူး ... အသံက ကျယ်တဲ့ အပြင် အီးကြောကလည်း တော်တော်ရှည်တယ်လေ.. ဒါကိုတောင် ငတိမက ငြင်းဖို့ ကြံသေးတယ်
" ဟို ကြွက်မသား "
" ဘာ ကြွက်မသားလဲ ....
ချစ်ရဲ့ အောက်နားက အသံ ထွက်သွားတာကို မောင့်နားနဲ့ ဆတ်ဆတ်ကို ကြားခဲ့ရတာပါကွာ "
ဆိုတော့မှ ငတိမ ရှက်ပြီး ခေါင်းငုံ့သွားတယ်.... အဲလိုကျတော့လည်း ကျုပ်က သနားမိပြန်ရော....
သနားလည်း မတတ်နိုင်ဘူးလေ အနံ့ကလည်း ရနေပြီ ဆိုတော့ ရှူဆေး ဘူးလေး ပြေးဝယ်မယ် ဆိုပြီး ထထွက်တော့ ငတိမက ကျုပ်လက်ကို လှမ်းဆွဲပြီး ....
" မောင် "
" ပြောပါ ချစ် "
" မောင်သာ တကယ် ချစ်တယ် ဆိုရင် ဒီအနံ့ကို မောင် ခံနိုင်ရမယ် မဟုတ်လား "
" ငင် .... "
" မောင်ပဲ ချစ်တယ်ဆို .... ရှူလေ "
" ဟယ် "
" မရှူရဲရင် မောင် မချစ်လို့ပဲ "
" မြတ်စွာဘုရား "
မတတ်နိုင်ဘူး ကျုပ်တော့ ရှူမှ ဖြစ်တော့မယ်.. ရှိတာမှ ဒီရည်းစား တယောက်ထဲ ဆိုတော့ ငတိမကို သက်သေပြတဲ့ အနေနဲ့ သူ့ရှေ့မှာတင် မျက်လုံးကို စုံမှိတ်လိုက်တယ်..
ပြီးတာနဲ့ တပြိုင်နက်ထဲ ခေါင်းကိုမော့ ရင်ကိုကော့ လိုက်ပြီး တလောကလုံးက လေတွေကို နှာခေါင်းထဲ ရှူသွင်းလိုက်တယ် ..
" ရှူး ...... ရှူး .... "
ပြီးတော့ ငတိမက မေးသေးတယ်
" မွှေး လားဟင် "
" ဝုတ် ... အဲလေ ဟုတ် "
" အို ... ချစ်လိုက်တာ မောင်ရယ် "
" ငှယ် " မမွှေးဘူး ပြောလို့လည်း မရဘူးလေ တော်ကြာ မကျေနပ်လို့ ထပ်ရှူခိုင်း နေမှ သောက်ဂွ
နောက်ဆုံးတော့ ရုပ်ရှင်သာ ပြီးသွားတယ် ဘာမှန်းတောင် မသိလိုက် ပါဘူး .... ငတိမကလည်း ကျုပ်ခွင့်လွှတ်မှန်း သိသွားတော့ တဘူဘူနဲ့ လွှတ်ဆော်တာဗျာ ....
ရုပ်ရှင်ပြီးလို့ အိမ်ပြန်တော့လည်း အိမ်ရောက်တဲ့ထိ အနံ့က ကပ်ပါလာသေးတယ်... ညအိပ်တော့လည်း လန့်ပြီး ထယောင်တယ် ... နောက်ရက်ကျ ဖျားပါလေရော ....
အဲဒီ အချိန်က စလို့ ကျုပ်မှာ ဘယ်သွားသွား အိတ်ကပ်ထဲ ရှူဆေး သုံးဗူးလောက်တော့ အသာလေး ပါတယ် အခုတော့လည်း နေသား ကျသွားပါပြီ
ခင်များတို့လည်း သေသေချာချာ မှတ်ထားကြ ... အချစ်မှာ အနံ့ မရှိဘူးတဲ့..
ကိုယ်သာ တကယ်ချစ်ရင် ချစ်သူ ပေါက်တဲ့ အီးလည်း မွှေးနိုင်ရမယ်.. မှတ်နော် မှတ် ကျုပ်ပြောနေကြ စကားလိုပဲ ....
... အံ့သြဘ ...
Seing Thaung

Post a Comment