အရာရာ အသစ်က ပြန်စလို့ ရရင်ပေါ့
ချစ်သူ အသစ် ထားချင်တယ် .....
နာကျင်စရာတွေ ၊ ဒဏ်ရာတွေနဲ့ ပူပင်သောက တွေကိုသာ ပေးခဲ့သူကို မေ့ပစ်လို့ ရမယ် ဆိုရင်ပေါ့ .....
သူငယ်ချင်း အသစ်လေး တွေနဲ့ ခင်မင် ပျော်ရွှင်ခွင့် ရချင်တယ် .....
ကိုယ့်ရဲ့ စေတနာ တွေကို ဝေဒနာ ထင်နေသူတွေကို မေ့ဖျောက်ပစ်နိုင် ဖို့ပါ .....
ရင်ဘတ်ထဲမှာ မေတ္တာတရား နဲ့ သံယောဇဉ် နည်းပါးပြီး မျက်ရည်တွေ ကင်းစင်တဲ့သူ ဖြစ်ချင်တယ် .....
သံယောဇဉ်တွေ မေတ္တာတရားတွေကြောင့် ကုန်ဆုံး သွားခဲ့တဲ့ မျက်ရည်တွေကို နှမြော လွန်း လို့ပါ .....
ရင်ခုန်မှုတွေနဲ့ စိတ်လှုပ်ရှားစရာ အရမ်း ကောင်းတဲ့ နေရာသစ်လေး တခုမှာ ပျော်ရွှင် ချင်တယ် .....
နေရာဟောင်းက ဝမ်းနည်း နာကျဉ်း စရာ အဖြစ်ဆိုး တွေကို မေ့ပစ်လိုက်ချင် လို့ပါ .....
ကိုယ့် ဘဝရဲ့ အကောင်းဆုံး အနာဂတ်လမ်းကို ဘယ်သူ့ အတွက်မှ ငဲ့မကြည့်ဘဲ ဆက်လျှောက်ချင် မိတယ် .....
ဖြစ်ခဲ့ပြီးတဲ့ အတိတ်ဆိုးတွေကို မေ့ပစ်လိုက်ချင် လို့ပါ .....
အရိပ်မင်း

Post a Comment