နှုတ်ခမ်း တ၀ိုက်မှာ မှဲ့ ရှိရင်
အများကို စကားတွေနဲ့ ငိုအောင် ပြောနိုင် ရယ်အောင် ပြောနိုင်ပီး အပြောလေး ချိုချိုနဲ့ ဖမ်းစား ညှို့ယူတတ်သူ ဖြစ်ပါတယ် ။ ခပ်စွာစွာ နဲ့ အချေကြီးပဲ တလိုင်းနေတတ် ပါတယ် ။
နေရာ တကာ သူမပါရင် မပြီးသလို ပွဲမစည် တာကြောင့် အများ အတွက်နဲ့ ကိုယ်က ဓားစာခံ ဖြစ်ရတတ် ပါတယ် ။
မိသားစုကို ဦးဆောင်နိုင်သူ ဖြစ်ပီး ပတ်ဝန်းကျင် ကိုတော့ ဂရုမစိုက်ပဲ ဂျစ်ကန်ကန် နေတတ်သူ ဖြစ်ပါတယ်။
ခံစားချက်တွေ ပြင်းထန်လာတဲ့ အခါ ဘယ်သူ့ကိုမှ ရင်ဖွင့် မပြတတ်ပဲ တယောက်ထဲ ကြိတ်မှိတ်ပီး ခံစားလေ့ ရှိပါတယ် ။
အရမ်း အစွဲအလမ်း ကြီးတတ်တယ် ။ ဇွတ်တရွတ် လုပ်တတ်တယ်။ ထက်မြက် လှတဲ့ လူတယောက်ဖြစ်တာကြောင့် တော်ရုံလူ တချို့က သူ့ကိုမြင်လိုက်တာနဲ့ အနားမကပ်ရဲပဲ ရှိန်းဖိန်းပြီး တွန့်ဆုတ် သွားတတ်ပါတယ် ။
သူတို့တွေဟာ အချစ်နဲ့ တွေ့ချိန် မှာတော့ စိတ်ဆိုးချင်တိုင်း ဆိုး ၊ ပူစာချင်တာတွေ ပူစာခွင့် ရမဲ့သူ တယောက်ကို ပိုင်ဆိုင် ရတတ် ပါတယ် ။ ကိုယ်လုံးကိုဖန် လှပတင့်တယ်ပြီး မျက်ဝန်းအလွန်လှ ပြီး မျက်လုံး၊ မျက်ခုံးကောင်း နဖူးပြင်ကျယ်ပြန့်ကာ အေးချမ်းချိုသာစွာ ပြောဆိုတတ် သူနှင့် ဖူးစာ ဆုံရတတ် ပါတယ်။
မီးဖိုချောင် ကိစ္စမှာတော့ အလွန် အပျင်းထူသူ ဖြစ်ပီး စီးပွားရေး မှာတော့ စေ့စပ် သေချာတဲ့ လုပ်ငန်းရှင် တဦးလို တိကျ ပြတ်သား လှပါတယ် ။
သူတို့ကို မတူမတန် သလို သွားမချေမိ စေနဲ့ ။ တသက်လုံး မှတ်မိနေပီး ဘယ်တော့မှ လှည့်မကြည့် ချင်လောက်အောင် နာကျည်း မုန်းတီးတတ် ပါတယ် ။
ကဲ... မှန်တယ် ဆိုရင် Share လိုက်ပါဦး ။
Credit
Post a Comment