ကောက်စိန်တွေကို ဒီနည်းလမ်းလေးတွေနဲ့ ချော့ပါ..
💓💑
အရမ်းကို စိတ်ကောက်တတ်တဲ့ ချစ်သူ လက်ဝယ် ရှိနေရပြီလား ။ ချစ်သူက နေ့မအား ညမအား အမြဲတမ်း စိတ်ကောက်နေလို့ အိပ်ရေးတွေ ပျက်ပြီး စိတ်တွေ ညစ်နေရပြီလား...
လုံးဝ မပူပါနဲ့။ ဒါတွေ အားလုံးအတွက် အိုကေပြီး စိုပြည်စေမယ့် ဆေးစွမ်းကောင်း ချော့နည်းလေးတွေကို ခုပဲ ဖော်ပြပေးလိုက်ပါပြီ ။ (နည်းလမ်းပေါင်း တစ်ထောင်လောက် ဖော်ပြလိုက်ရင် စိတ်ကောက်စရာ မရှိပဲ ပျင်းနေမှာစိုးလို့ အကုန်တော့ မရေးတော့ဘူးနော် )
❎ ဒရမ်မာ ခင်းပါ
ကိုယ့်ချစ်သူက ကိုယ့်အပေါ် အမြင်မကြည်လင်ပဲ ကောက်တော်မူမယ့် လက္ခဏာလေးများ တစ်စွန်းတစ်စ မြင်မိတဲ့အခါ ဒီရက်ပိုင်းတွေမှာ ကိုယ်ဘယ်လို အဆင်မပြေမှုတွေ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း ၊ ချစ်သူ ရှိနေလို့သာ ဒီအကျပ်အတည်း တွေကနေ ကျော်ဖြတ်နိုင်တဲ့ စိတ်ခွန်အား ရရှိနေတာ ဖြစ်ကြောင်း အစချီတဲ့ နိုင်ငံတော် ဒရမ်မာကားတွေ ဆက်တိုက် ရိုက်ပါ။ ဒါဆိုရင် သင့်ချစ်သူက ပြသနာ သေးသေးဖွဲဖွဲ လောက်တော့ အားနာပြီး လျှော်ပေးမှာ သေချာပါတယ်နော်။
❎ တောင်းပန်ပါ
သင်အမှား တစ်စုံတစ်ရာ လုပ်မိပြီး သင့်ချစ်သူက စိတ်ဆိုးသွားတဲ့အခါ ထပ်ခါတစ်လဲလဲ တောင်းပန်ပါ၊ တောင်းပန်ပြီးရင်း တောင်းပန်ပါ။ အကြောင်းပြချက်တွေ၊ အကျိုးအကြောင်းတွေကို ဒီအချိန်တွေမှာ သွားမပြောပါနဲ့။ မှားသွားပါတယ်ကွာ ဆိုတဲ့ စကားကိုပဲ သနားစရာ အသံလေးနဲ့ ထပ်ခါထပ်ခါ ပြောပါ။
အဲ့ဒီအချိန်မှာ နောက်မလုပ်တော့ပါဘူး ဆိုတဲ့ စကားကို သွားမပြောမိစေနဲ့ အုံးနော် ၊ “ ဒီလိုပဲ ပြောပြောပြီး ဘယ်နှစ်ခါရှိပြီလဲ ” ဆိုပြီး အရင်က အပြစ်တွေပါ ထပ်ဖော်ကာ အကောက်ခံရကိန်း ရှိပါတယ်။
❎ အကြင်နာ နည်းလမ်းတွေ ပညာကုန် သုံးပါ
သူဘယ်လောက်ပဲ စိတ်တွေ ကောက်ပြီး သင့်ကို တွန်းလွှတ် ရုန်းကန်နေပါစေ ၊ သူ့ကို သွားခွင့် မပြုပါနဲ့ ။ ဒီအချိန်မှာသာ သင်သူ့ကို သွားခွင့်ပြုလိုက်ရင် ဒီ့ထက် ၁၀ဆ ပိုကြာတဲ့အချိန် အတိုင်းအတာ အထိပါ လိုက်ချော့နေရမှာပါ။ ဒါကြောင့် ဖြစ်နိုင်ရင် ပညာကုန် သုံးပြီး တစ်ခါတည်း အပြီးသာချော့ပါ။
❎ လျှပ်တပြတ် အကြံဥာဏ်တွေကို အသုံးချပါ
သင့် ချစ်သူက မတော်တဆ စိတ်ကောက်တော့မယ့် အရိပ်အယောင်မျိုး ပြလာခဲ့တဲ့အခါ သူ လိုချင်တယ်လို့ ပြောဖူးတဲ့အရာတွေ ၊ သူစားချင်တယ်လို့ ပြောဖူးတဲ့အရာတွေ ၊ ဒါမှမဟုတ် ချစ်သူဖြစ်စက အမှတ်တရလေးတွေ ကတိစကားတွေကို လျှပ်တပြတ် အမြန် စဉ်းစားပြီး လိုအပ်သလို အသုံးချပါ။
❎ သင့်ကျန်းမာရေးကို အကြောင်းပြပါ
ချစ်သူက စိတ်ဆိုး စိတ်ကောက်ပြီး ကိုယ့်ကို မခေါ်မပြော လုပ်တဲ့အခါ နေထိုင်မကောင်း ဖြစ်ဟန်ဆောင်ပါ။ လိုအပ်ရင် လိုအပ်သလောက် ရောဂါအခြေအနေကို အတိုးအလျော့ ပြုလုပ်ပါ။ ဒါဆိုရင် သူစိတ်ပူပြီး သင့်ကို စိတ်ကောက် အမြန်ပြေမှာပါ ။ ဒါပေမယ့် ဟန်ဆောင်တယ် ဆိုတာ ပြန်တော့ မသိစေနဲ့ပေါ့နော်။ တော်ကြာ ကောက်စရာ တစ်ခု ပြန်တိုးသွားအုံးမယ် ။
စိတ်ကောက်တတ်တဲ့ ချစ်သူကြောင့် ညစ်နေရတဲ့ ကိုယ့်ဘော်ဒါတွေ အတွက်လည်း ဒီစာလေးကို share ပေးလိုက်အုံးနော် ။ 💓
credit upup
Post a Comment