အိမ်ကဟာမကြီးနဲ့ ကွာပါ့ကွာ
အပြင်မှာ တွေ့တဲ့ ကောင်မလေး လှလှလေးတွေကို ကြည့်ပြီး အိမ်က ဟာမကြီးနဲ့ ကွာပါ့ လို့ ထင်မိတဲ့ အခါ သတိရပါ ။
အဲ့ဒီလိုမျိုး အသားအရေလေး လှပ စိုပြေနေဖို့က အလကား နေရင်းတော့ မရပါဘူး ။ခြေမွှေး လက်မွှေး မီးမလောင်အောင် နေရ ပါတယ် ။ အသားအရေ နေပူ မထိအောင် ထားရ ပါတယ် ။ တကိုယ်လုံး အသား အရေ ကြည်လင် နုအိနေအောင် အမျိုးစား ကောင်းတဲ့ Body lotion တွေ လိမ်းရ ပါတယ် ။
မျက်နှာ အသားအရေကို Toner ESSENCE နို့ရည် တွေ Day Creams တွေ Night Creams တွေ နေပူခံ တွေ ဘာညာညာ လိမ်း ထိန်းသိမ်းရပါ သေးတယ် ။ ဒါတွေကို လိမ်းဖို့ နေ့နေ့ ညည အချိန်ပေးရပါ သေးတယ် ။
အဲ့ဒီလိုမျိုး အလှကုန် ပစ္စည်းတွေဟာ အမျိုးအစား ကောင်းရင် ကောင်းသလို တမျိုး တဗူး သိန်းကျော် ပေးရပါတယ် ။ ပြီးတော့လည်း တဗူးဟာ ချွေတာ သုံးရင်တောင် ၃ လ လောက်ပဲ အသုံးခံပါတယ် ။
ဒီလိုမျိုး ခေတ်နဲ့ အညီ လှပချောမွေ့ ချစ်ချင်စရာ ကောင်းလှတဲ့ ကောင်မလေး တယောက် အလှပြင်ဆိုင် တခါသွားရင် Shopping တခါထွက်ရင် ဘယ်လောက် ကုန်ကျသလဲ ဆိုတာကိုရော အရင် လေ့လာကြည့် လိုက်ပါ ။
ကိုယ့်ဝင်ငွေ နဲ့ ဖျားချင်ချင်တောင် ဖြစ်သွားပါ လိမ့်မယ် ။
( ဒီလိုမျိုး ပြောလိုက်လို အထင်သေးတယ် လို့တော့ မထင်လိုက်ပါနဲ့ ။ ဘာမှ အလကား မရဘူး ဆိုတာကို သိအောင် ရှင်းပြ ပေးတာပါ )
အိမ်ထောင်ရှင်မ အများစုဟာ အလှပြင်ပစ္စည်း တဗူး သိန်းကျော်တန် မပြောပါနဲ့ ။ တဗူး သောင်းကျော်တန် ဝယ်သုံးဖို့တောင် နေ့ဖို့ ညစာ ချန်ထားရ ဦးမှာ နဲ့ ငွေလိုအပ်ချိန် သုံးစရာ ရှိအောင် စုဆောင်းထားရဦးမှာနဲ့ ယောက်ျား ဝင်ငွေနဲ့ တွက်ချက် ပြီး ဝယ် မသုံးရက်သူတွေက များပါတယ် ။
ဝယ်နိုင်ရင်တောင်မှ ကိုယ့်ဟာ အလှအပနဲ့ ဝင်ငွေ ရှာနေသူ မဟုတ်လို့ မသုံးဖြုန်းရက်သူ တွေပဲ များပါတယ် ။
ဒီလို အပူအပင် ကင်းမဲ့ပြီး လှပ နုအိနေတဲ့ မိန်းခလေး တယောက်ကို မြင်တဲ့ အခါ အိမ်က မိန်းမနဲ့ ယှဉ် စိတ်ကုန်နေမယ့် အစား ဒီလိုမျိုး လိုလေသေး မရှိအောင် ထားမပေးနိုင်သေးတာကိုပဲ အားနာစိတ် မွေး ဂရုဏာထားပြီး ပိုချစ်ပေး လိုက်ပါ ။
မိန်းခလေး တယောက် အနေနဲ့ ရုပ်ရည် လှ မလှ ဆိုတာ မွေးရာပါမို့ မတတ်နိုင် ပါဘူး ။
ကိုယ်တတ်နိုင်တာ လေးနဲ့ ကြည့်ပျော် ရှုပျော်ရှိအောင် ကျက်သရေ ရှိရှိ လှပ သပ်ရပ် သန့်ရှင်းနေ ဖို့ဟာ ကိုယ့် တာဝန်ပဲ ဖြစ်ပါတယ် ။
Ma pui (ဇလပ်မြေ)
Post a Comment