ကိုယ့်ချစ်သူကို အပြစ်မမြင်ပါနဲ့
ချစ်သူက ခဏ ခဏ စိတ်ကောက် လွန်းလို့ မညည်းညူ ပါနဲ့ ။
ချစ်သူ ကိုယ့်ကို စိတ်မကောက် တော့ပဲ ဖာသိ ဖာသာ နေမှသာ ညည်းညူ ရမှာ ။
ချစ်သူ လွှတ်ထားတော့ မှသာ ကိုယ့်ကိုယ်ကို သေချင်စော် နံရမှာ ။
ချစ်သူက ခဏ ခဏ ရစ်လို့လည်း စိတ်မညစ်ပါနဲ့ ။
ချစ်သူ ကိုယ့်အပေါ် မရစ်တော့ပဲ အနေအေးသွား မှသာ စိတ်ညစ်ရ မှာ ။
ချစ်သူက ဆုံးမ လွန်းလို့ ဝမ်းမနည်း ပါနဲ့ ။
ချစ်သူ ကိုယ့်ကို ဘာလုပ်လုပ် မပြောတော့မှသာ ဝမ်းနည်း ရမှာ ။
သူ့အတ္တထက် ကိုယ့်ကို ပိုချစ်တဲ့ အခါ တချို့ အရာတွေမှာ ကိုယ့်ကို တင်းကျပ် သလို ဖြစ်တတ် ပါတယ် ။
သူ့ဘဝထက် ကိုယ့်ကို အလေးထားတဲ့ အခါ တချို့ ကိစ္စတွေမှာ ကိုယ့်ကို ဖိနင်းသလို ဖြစ်တတ် ပါတယ် ။
ပျက်ချင်ဇော များလို့ ခဲဖျက်ကို အားသုံးမိတော့ ခဲသား မပျက်ပဲ စာရွက်ကလေးပဲ ပြဲသွား သလိုပေါ့ ။
သွေးဆူ လွယ်ပြီး ပြဿနာ ဖြစ်မယ့် အစား ဥာဏ်ကို လွှာပြီး နားလည်မှု ယူပါ ။
သူ့ဘက်က အလေး များရင် ကိုယ်ကလျော့ သူ့ဘက်က အလေးလျော့ရင် ကိုယ်က များပေး ။
ချိန်ခွင်ကလေး ဘက်ညီဖို့ ဆိုတာ ဟိုဘက် ဒီဘက် အလေးချိန် မျှနေမှ မဟုတ်ပါလား ..... ။
အလင်းဖြိုး
Post a Comment